တစိမ့်စိမ့် ထိုင်ငေးနေမိချင်လောက်အောင် လှတဲ့ မြတ်ရတနာကျော်ရဲ့အလှပုံရိပ်တွေ
ကောင်းခြင်းအဖြာဖြာပြည့်စုံတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ချစ်စရာကောင်မလေး မြတ်ရတနာကျော်ကတော့ လက်ရှိမှာ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးချောလေးရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ မြတ်ရတနာကျော်က တစိမ့်စိမ့်ထိုင်ငေးနေချင်လောက်အောင် လှရက်လွန်းတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မိုးဖွဲဖွဲလေးမှာ ကဗျာဆန်ဆန်လေး ရိုက်ကူးထားတဲ့ မြတ်ရတနာကျော်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို မိုက်နေတာပါနော်။
ချစ်ပရိသတ်တွေအတွက် နူးညံ့လွန်းတဲ့ နတ်မိမယ်လေး မြတ်ရတနာကျော်ရဲ့အလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
မြတ်ရတနာကျော်ကတော့ “မိုးလေးဖွဲတုန်း 🌧” ဆိုပြီး သူမရဲ့ချစ်စရာအလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။ တောင်ကြီးသူလေး မြတ်ရတနာကျော်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ နားထားပြီး ခင်ပွန်းနဲ့အတူ Vlog လေးတွေအတူလုပ်ရင်း ပရိသတ်တွေနဲ့ ဆက်သွယ်ဖြစ်နေတာပါ။
တစ်သားမွေး တစ်သွေးလှဆိုသလိုပဲ မြတ်ရတနာကျော်လေးကလည်း Scarlett ကို မွေးပြီးနောက်ပိုင်းမှ ပိုလှလာသလိုပဲနော်။
Ah boy နဲ့ မြတ်ရတနာကျော်တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က အခမ်းနားဆုံး ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၈ စက်တင်ဘာလ ၁၃ရက်နေ့မှာတော့ သမီးလေး Scarlett ကို မွေးဖွားခဲ့တာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်စရာကောင်းတဲ့ သမီးလေးရယ်၊ ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ အနာဂတ်ခရီးကို ရှေ့ဆက်နေတဲ့ မြတ်ရတနာကျော်လေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original





