ဗစ်တိုးရီးယားအမှု အမှန်တရားဖြစ်စေရန် ရဲရဲကြီးအာမခံ ပြည်သူများ လာရောက်နားထောင်နိုင်ဟု တရားရုံးဘက်ကပြော
နေပြည်တော် ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်ရောက်နေသည့် မိန်းက လေးငယ် မဖွယ်မရာပြုကျင့်ခံရ သည့်အမှုကို အများပြည်သူရှေ့ မှောက်တွင် စစ်ဆေးမည်ဖြစ်ပြီး အမှန်တရားဖြစ်စေရန် ရဲရဲကြီး အာမခံသည်ဟု ဒက္ခိဏခရိုင် တ ရားရုံးမှ ဒုတိယခရိုင်တရားသူကြီး သတင်းမှန်ပြန်ကြားရေးအရာရှိ ဦးညိုဌေးက ပြောသည်။ အမှန်တရားအတွက် လုံးဝ အာမခံပါတယ်’’ဟု ၎င်းက ဆို သည်။ ယင်းအမှုတွင် တရားလိုပြ သက်သေ ၂၆ ဦး တင်ပြထားပြီး အဓိက သက်သေများဖြစ်သည့် Wisdom Hill ကျောင်းမှ ဆရာမ မနှင်းနု၊ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်တို့ ပါဝင်ကြောင်း တရားသူကြီးက ပြောသည်။ တရားခံဟုဆိုကာ ရဲတပ်ဖွဲ့ ကတရားစွဲတင်ထားသည့် အောင် ကြီး၏ ရှေ့နေ တင်ပြလာမှုအပေါ် မူတည်၍ လာမည့်ရုံးချိန်းတွင် ဥပဒေအရာရှိ၊ တရားစွဲအဖွဲ့ အစည်း၊ တရားခံရှေ့နေများနှင့် ညှိနှိုင်း၍ သက်သေများဖြင့် အမှုကိုအပြီး သတ်စစ်ဆေးမည့် စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း ကရှင်းပြသည်။ ဘယ်နှချိန်းနဲ့ ပြတ်မယ် ဆိုတာ သူတို့ရှေ့နေ အားလုံးလာ ပြီးတာနဲ့ ကျွန်တော်တို့က အများ ပြည်သူမြင်သာအောင် ပြီးပြတ် မယ့်ရက်ကို တစ်ခါတည်းကြေ ညာပေးပါမယ်’’ဟု ဦးညိုဌေးက ဆိုသည်။
ပထမရုံးချိန်းအဖြစ် ချိန်းဆို ထားသော ဇူလိုင် ၁၅ ရက်သည် တရားခံဖြစ်သူရှေ့နေငှားရမ်းရန် အခွင့်အရေးပေးထားခြင်းဖြစ်ပြီး တရားရုံးတွင် ရှေ့နေက အမှု လိုက်ပါခွင့်တင်ပြပြီးမှသာ အမှု စစ်ဆေးခြင်း စတင်နိုင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ရှင်းပြ သည်။ စွပ်စွဲခံရသူ တရားခံအောင် ကြီးကို ဇူလိုင် ၄ ရက်က ဒက္ခိဏ သီရိခရိုင်တရားရုံးတွင် မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် ရဲတပ်ဖွဲ့ကတရား စွဲတင်ပို့ထားခြင်းဖြစ်သည်။
