အြန္လိုင္းမွာ လူၾကည့္မ်ားေနတဲ့ ေက်ာင္းသူတစ္ဦးကို ဝိုင္းရိုက္ႏွက္ေနသည့္ မိန္းကေလးတစ္စု ဗြီဒီယိုဖိုင္





အြန္လိုင္းမွာ လူၾကည့္မ်ားေနတဲ့ ေက်ာင္းသူတစ္ဦးအား ဝိုင္းရိုက္ႏွက္ေနသည့္ မိန္းကေလးတစ္စု ဗြီဒီယိုဖိုင္

မ်က္လုံးခ်င္း အၾကည့္ဆုံသည္ကို မေက်နပ္၍ ေက်ာင္းသူတစ္ဦးအား ဝိုင္းရိုက္ႏွက္သည့္ မိန္းကေလးတစ္စုကို အမႈဖြင့္ထား




ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တန႔္ယန္းၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၈) ရက္ေန႔က အသက္ (၁၄)ႏွစ္ဝန္းက်င္ ေက်ာင္းသူတစ္ဦးကို မ်က္လုံးခ်င္းဆုံသည္ဟုဆိုကာ ဝိုင္းဝန္းရိုက္ႏွက္ကာ ဗီဒီယိုရိုက္ကူးၿပီး လူမႈကြန္ယက္စာမ်က္ႏွာတြင္ တင္ခဲ့သည့္ မိန္းကေလးတစ္စုအား အမႈဖြင့္တိုင္ၾကားထားေၾကာင္း သိရသည္။



“ဘာရန္ၿငိဳးမွမရွိထားဘူး။ ကၽြန္မတူမေလးက ေရၿခံ( စိုက္ခင္း )သြားတဲ့အခ်ိန္မွာ သူတို႔ ကို လမ္းမွာေတြ႕ေတာ့ မ်က္လုံးျခင္းဆုံေအာင္ၾကည့္မိလို႔ဆိုၿပီး ဖုန္းဆက္ေခၚတာ။ အခုေခၚေနတုန္းလာခဲ့မယ္ဆိုရင္ နင့္ကိုဘာမွမလုပ္ဘူး။ မလာခဲ့ရင္ ေနာက္ေန႔ေတြ႕တဲ့ေနရာမွာ ဝိုင္းရိုက္မယ္လို႔ ေခၚတဲ့အတြက္ သူကအဝတ္ေလၽွာ္ေနရင္း သူတို႔ခ်ိန္းတဲ့ေနရာကိုသြားလိုက္တာ။


အဲဒီမွာဝိုင္းရိုက္ၿပီး အကၤ်ီေတြဝိုင္းခၽြတ္ ဖိနပ္ေတြနဲ႔ရိုက္ၾကတာ” ဟု ရိုက္ႏွက္ခံရသူ၏ အေဒၚျဖစ္သူ ေဒၚနန္းလွခမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္လ (၉ )ရက္ေန႔တြင္ ေျပာသည္။

အုပ္စုဖြဲ႕ရိုက္ႏွက္ခဲ့သည့္ မိန္းကေလး တစ္စု၏အုပ္ထိန္းသူမ်ားႏွင့္ အရိုက္ခံရသည့္ ေက်ာင္းသူဘက္မွ အုပ္ထိန္းသူတို႔က ဇူလိုင္လ (၈)ရက္ေန႔တြင္ ရဲစခန္း၌ညႇိႏွိုင္းခဲ့ၾကၿပီး ဇူလိုင္လ (၉)ရက္ေန႔တြင္ အရိုက္ခံရသူဘက္မွ အမႈဖြင့္လိုက္ျခင္းျဖစ္ေၾကာင္းသိရသည္။

“ျဖစ္ျဖစ္ခ်င္းေန႔က ရိုက္ခံရတဲ့ ကေလးရယ္၊ သူ႔ကိုဝိုင္းရိုက္တဲ့ကေလးမ (၄) ေယာက္ရယ္၊ သူတို႔ေတြရဲ့မိဘေတြ၊ အုပ္ထိန္းသူေတြ ရဲစခန္းကိုလာၾကတယ္။ ဝိုင္းရိုက္ၾကတဲ့ဘက္က အရိုက္ခံရသူ ေက်ေအးတဲ့အထိ လုပ္ေဆာင္ေပးပါ့မယ္ အမႈမဖြင့္ပါနဲ႔ဆိုၿပီးေျပာလို႔ အဲဒီအတိုင္းထားလိုက္တာ။

