မကြာခင်လက်ထပ်တော့မယ့်အကြောင်း ပရိသတ်တွေကိုအသိပေးလိုက်တဲ့ ဟန်နာယူရီ
ပရိသတ်အချစ်တော်ဟန်နာယူရီဟာဆိုရင်တော့ Make Up Artist တစ်ဦးဖြစ်ပြီး မော်ဒယ်မင်းသမီးလေးတစ်ဦးလည်းဖြစ်ပါတယ်။ ချစ်ဖို့ကောင်းပြီး နတ်သမီးလေးလိုလှတဲ့ ဟန်နာယူရီဟာ ဆွဲဆောင်မှုရှိတဲ့အပြုံးတွေနဲ့
စွဲမက်စရာအမူအရာလေးတွေကိုပိုင်ဆိုင်ထားပြီး အနုပညာအလုပ်ကိုလည်း ကြိုးကြိုးစားစားလုပ်ကိုင်တာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲအသည်းထဲက သည်းသည်းလှုပ်ချစ်ရတဲ့အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ ဟန်နာယူရီကမကြာသေးမီက သူမရဲ့ MyDay မှာ ကောင်လေးတစ်ယောက်နဲ့လက်ချင်းဆုပ်ထားတဲ့ ဓာတ်ပုံလေးကို တင်ထားခဲ့ပြီးနောက်ပိုင်းမှာ ပရိသတ်တွေက ဟန်နာယူရီကို ချစ်သူအသစ်ရနေပြီလားရယ်လို့ စိတ်ဝင်တစားဖြစ်ခဲ့ကြတာပါ။ သတင်းဝက်ဆိုက်ဒ်တွေကလည်းဟန်နာယူရီချစ်သူအသစ်ရနေပြီလားဆိုတာနဲ့ ဒီလို အချောလေးရဲ့အချစ်ကို ပိုင်ဆိုင်ခွင့်ရတဲ့ ကံကောင်းသူလေးက ဘယ်သူလဲဆိုပြီး ရေးသားခဲ့ကြပါတယ်။
ဟန်နာယူရီက အဲဒီ သတင်းကို share ထားခဲ့ပြီး ချစ်သူအသစ်ရနေပြီဆိုတဲ့ သတင်းကိုဖြေရှင်းလိုက်ပါတယ်။ ဟန်နာယူရီက မကြာသေးမီက သူမရဲ့ လူမှုကွန်ယက်မှာ ချစ်သူအသစ်ရနေပြီလားဆိုတဲ့သတင်းကို “ရည်းစားရတာကတော့ တကယ်မှန်ကန်ပါတယ်။ မမှန်တာကတော့ ရည်းစားတစ်ယောက်မကပါဘူးရှင်”ဆိုတဲ့ စာသားလေးနဲ့ နောက်ပြောင် Share ထားခဲ့ပါတယ်။ ပရိသတ်တွေကလည်း comment ထဲမှာ ဝင်ရောက်နောက်ပြောင်နေခဲ့ကြတာတွေ့ရပါတယ်။ ဟန်နာယူရီက comment ထဲမှာပရိသတ်တွေကို ပြန်လည်စနောက်တဲ့သဘောနဲ့ သူမ မကြာခင် လက်ထပ်တော့မှာဖြစ်တဲ့ အကြောင်းကိုပါထပ်မံ ပြောပြထားခဲ့ပါသေးတယ်။ ဟန်နာယူရီက လက်တလောမှာ စစ်မှုထမ်းနေတဲ့ ကိုရီးယားမင်းသား Lee Jong Suk နဲ့ edit လုပ်ထားတဲ့ ဓာတ်ပုံကို comment မှာတင်ထားပြီး “ယောက်ျားလည်းယူတော့မှာပါ။ ကောင်လေးစစ်ထဲကထွက်တာနဲ့အသိပေးမှာပါ”လို့ စနောက်ပြီး ရေးထားတာကိုတွေ့ရပါတယ်။
ပရိသတ်တွေက ဟန်နာယူရီ တကယ်ပဲချစ်သူအသစ်ရနေပြီလားလို့စိတ်ပူနေခဲ့ရာက ဟန်နာယူရီက သတင်းကို အဲဒီလို share ပြီး စနောက်လိုက်တဲ့အတွက် ပျော်သွားကြသလို ယူရီရဲ့ comment ထဲမှာဝင်ပြီး ရည်းစားအသစ်ထားဖို့သဘောမတူတဲ့အကြောင်းနဲ့ ပရိသတ်တွေကိုပဲ ချစ်ပါလို့ ဝိုင်းဝန်းပြောကြားထားကြတာတွေလည်းတွေ့ရပါတယ်။ဟန်နာယူရီက မနေ့က သူမရဲ့ Myday မှာလည်း နိုင်ငံတကာ မော်ဒယ်မင်းသားတစ်ယောက်ရဲ့ video လေးကိုတင်ထားပြီး “ရည်းစားကိုထုတ်ကြွားလိုက်ပြီ”လို့ အဓိပ္ပါယ်ရတဲ့စာကို အင်္ဂလိပ်လိုတစ်ဝက် ကိုရီးယားလိုတစ်ဝက်ရေးထားပါသေးတယ်။ ဒါပေမယ့်နောက်မှာတော့ ပရိသတ်တွေကို နောက်တာဖြစ်ကြောင်းနဲ့အဲဒီလူက တကယ်တော့မင်းသားပါလို့လည်း ပြန်လည်ရှင်းပြထားတာတွေ့ရပါတယ်။ပရိသတ်တွေကတော့ အစသန်တဲ့ ဟန်နာယူရီလေးကို တစ်နေ့ထက်တစ်နေ့ပိုတိုးလို့ချစ်နေရပါပြီ။
ပရိသတ်ကြီးရော ဟန်နာယူရီမှာချစ်သူတကယ်ရှိတယ်ထင်ကြလား။ ချစ်သူရှိနေရင်ရော အဲဒီချစ်သူက ဘယ်သူဖြစ်မလဲသိချင်ကြလား.. ချစ်သူနဲ့သဘောတူပေးကြမှာလား။ ဟန်နာယူရီရဲ့နောက်ထပ်လုပ်မယ့်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Credit \\ original