စစ်ဆေးမည့် ဒက္ခိဏခရိုင် တရားရုံးသည် တရားခွင်ပေ ၄၀ × ၆၀ အကျယ်ဖြင့် တည်ဆောက် ထား၍ အများပြည်သူလာရောက် နားထောင်နိုင်သော်လည်း တရား စီရင်ရေးကို အနှာင့်အယှက်မဖြစ် စေရန် ဖုန်းဖြင့်ကင်မရာရိုက်ကူး ခြင်း၊ အသံဖမ်းခြင်းတို့ကို မပြု လုပ်ရန် တရားရုံးဘက်က မေတ္တာ ရပ်ခံသည်။ တရားရုံးရဲ့ ဆောင်ရွက် ချက်တွေ စိတ်ချမ်းချမ်းသာသာ မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် ရဲရဲကြီး ကတိပေးပါတယ်’’ ဟု ဦး ညိုဌေးကပြောပြီး မှန်မှန်ကန် ကန် တိတိကျကျဖြင့် ဥပဒေနှင့် အညီဆောင်ရွက်မည်ဖြစ်၍ အ ဖြေကို စောင့်ကြည့်ပေးရန် ၎င်းက တိုက်တွန်းသည်။ တစ်နိုင်ငံလုံးနှင့် နိုင်ငံအကြီး အကဲများကိုယ်တိုင် စိတ်ဝင်စား နေသည့် အမှုဖြစ်သော်လည်း ၎င်းတို့တွင် မည်သည့် ဖိအားဒဏ် မှမရှိဘဲ အမှန်တရားဆောင်ရွက် ပေးလိုသည့် စိတ်ဆန္ဒသာရှိ ကြောင်း ၎င်းက ပြောသည်။
တရားရုံးတွေအပေါ်မှာ ပြည်သူကနေပြီးတော့ နားလည် လက်ခံလာတဲ့၊ ယုံကြည်ကိုးစား လာမယ့်နေ့တစ်နေ့ မျှော်လင့် နေတာပါ’’ဟု ဦးညိုဌေးက ဆို သည်။ ဗစ်တိုးရီးယားအမှု အမှုမှန် ပေါ်ပေါက်ရေး၊ ယင်းဖြစ်စဉ်မျိုး နောက်ထပ်ဖြစ်ပွားမှုမရှိစေရေး နိုင်ငံအတွင်းရှိ မြို့အတော်များ များတွင် ဆန္ဒပြပွဲများပြုလုပ် တောင်းဆိုနေသည်။
ဗစ်တိုးရီးယားအမှုအတွက် ပြည်သူများက တစ်ပတ်အတွင်း ကျပ်သိန်းတစ်ရာကျော်လှူဒါန်း
ဗစ်တိုးရီးယားအမှု အထောက်အကူဖြစ်ရေးနှင့် ကလေး ငယ် ရေရှည်ဖွံ့ဖြိုးမှုအတွက် ရည် ရွယ်ဖွင့်လှစ်ထားသည့် ဧရာဝတီ ဘဏ် ငွေစာရင်း၌ တစ်ပတ်အတွင်း အလွှာအသီးသီးမှ ပြည်သူများလှူ ဒါန်းငွေ ကျပ်သိန်း ၁၆၀ ကျော် လက်ခံရရှိကြောင်း Victoria’s Finance Team က ယမန်နေ့တွင် ထုတ်ပြန်သည်။ ထုတ်ပြန်သော ဘဏ်စာ ရင်းရှင်းတမ်း၌ တစ်ပတ်အတွင်း လှူဒါန်းသူစုစုပေါင်း ၁၈၂ ဦးရှိပြီး ကျပ်တစ်ထောင်ကစ၍ အများ ဆုံး ကျပ်သုံးသိန်းအထိ အသီးသီး လှူဒါန်းထားကြကြောင်း တွေ့ရ သည်။
