အေႂကြး သိန္း(၂၀)အား …(၁၀) တုိး ေပးေနရတဲ့ ေၾကာင့္ …ဆရာေလးေတြကုိ ..အလွဴခံခုိင္းေနရဟုဆုိ
Zawgyi ျဖင့္ဖတ္ရန္
အေႂကြး သိန္း(၂၀)အား (၁၀) တုိး ေပးေနရေသာေၾကာင့္ ဆရာေလးေတြကုိ အလွဴခံခုိင္းေနရဟုဆုိ (ေဂၚျပားနဲ႔ အရိုက္ခံရတဲ့ သီလရွင္ေလးမ်ားရဲ႕ ေနာက္ဆက္တြဲ သတင္း)
ဇူ လိုင္ ၉၊ အြန္လိုင္းေပၚ သတင္းထြက္ေပၚလာေသာ ေရႊႏွင္းဆီ သီလရွင္ေက်ာင္းမွ (၁၀)ႏွစ္ေအာက္ သီလရွင္ (ဆရာေလး) ေတြ ႏွင့္ ပတ္သတ္၍ ၂၀၁၉ ဇူလိုင္လ (၇)ရက္ေန႔ လူမႈဝန္ထမ္း ဦးစီးဌာန၊ လူကုန္ကူးတားဆီးေရး ရဲတပ္ဖြဲ႕၊ သာသနာ ဦးစီးဌာန တို႔မွ သြားေရာက္ စစ္ေဆးမႈ ျပဳလုပ္ခဲ့ၾကေၾကာင္း သိရွိရတယ္။
“ရန္ ကုန္ တိုင္ းေဒသႀကီး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ၆၉ ရပ္ကြက္ရွိ ေရႊႏွင္းဆီ သီလရွင္ေက်ာင္း၊ ေက်ာင္းထိုင္ သီလရွင္ ေဒၚသီရိစႏၵာ အပါအဝင္ ေက်ာင္းရွိ သီလရွင္ တို႔ကို စစ္ေဆးၾကတယ္။ တခ်ဳိ႕က ရိုက္တာ ဝန္ခံတယ္၊ တခ်ဳိ႕က ျငင္းတယ္၊ သီလရွင္(ဆရာေလး)ေတြက တမ်ဳိးစီး ေျပာၾကတယ္၊ ေက်ာင္းထိုင္ သီလရွင္မွာ သာသနာ ဝန္ထမ္းကဒ္ ရွိတယ္၊ သီလရွင္ (ဆရာေလး) ေတြက အရပ္သား ကေလးေတြ မဟုတ္ေတာ့ သီလရွင္ (ဆရာေလး) ေတြကို ေနာက္အလွဴမခံခိုင္းဖို႔ လူမႈဝန္ထမ္းဦးစီးဌာနက မွာၾကားခဲ့တယ္”ဟု မ်က္ျမင္သူ တစ္ဦးမွ ေျပာတယ္။
“မေန႔က ေက်ာင္းထိုင္ သီလရွင္ ေဒၚစႏၵာ ႏွင့္ အသက္ (၁၀)ႏွစ္ေအာက္ သီလရွင္ ဆရာေလး (၃)ပါး၊ (၁၅၊၁၆)ႏွစ္ခန္႔ရွိ သီလရွင္ (၂)ပါး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မွ ထြက္ခြာသြားေၾကာင္း သိရွိရ၍ ေစာင့္ၾကည့္ေနသူတစ္ဦးမွ သီလရွင္ ေဒၚစႏၵာထံ ဖုန္းဆက္ ေမးျမန္းေတာ့ အေႂကြး က်ပ္သိန္း(၂၀)ကို အတိုးႏႈန္း (၁၀)က်ပ္ ေပးၿပီး ေခ်းငွား ထားရ၍ အလွဴခံရမွ ျဖစ္မည္ ဟု” ေျပာၾကားေၾကာင္း RND ေအဂ်င္စီသို႔ ေျပာၾကားတယ္။
သီလရွင္ ဆရာေလးေတြ အတြက္ စိတ္ပူပင္မိေၾကာင္း ၎မွ ဆက္လက္ေျပာၾကားတယ္။ လူမႈဝန္ထမ္းဦးစီးဌာန ညြန္ခ်ဴပ္ ေဒၚစန္းစန္းေအး ထံသို႔ RND သတင္းေအဂ်င္မွ ဆက္သြယ္ ေမးျမန္းစဥ္ သီလရွင္ ကိစၥက အစီရင္ခံစာ မေရာက္ေသး၍ ေစာင့္ဆိုင္း ေနေၾကာင္း၊ အေသးစိတ္ကို ရန္ကုန္တိုင္းေဒသႀကီး လူမႈဝန္ထမ္းဦးစီးဌာနမွ ညြန္ခ်ဳပ္မႉး ေဒါက္တာ ေကသီေက်ာ္ထံ ဆက္သြယ္ ေမးျမန္းၾကည့္ဟု ေျပာၾကားတယ္။ ညြန္ခ်ဳပ္မႉး ေဒါက္တာ ေကသီေက်ာ္ ထံသို႔ ဖုန္းျဖင့္ ဆက္သြယ္ေသာ္လည္း ရုံးသို႔ လူကိုယ္တိုင္လာေရာက္ ေမးျမန္းပါဟု ေျပာဆို၍ လူမႈဝန္ထမ္းဦးစီးဌာနမွ ေျပာၾကားမႈ ထည့္သြင္းရန္ ခက္ခဲမႈ ျဖစ္ခဲ့တယ္။
