CCTV မှတ်တမ်းများအရ အောင်ကြီး တရားခံ မဖြစ်နိုင်ဟု လူအများယူဆလာကြ
အောင်ကြီးဟာ ကျောင်းဝင်ပေါက်ကို ကျောပေးထိုင်နေတာမဟုတ်ဘဲ မျက်နှာချင်းဆိုင်ထိုင်နေတာဖြစ်ပြီး အခန်းဖွဲံ့စည်းပုံ အရဆို သမီး V တို့ရှိတဲ့အခန်းကို ကျောပေးထားတာပါ ပြီးတော့ ၃ နာရီကနေ ၃ နာရီ၄၀ အောင်ကြီးပြန်ထွက် မသွားခင် အထိ WH ကျောင်းမှာ လူအဝင်အထွက်မပြတ်ခဲ့ပါဘူး။
အထဲကနေ အမျိုးသမီး ၂ဦး ၂ ကြိမ် ထွက်လာသလို အပြင်ကနေ ကျောင်းကြိုကားချည်းပဲ ၂စီး မောင်းလာပြီး အောင်ကြီး ရှေ့ရပ် ကလေးတွေကြိုတာ ဒီဖိုင်ထဲမှာအကုန်ပါပါတယ်။ ဆိုတော့ ကိုအောင်ကြီး စိတ်တော်တော်ထန်နေရင်တောင် လူရှေ့သူရှေ့ SPERM ထွက်တဲ့အထိအပြင် သမီးလေးကိုခေါ်ပြီး မဟုတ်တာလုပ်ဖို့ ဘယ်လိုမှစဉ်းစားမရနိုင်ပါဘူး။
ဒုရဲချုပ်အပြောကျတော့ အောင်ကြီးက သူ့ဘာသာကားပေါ်တက်ပြီးမောင်းထွက်သွားတာတဲ့ မမောင်းခင် လက်ကို နမ်းတာပါသေး အောင်ကြီးဟာ လက်၂ဖက်ကိုသေချာနမ်းရှုံ့တာလား ကွမ်းထွေးပြီးသားပါးစပ်ကို ဟိုသပ်ဒီသပ်လုပ်နေတာ များလား။
ဒီ CCTV အရတော့ အောင်ကြီးဟာ ၃ နာရီကနေ ၃ နာရီ ၄၀ ဝန်းကျင်ထိ ဆိုဖာမှာ အချိန်တော်တော်များများ ထိုင်နေ ခဲ့တာပါပဲ။ Cctv အနေအထားအရတော့ ကျောင်းပရဝုဏ်ထဲက ကင်မရာဖြစ်ဖို့အရမ်းများပါတယ် ဒါဆို နဂိုတည်းက ရှိရက်နဲ့ထုတ်မပေးခဲ့တာများလား။ တရားခံက ဘယ်သူလဲ?
Credit \\ original