မဖွယ်မရာပြုကျင့်ခံရသည့် နေပြည်တော် Wisdom Hill မူကြိုကျောင်းသူ (၃)နှစ်အရွယ် မိန်းကလေးငယ်(ဗစ်တိုးရီးယား) အတွက် ရည်ရွယ်ကာ ဖွင့်လှစ် သည့် ငွေစာရင်းကို အဆိုတော် ကျားပေါက်၏ဇနီး၊ ကလေးကျန်း မာပညာဌာန ကထိက၊ ရတနာ ဆိုင်ပိုင်ရှင်အစရှိသူတို့က ဦး ဆောင်၍ ဧရာဝတီဘဏ်တွင် ဖွင့် လှစ်ထားသော ငွေစာရင်းမှတစ် ဆင့် အလှူငွေများ ကောက်ခံနေ ခြင်းဖြစ်သည်။ အလှူငွေများကို ဗစ်တိုးရီး ယား၏ မိဘနှစ်ပါး ငွေကြေးဆိုင် ရာ အခက်အခဲမဖြစ်စေရေး၊ အမှု ရင်ဆိုင်ရာတွင် အထောက်အကူ ဖြစ်ရေး၊ ကလေးငယ်ရေရှည်ဖွံ့ ဖြိုးရေးတို့အတွက် ရည်ရွယ် ကြောင်း Victoria’s Finance Team အဖွဲ့ဝင် ဒေါ်အေးအေးမျိုး ဆက်၏ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးထားသည်။ ဘဏ်စာအုပ်နှင့် ATMကတ် ကို ဗစ်တိုးရီးယားမိသားစုနှင့် အနီးကပ်ကူညီဆောင်ရွက်ပေး နေသူ ကိုသက္ကမိုးညိုထံတွင် ထား ရှိမည်ဖြစ်သော်လည်း ငွေထုတ် ယူနိုင်ရန် Finance Team မှ အနည်းဆုံးသုံးဦး၏ သဘောတူ ညီမှုရရန်လိုအပ်သကဲ့သို့ Mobile Banking ဖြင့် ထုတ်ယူမည်ဆို လျှင်လည်း အသုံးပြုသူအမည်နှင့် လျှို့ဝှက်နံပါတ်ကို Finance Team ထံမှသာရယူနိုင်ရန် စီစဉ် ထားသည်ဟု သတင်းထုတ်ပြန် ချက်တွင် ပါဝင်သည်။
ထို့အတူ ၀င်ငွေ၊ ထွက်ငွေ စာရင်းကို နေ့စဉ်ထုတ်ပြန်ပေးရန် စီစဉ်မည်ဖြစ်ပြီး သုံးစွဲမှုမှန်သမျှ ပြေစာ (သို့မဟုတ်) သုံးစွဲသည့်အ ကြောင်းအရာကို ရှင်းလင်းစွာ ဖော်ပြချက်နှင့်တကွ လက်မှတ် နှင့် ခံဝန်ချက်တို့ ရယူနိုင်မည့်စည်း မျဉ်းချမှတ်ထားသည်ဟုဒေါ်အေး အေးမျိုးဆက်က ကြေညာထား သည်။ ဗစ်တိုးရီးယားမိသားစုနှင့် နီးကပ်စွာကူညီဆောင်ရွက်ပေး နေသူ ကိုသက္ကမိုးညိုက ‘‘အများ ပြည်သူထည့်ထားတဲ့၊ ကူညီပံ့ပိုး တဲ့ငွေတွေကို တစ်ပြားမှ ထုတ်ယူ သုံးစွဲခြင်းမရှိသေးပါဘူး။ အနီး ကပ်လိုက်ပါဆောင်ရွက်သူများ ဟာလည်း ကိုယ့်စရိတ်နဲ့ကိုယ် ကူညီနေကြတာပါ။ သုံးစွဲရင် လည်း ပြည်သူတွေကို ပြောပြပြီးမှ သုံးမှာပါ’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထား သည်။
ဗစ်တိုးရီးယားအတွက် ပါ ဝင်လှူဒါန်းလိုသောသူများအနေ ဖြင့် WIN KO KO THEIN အမည် ဖြင့်ဖွင့်လှစ်ထားသည့် ဧရာဝတီ ဘဏ် ငွေစာရင်းအမှတ် 000120 1010128890 သို့ လှူဒါန်းနိုင် ကြောင်း Victoria’s Finance Team က ထုတ်ပြန်သည်။
Credit \\ original