စစ္ေဆးခ်ိန္တြင္ ပါဝင္ေသာ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ၆၉ ရပ္ကြက္၊ ဆယ္အိမ္မွဴး ဦးစိုးလိႈင္ထံ RND သတင္း ေအဂ်င္စီမွ ဆက္သြယ္ေမးျမန္းခ်ိန္ ” ေက်ာင္းထိုင္ သီလရွင္ကို၊ ယင္းေက်ာင္းအနီးမွ ေက်ာင္းထိုင္ ဆရာေတာ္ ေခၚယူေမးျမန္းေတာ့ မိသားစု တူမေတြပါ၊ မိဘမဲ့ ကေလးေတြျဖစ္၍ ေစာင့္ေရွာက္ထားတာပါဟု ေလၽွာက္ထားတယ္၊ ဆရာေတာ္က သီလရွင္ ဆရာေလး ေတြကို အလႉမခံခိုင္းဖို႔ေျပာတယ္၊ သီလရွင္ ဆရာေလးေတြကို နံနက္ (၆) ေက်ာင္းသို႔ လာပို႔ေပး၊ စာသင္ၾကား ေပးမယ္ ညေန (၆)နာရီ သီလရွင္ေက်ာင္းသို႔ ျပန္ေခၚ၊ သီလရွင္(ဆရာေလး)ေတြ ေဝယ်ာဝစၥ၊ ဆြမ္း၊ အကုန္ တာဝန္ယူ ေပး ဟု မိန္႔ၾကားတယ္၊ ေက်ာင္းထိုင္ သီလရွင္ ေဒၚ သီရိစႏၵာ မွ လက္မခံဘဲ သီလရွင္ (ဆရာေလး)ေတြကို ဦးေလး ေတာ္စပ္တဲ့ ေက်ာင္းကို ပို႔ထားမည္ဟု ဆရာေတာ္ထံ ျပန္ထားေတာ့ ဆရာေတာ္ လက္မခံ၍ သီလရွင္ေဒၚ မေန႔က ေန႔လည္ ၁၂နာရီခြဲအခ်ိန္႔က သီလရွင္(ဆရာေလး)ေတြနဲ႔အတူ ေျမာက္ဥကၠာလာၿမိဳ႕နယ္ ရွိ ဘုန္းေက်ာင္းသို႔ ၎မွလိုက္ပို႔ ေပးခဲ့တယ္”ဟု ေျပာၾကားသည္။
သတင္း- သာခိုင္(မုနိၿမီ) Real News Distribution Agency (ေလးစားမႈျဖင့္ ခရက္ဒစ္)
Unicode ျဖင့္ဖတ္ရန္
အကြွေး သိန်း(၂၀)အား (၁၀) တိုး ပေးနေရသောကြောင့် ဆရာလေးတွေကို အလှူခံခိုင်းနေရဟုဆို (ဂေါ်ပြားနဲ့ အရိုက်ခံရတဲ့ သီလရှင်လေးများရဲ့ နောက်ဆက်တွဲ သတင်း)
ဇူလိုင် ၉၊ အွန်လိုင်းပေါ် သတင်းထွက်ပေါ်လာသော ရွှေနှင်းဆီ သီလရှင်ကျောင်းမှ (၁၀)နှစ်အောက် သီလရှင် (ဆရာလေး) တွေ နှင့် ပတ်သတ်၍ ၂၀၁၉ ဇူလိုင်လ (၇)ရက်နေ့ လူမှုဝန်ထမ်း ဦးစီးဌာန၊ လူကုန်ကူးတားဆီးရေး ရဲတပ်ဖွဲ့၊ သာသနာ ဦးစီးဌာန တို့မှ သွားရောက် စစ်ဆေးမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရတယ်။
“ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၉ ရပ်ကွက်ရှိ ရွှေနှင်းဆီ သီလရှင်ကျောင်း၊ ကျောင်းထိုင် သီလရှင် ဒေါ်သီရိစန္ဒာ အပါအဝင် ကျောင်းရှိ သီလရှင် တို့ကို စစ်ဆေးကြတယ်။ တချို့က ရိုက်တာ ဝန်ခံတယ်၊ တချို့က ငြင်းတယ်၊ သီလရှင်(ဆရာလေး)တွေက တမျိုးစီး ပြောကြတယ်၊ ကျောင်းထိုင် သီလရှင်မှာ သာသနာ ဝန်ထမ်းကဒ် ရှိတယ်၊ သီလရှင် (ဆရာလေး) တွေက အရပ်သား ကလေးတွေ မဟုတ်တော့ သီလရှင် (ဆရာလေး) တွေကို နောက်အလှူမခံခိုင်းဖို့ လူမှုဝန်ထမ်းဦးစီးဌာနက မှာကြားခဲ့တယ်”ဟု မျက်မြင်သူ တစ်ဦးမှ ပြောတယ်။
