ဆူဇီရဲ့မွေးနေ့ပွဲမှာ မြင့်မြတ်တို့ မိသားစုနဲ့တွေ့လို့ ပျော်နေတဲ့ ပိုပို….





ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့ သီချင်းတွေကို ပရိသတ်တွေဆီ ဝေမျှပေးလေ့ရှိတဲ့ အဆိုတော် ပိုပိုကတော့ ကိုယ်ပိုင်သံစဉ်တွေ ဖန်တီးပြီး အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာပါ။ လတ်တလောမှာတော့ ပိုပိုက ချစ်ရတဲ့ အမတစ်ဦးဖြစ်တဲ့ ဆူဇီရဲ့မွေးနေ့ပွဲကိုသွားရင်း သရုပ်ဆောင် မြင့်မြတ်တို့ မိသားစုလေးနဲ့ တွေ့ဆုံခဲ့ရလို့ ပျော်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဂျူနီယာမြင့်မြတ်လေးကလည်း မျက်နှာချိုပြီး ချစ်ဖို့ကောင်းလွန်းလို့ ပိုပိုတစ်ယောက် ချစ်မဝဖြစ်ခဲ့ရတာပါနော်။



ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းတဲ့ ဂျူနီယာမြင့်မြတ်လေးနဲ့ တွေ့လို့ အရမ်းပျော်နေတဲ့ အဆိုတော် ပိုပိုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုပိုကတော့ “မမ ဆူဇီ မွေးနေ့ မှာ ကိုမြင့်မြတ်တို့ မိသားစုနဲ့တွေ့ တော့ သားသားလေးက ချစ်စရာကောင်းလိုက်တာ 😍 Happy birthday Ma ma Suzie 😍❤️” ဆိုပြီး ဆူဇီရဲ့မွေးနေ့ပွဲက ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

မျက်လုံးအဝိုင်းသားနဲ့ ကင်မရာကိုစိုက်ကြည့်နေတဲ့ ဂျူနီယာမြင့်မြတ်လေးကတော့ အဖေလို အနုပညာပိုးတွေပါလာမလားဆိုတာ စောင့်ကြည့်ကြရမှာပါ။




ခြွေတာစုဆောင်းတတ်လွန်းတဲ့ ပိုပိုကတော့ အခုဆိုရင် ခမ်းနားလှတဲ့ အိမ်အသစ်ကြီးကို ကိုယ်ပိုင်ဝင်ငွေနဲ့ တည်ဆောက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုပိုက သူမရဲ့အိမ်အသစ်ကြီးထဲက စတူဒီယိုကြီးထဲမှာပဲ သီချင်းသစ်တွေ ဖန်တီးဖြစ်နေတာပါ။ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ ချစ်စရာကောင်မလေး ပိုပိုရဲ့အချစ်ရေးကတော့ အခုအချိန်အထိ တစ်ကိုယ်တည်းပါပဲတဲ့နော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ ဂျူနီယာမြင့်မြတ်လေးကြောင့် အပျော်ကြီးပျော်နေတဲ့ အဆိုတော်မလေး ပိုပိုကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။….

Credit  \\  original

Recent Updates

Recent Posts Widget