အခုေတာ့ အဆင္မေျပၾကဘူးနဲ႔တူတယ္။ ဒီမနက္ ( ဇူူလိုင္ ၉ ရက္) မွာ အရိုက္ခံရသူဘက္ကလာၿပီး အမႈဖြင့္တဲ့အတြက္ လုပ္ေဆာင္ေပးေနပါတယ္” ဟု တန႔္ယန္းၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

တန႔္ယန္းၿမိဳ႕ ေက်ာက္ေတာင္ရပ္ရွိ တ႐ုတ္နတ္စင္အနီးတြင္ မိန္းကေလးတစ္ဦးအား အျခားရြယ္တူမိန္းကေလး (၄)ဦးက ရိုက္ႏွက္ေနသည့္ ဗီဒီယိုကို ဇူလိုင္လ (၈) ရက္ေန႔က လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ့ခဲ့ၿပီး တန႔္ယန္းၿမိဳ႕တြင္ ယင္းကဲ့သို႔ ခိုက္ရန္ျဖစ္ပြားမႈ မၾကာခဏၾကဳံေတြ႕ရသည္ဟု သိရသည္။

“အဲဒီလိုအုပ္စုဖြဲ႕ရိုက္ႏွက္တာေတြက မၾကာခဏၾကားေနရတယ္။ အဓိက က အဲဒီကေလးေတြ တက္ေနတဲ့ ေက်ာင္းေတြမွာ ပညာေပးတာမ်ိဳးလုပ္သင့္တယ္။ တန႔္ယန္းမွာက ျမန္မာေက်ာင္းပဲ တက္တဲ့သူရွိတယ္။ ျမန္မာ ေက်ာင္း၊ တ႐ုတ္ေက်ာင္းတက္တဲ့သူရွိတယ္။

အဲဒီေက်ာင္းေတြမွာ ပညာေပးရမွာ။ ၿပီးရင္ အသင္းအဖြဲ႕ ေတြ ဘာသာေရးအဖြဲ႕ေတြကတစ္ဆင့္ ကေလးေတြကိုပညာေပးရမယ္။ ဒါမ်ိဳးက ဒီထက္ပိုၿပီး ျပင္းထန္တာမ်ိဳး၊ ဒီထက္ပိုၿပီး မ်ားျပားတာမ်ိဳးျဖစ္လာရင္ လုံးဝမေကာင္းေတာ့ဘူး။ သက္ဆိုင္ရာကလဲ စံျပအျဖစ္ တစ္ခါေလာက္ အေရးယူေစခ်င္တယ္” ဟု တန႔္ယန္းၿမိဳ႕မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေမာင္ပြင့္က ေျပာသည္။

လက္ရွိတြင္ အုပ္စုဖြဲ႕ရိုက္ႏွက္ခဲ့သည့္ မိန္းကေလး(၄)ဦးကို ရဲတပ္ဖြဲ႕က ေခၚယူစစ္ေဆးေနေၾကာင္း သိရသည္။

ရုပ္သံၾကည့္ရန္ ေအာက္တြင္ေဖာ္ျပေပးလုိက္ပါတယ္


Credit to Orginal Uploder

Source ; Nay Myo

Unicode

အွန်လိုင်းမှာ လူကြည့်များနေတဲ့ ကျောင်းသူတစ်ဦးအား ဝိုင်းရိုက်နှက်နေသည့် မိန်းကလေးတစ်စု ဗွီဒီယိုဖိုင်

မျက်လုံးချင်း အကြည့်ဆုံသည်ကို မကျေနပ်၍ ကျောင်းသူတစ်ဦးအား ဝိုင်းရိုက်နှက်သည့် မိန်းကလေးတစ်စုကို အမှုဖွင့်ထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့က အသက် (၁၄)နှစ်ဝန်းကျင် ကျောင်းသူတစ်ဦးကို မျက်လုံးချင်းဆုံသည်ဟုဆိုကာ ဝိုင်းဝန်းရိုက်နှက်ကာ ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာတွင် တင်ခဲ့သည့် မိန်းကလေးတစ်စုအား အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

“ဘာရန်ငြိုးမှမရှိထားဘူး။ ကျွန်မတူမလေးက ရေခြံ( စိုက်ခင်း )သွားတဲ့အချိန်မှာ သူတို့ ကို လမ်းမှာတွေ့တော့ မျက်လုံးခြင်းဆုံအောင်ကြည့်မိလို့ဆိုပြီး ဖုန်းဆက်ခေါ်တာ။ အခုခေါ်နေတုန်းလာခဲ့မယ်ဆိုရင် နင့်ကိုဘာမှမလုပ်ဘူး။ မလာခဲ့ရင် နောက်နေ့တွေ့တဲ့နေရာမှာ ဝိုင်းရိုက်မယ်လို့ ခေါ်တဲ့အတွက် သူကအဝတ်လျှော်နေရင်း သူတို့ချိန်းတဲ့နေရာကိုသွားလိုက်တာ။

အဲဒီမှာဝိုင်းရိုက်ပြီး အင်္ကျီတွေဝိုင်းချွတ် ဖိနပ်တွေနဲ့ရိုက်ကြတာ” ဟု ရိုက်နှက်ခံရသူ၏ အဒေါ်ဖြစ်သူ ဒေါ်နန်းလှခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၉ )ရက်နေ့တွင် ပြောသည်။

အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် မိန်းကလေး တစ်စု၏အုပ်ထိန်းသူများနှင့် အရိုက်ခံရသည့် ကျောင်းသူဘက်မှ အုပ်ထိန်းသူတို့က ဇူလိုင်လ (၈)ရက်နေ့တွင် ရဲစခန်း၌ညှိနှိုင်းခဲ့ကြပြီး ဇူလိုင်လ (၉)ရက်နေ့တွင် အရိုက်ခံရသူဘက်မှ အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“ဖြစ်ဖြစ်ချင်းနေ့က ရိုက်ခံရတဲ့ ကလေးရယ်၊ သူ့ကိုဝိုင်းရိုက်တဲ့ကလေးမ (၄) ယောက်ရယ်၊ သူတို့တွေရဲ့မိဘတွေ၊ အုပ်ထိန်းသူတွေ ရဲစခန်းကိုလာကြတယ်။ ဝိုင်းရိုက်ကြတဲ့ဘက်က အရိုက်ခံရသူ ကျေအေးတဲ့အထိ လုပ်ဆောင်ပေးပါ့မယ် အမှုမဖွင့်ပါနဲ့ဆိုပြီးပြောလို့ အဲဒီအတိုင်းထားလိုက်တာ။

အခုတော့ အဆင်မပြေကြဘူးနဲ့တူတယ်။ ဒီမနက် ( ဇူူလိုင် ၉ ရက်) မှာ အရိုက်ခံရသူဘက်ကလာပြီး အမှုဖွင့်တဲ့အတွက် လုပ်ဆောင်ပေးနေပါတယ်” ဟု တန့်ယန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

တန့်ယန်းမြို့ ကျောက်တောင်ရပ်ရှိ တရုတ်နတ်စင်အနီးတွင် မိန်းကလေးတစ်ဦးအား အခြားရွယ်တူမိန်းကလေး (၄)ဦးက ရိုက်နှက်နေသည့် ဗီဒီယိုကို ဇူလိုင်လ (၈) ရက်နေ့က လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး တန့်ယန်းမြို့တွင် ယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှု မကြာခဏကြုံတွေ့ရသည်ဟု သိရသည်။

“အဲဒီလိုအုပ်စုဖွဲ့ရိုက်နှက်တာတွေက မကြာခဏကြားနေရတယ်။ အဓိက က အဲဒီကလေးတွေ တက်နေတဲ့ ကျောင်းတွေမှာ ပညာပေးတာမျိုးလုပ်သင့်တယ်။ တန့်ယန်းမှာက မြန်မာကျောင်းပဲ တက်တဲ့သူရှိတယ်။ မြန်မာ ကျောင်း၊ တရုတ်ကျောင်းတက်တဲ့သူရှိတယ်။

အဲဒီကျောင်းတွေမှာ ပညာပေးရမှာ။ ပြီးရင် အသင်းအဖွဲ့ တွေ ဘာသာရေးအဖွဲ့တွေကတစ်ဆင့် ကလေးတွေကိုပညာပေးရမယ်။ ဒါမျိုးက ဒီထက်ပိုပြီး ပြင်းထန်တာမျိုး၊ ဒီထက်ပိုပြီး များပြားတာမျိုးဖြစ်လာရင် လုံးဝမကောင်းတော့ဘူး။ သက်ဆိုင်ရာကလဲ စံပြအဖြစ် တစ်ခါလောက် အရေးယူစေချင်တယ်” ဟု တန့်ယန်းမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့်က ပြောသည်။

လက်ရှိတွင် အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် မိန်းကလေး(၄)ဦးကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

ရုပ်သံကြည့်ရန်



Credit to Orginal Uploder

Source ; Nay Myo

Recent Updates

Recent Posts Widget