“မနေ့က ကျောင်းထိုင် သီလရှင် ဒေါ်စန္ဒာ နှင့် အသက် (၁၀)နှစ်အောက် သီလရှင် ဆရာလေး (၃)ပါး၊ (၁၅၊၁၆)နှစ်ခန့်ရှိ သီလရှင် (၂)ပါး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ထွက်ခွာသွားကြောင်း သိရှိရ၍ စောင့်ကြည့်နေသူတစ်ဦးမှ သီလရှင် ဒေါ်စန္ဒာထံ ဖုန်းဆက် မေးမြန်းတော့ အကြွေး ကျပ်သိန်း(၂၀)ကို အတိုးနှုန်း (၁၀)ကျပ် ပေးပြီး ချေးငှား ထားရ၍ အလှူခံရမှ ဖြစ်မည် ဟု” ပြောကြားကြောင်း RND အေဂျင်စီသို့ ပြောကြားတယ်။
သီလရှင် ဆရာလေးတွေ အတွက် စိတ်ပူပင်မိကြောင်း ၎င်းမှ ဆက်လက်ပြောကြားတယ်။ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ချူပ် ဒေါ်စန်းစန်းအေး ထံသို့ RND သတင်းအေဂျင်မှ ဆက်သွယ် မေးမြန်းစဉ် သီလရှင် ကိစ္စက အစီရင်ခံစာ မရောက်သေး၍ စောင့်ဆိုင်း နေကြောင်း၊ အသေးစိတ်ကို ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွန်ချုပ်မှူး ဒေါက်တာ ကေသီကျော်ထံ ဆက်သွယ် မေးမြန်းကြည့်ဟု ပြောကြားတယ်။ ညွန်ချုပ်မှူး ဒေါက်တာ ကေသီကျော် ထံသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ရုံးသို့ လူကိုယ်တိုင်လာရောက် မေးမြန်းပါဟု ပြောဆို၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြောကြားမှု ထည့်သွင်းရန် ခက်ခဲမှု ဖြစ်ခဲ့တယ်။
စစ်ဆေးချိန်တွင် ပါဝင်သော ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၉ ရပ်ကွက်၊ ဆယ်အိမ်မှူး ဦးစိုးလှိုင်ထံ RND သတင်း အေဂျင်စီမှ ဆက်သွယ်မေးမြန်းချိန် ” ကျောင်းထိုင် သီလရှင်ကို၊ ယင်းကျောင်းအနီးမှ ကျောင်းထိုင် ဆရာတော် ခေါ်ယူမေးမြန်းတော့ မိသားစု တူမတွေပါ၊ မိဘမဲ့ ကလေးတွေဖြစ်၍ စောင့်ရှောက်ထားတာပါဟု လျှောက်ထားတယ်၊ ဆရာတော်က သီလရှင် ဆရာလေး တွေကို အလှူမခံခိုင်းဖို့ပြောတယ်၊ သီလရှင် ဆရာလေးတွေကို နံနက် (၆) ကျောင်းသို့ လာပို့ပေး၊ စာသင်ကြား ပေးမယ် ညနေ (၆)နာရီ သီလရှင်ကျောင်းသို့ ပြန်ခေါ်၊ သီလရှင်(ဆရာလေး)တွေ ဝေယျာဝစ္စ၊ ဆွမ်း၊ အကုန် တာဝန်ယူ ပေး ဟု မိန့်ကြားတယ်၊ ကျောင်းထိုင် သီလရှင် ဒေါ် သီရိစန္ဒာ မှ လက်မခံဘဲ သီလရှင် (ဆရာလေး)တွေကို ဦးလေး တော်စပ်တဲ့ ကျောင်းကို ပို့ထားမည်ဟု ဆရာတော်ထံ ပြန်ထားတော့ ဆရာတော် လက်မခံ၍ သီလရှင်ဒေါ် မနေ့က နေ့လည် ၁၂နာရီခွဲအချိန့်က သီလရှင်(ဆရာလေး)တွေနဲ့အတူ မြောက်ဥက္ကာလာမြို့နယ် ရှိ ဘုန်းကျောင်းသို့ ၎င်းမှလိုက်ပို့ ပေးခဲ့တယ်”ဟု ပြောကြားသည်။
သတင်း- သာခိုင်(မုနိမြီ) Real News Distribution Agency (လေးစားမှုဖြင့် ခရက်ဒစ်)
Post Comment