ဥရောပမှာ ခါးပါနှိုက်ခံခဲ့ရတဲ့ နန်းခင်ဇေယျာ





ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားနေပြီး ပုရိသယောက်ျားလေးတွေကြွေလောက်တဲ့ ပုံစံမျိုးအနေအထားရှိနေပြီး အလှမယ်တစ်ယောက်ဖြစ်သလို နောက်ပိုင်းမှာ သရုပ်ဆောင်ဘက်ပိုင်းကိုပါ လုပ်လာတဲ့ နန်းခင်ဇေယျာကတော့ ဥရောပကို သွားရင်းနဲ့ ခါးပိုက်နှိုက်ခံခဲ့ရတဲ့အကြောင်းကို MC နဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။



နန်းခင်ဇေယျာက”ဥရောပခရီးစဉ်က ၁၅ ရက်ပေါ့နော် Visa ကလည်း ၁၅ ရက်ရတယ်။ အလုပ်ကိစ္စကတော့ တစ်ဖက်ပေါ့နော် ရက်က ပိုနေတာနဲ့ ဥရောပမှ တောက်လျှောက်လည်ဖြစ်တာပါ။ နိုင်ငံကတော့ ၆နိုင်ငံကို ရောက်ဖြစ်ပါတယ်။ မှတ်မှတ်ရရ ဖြစ်တာတော့ Rome မှာဖြစ်တာပေါ့နော်။ Rome မှာ မှတ်မှတ်ရရ ဖြစ်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ Rome မှာကလေ နန်းခင်တို့ကိုယ်တိုင် အင်တာနက်ကနေ လေ့လာတယ်ပေါ့နော် ခါးပိုက်နှိုက်တွေ သတိပြုပါဆိုပြီးတော့ နန်းခင်တို့ ကိုယ်တိုင် ခါးပိုက်နှိုက်ကို အရမ်းသတိထားခဲ့တယ်။ ဒါပေမဲ့လည်းလေ ဘာဖြစ်လို့လဲမသိဘူး ချိုချဉ်တစ်ခုစားပြီးတဲ့အချိန်နဲ့ တစ်နာရီကြာတဲ့ အချိန်မှာ ကိုယ်ပိုက်ဆံထည့်ထားတဲ့ ပိုက်ဆံတွေ အကုန်လုံးပါသွားတာပေါ့နော်။



အဲ့တာကတော့ ဘယ်လိုပြောမလဲ ကိုယ်အရမ်းသတိထားတာတောင်မှ ပါသွားတယ်။ ပြီးရင် ဒေါ်လာ ၁၀၀၀ လဲထားတာပါသွားတဲ့အတွက်ကြောင့် အရမ်းနှမြောတယ်ပေါ့နော်။ အဲ့လောက်ကြီး လူတွေ များပြီးတော့ အဲ့လောက်ကြီး သတိထားတာတောင်ဖြစ်တဲ့အတွက် Europe ဘက်သွားရင် အရမ်းကို သတိထားကြပါ ပိုက်ဆံတွေလည်း အများကြီး သယ်မသွားကြာပါနဲ့လို့ ပြောချင်ပါတယ်။ကိုယ်တွေ့ဖြစ်ခဲ့တာပေါ့နော် အဲ့တာက။ ဘယ်လိုပြောမလဲ ဒေါ်လာ ၁၀၀ ၂၀၀ လည်းမဟုတ်ဘူး ဒေါ်လာ၁၀၀၀ ဆိုတော့လေ အရမ်းလည်း နှမြောတယ် ဘာမှလည်း မသုံးလိုက်ရဘူး။ အော်.. ငါသုံးလိုက်ရင် ကောင်းသားပေါ့နော်။ အဲ့မှာလေ ပျောက်ပျောက်ပြီးချင်း အဲ့နေရာကို ပြန်သွားရှာတယ်။ လုံးဝ အစအန တစ်ခုမှမရှိဘူး။

ဖြစ်ချင်တော့ နန်းခင်က ပိုက်ဆံကို ပိုက်ဆံအိပ်ထဲ ထည့်ထားတာမဟုတ်ဘူး အိပ်တစ်ခုတည်းကို ထည့်ထားတာ။ ထင်တာကတော့ အဲ့အိပ်က ကြိုးလေးကို ဘောင်းဘီကနေ ဆွဲပြီးတော့ လုသွားမျိုးပေါ့နော်။ လမ်းတွေလည်း လျှောက်တာများပြီးတော့ သတိမထားမိတဲ့အချိန်လုသွားတာ ဖြစ်လိမ့်မယ် အဲ့လူက တောက်လျှောက်လိုက်လာတာလို့ပဲ နန်းခင်ထင်တယ်။”လို့ ပြောသွားခဲ့ပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget