ချစ်သမီးလေးတွေနဲ့ ပျော်ပျော်ပါးပါးလည်ပတ်နေတဲ့ မေမေ နန္ဒာလှိုင်





လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိခဲ့တဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ လက်ရှိမှာ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းရယ် သမီးလေးတွေရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ကတော့ ပကာသနကင်းကင်းနဲ့ အမြဲလိုလို ရိုးရှင်းစွာ နေထိုင်တတ်သူတစ်ဦးမို့ ပရိသတ်တွေက ပိုပြီး အချစ်ပိုနေကြတာပါ။



ပျော်ရွှင်စရာ မိသားစုလေးကို ပိုင်ဆိုင်ထားရှိခဲ့တဲ့ နန္ဒာလှိုင်ကတော့ ခင်ပွန်းအပေါ်မှာလည်း မယားဝတ္တရားကို ကျေပွန်အောင် ဆောင်ရွက်ပေးနေတဲ့ အိမ်ရှင်မကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။ အပြန်အလှန်နားလည်မှုတွေနဲ့ မိသားစုဘဝလေးကို ပျော်ပျော်ကြီး ဖြတ်သန်းနေထိုင်နေကြတဲ့ သူတို့မောင်နှံနှစ်ဦးကတော့ သမီးလေး (၃) ယောက်အပေါ်မှာလည်း အရမ်းကိုတာဝန်ကျေလွန်းတဲ့ မိဘတွေပဲဖြစ်ပါတယ်။






နန္ဒာလှိုင်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ ချစ်သမီးလေးအတွက် ကိုယ်တိုင်အချိန်ပေးပြီ ပြုစုပျိုးထောင်ပေးတတ်ကြတဲ့ သူလေးတွေဖြစ်တာကြောင့် သမီးလေးတွေ ပျော်ရွှင်ပြီး စိတ်လွတ်လပ်မှုရရှိအောင် အတူတူလည်ပတ်သွားလာပေးကြတဲ့ သူလေးတွေပါ။ အေးချမ်းတဲ့ဘဝလေးကို ပိုင်ဆိုင်ရရှိထားခဲ့ရတဲ့ နန္ဒာလှိုင်တို့ မိသားစုရဲ့ အားကျစရာကောင်းတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။

နန္ဒာလှိုင်ရဲ့ သမီးလေး (၃)ယောက်ကလည်း ဖေဖေ မေမေတို့နဲ့ အတူလည်ခွင့်ရလို့ အရမ်းကို ပျော်နေကြတာပါနော်။ ကြည့်ရှုသူတိုင်းကို အချစ်ပိုသွားစေနိုင်ခဲ့တဲ့ နန္ဒာလှိုင်ရဲ့ ကြည်နူးစရာ မိသားစုပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးကြပါဦးနော်။

သမီးလေး (၃) ယောက်ကိုပိုင်ဆိုင်ထားတဲ့ မေမေ နန္ဒာလှိုင်ကတော့ ယနေ့အချိန်အထိ အရွယ်တင်နုပျိုမှုတွေနဲ့ တစ်နေ့တစ်ခြားကို ရင့်ကျက်တည်ငြိမ်လာခဲ့တာပါနော်။

ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေမလုပ်တော့တာ နှစ်ပေါင်းကြာနေပြီဆိုပေမယ့်လည်း သူမရဲ့အကြောင်းကို ပရိသတ်တွေက စိတ်ဝင်တစားနဲ့ ရှိနေကြဆဲပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို သမီးလေးတွေရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတဲ့ မေမေနန္ဒာလှိုင်ကတော့ သမီးလေးတွေကိုလည်း အရမ်းချစ်တာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ပကာသနကင်းလွန်းတဲ့ နန္ဒာလှိုင်တို့ မိသားစုလေးကို ချစ်တယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့နော်။

Credit  \\  original

Recent Updates

Recent Posts Widget