Credit  \\  original
Uniced
အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းမှာဖြစ်သွားခဲ့တဲ့ လူမြင်ကွင်း ကာမစော်ကားမှုကြီး
ပြီးခဲ့တဲ့ အပတ်ထဲမှာ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်း ဗဟိုလမ်းမပေါ်မှာ လူမြင်ကွင်းမှာကာမစော်ကားတဲ့အမှုကိစ္စဖြစ်ပွားခဲ့ပြီး တရားခံကို ရဲစခန်းကိုအပ်နှံထားတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ALinnMyay Media က ရပ်ကွက်အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေရယ်မျက်မြင်သက်သေတွေရယ် အမှုအတွက်ပါဝင်ကူညီပေးနေကြတဲ့သူတွေကို သွားရောက်မေးမြန်းခဲ့ပါတယ်။
မေး ။ ။ ဒီအမှုက ဘယ်အချိန်၊ ဘယ်နေရာမှာဖြစ်ပွားခဲ့တယ်ဆိုတာ တစ်ချက်လောက်ပြောပြပေးလို့ရမလားရှင့်။မျက်မြင်သက်သေတစ်ဦး။ ။ ည ၁၀နာရီခွဲပြီး ၅မိနစ်လောက်ဖြစ်မယ်။ နရာကတော့ ဗဟိုလမ်းမပေါ်မှာပဲ။ ဗဟိုလမ်းမပေါ်ကဓာတ်မီးတိုင်အောက်မှာပဲဖြစ်တာ။မေး၊ ။ အစ်မကဒီအမှုရဲ့မျက်မြင်သက်သေတစ်ယောက်လားရှင့်။
မျက်မြင်သက်သေတစ်ဦး။ ။ ဟုတ်တယ်။ မင်တယ်ပေါ့။ မြင်တယ်ဆိုတာကတော့ ကျွန်မတို့တွေထွက်သွားတုန်းက ဒီလူကြီးကဝတ်လစ်စလစ်ကြီးနဲ့ကိုယ်လုံးတီးနဲ့ပတ်လက်ကြီးလန်နေပြီ။ အဲ့လိုမျိုး။ အရင်ဆုံးမြင်တာတော့ ကားသမားနှစ်ယောက်။ အဲ့နှစ်ယောက်ကလှမ်းကြည့်တဲ့အချိန်မှာ ကာင်မလေးကို အဲ့ဒီလူကမတရားတွေနှိပ်စက်နေတာကို သူတို့ကမြင်တယ်။ သူတို့စိတ်ထဲမှာ ဘယ်လိုမျိုးတွေးလိုက်လဲဆိုတော့ လင်မယားရန်ဖြစ်နေတယ်ထင်တာ။ သူတို့ကလည်း အာ် ကိုယ့်မိန်းမကိုဒီလောက်တောင်ရက်စက်ရလားမသိဘူးဆိုပြီးတော့တွေးကြတယ်ပေါ့နော်။ တာ်တော်ကိုမျက်နှာကိုလက်သီးနဲ့လဲထိုးတယ် ခဲတွေနဲ့ထုတယ်မျက်နှာတွေကို။ ပီးလို့ရှိရင်ကိုင်ပေါက်တယ်။ အရုပ်တစ်ရုပ်လိုပဲ။ သူတို့ကဒီဘက်ထမင်းဆိုင်မှာ
ထမင်းကြော်လာစားပြီး ပန်တဲ့အချိန်မှာ ကာင်မလေးကိုနှိပ်စက်နေတုန်းပဲ။ ကာင်မလေးကအဲ့အချိန်မှာ ဘယ်လိုဖြစ်သွားလဲဆိုတော့ လုံးဝမလှုပ်နိုင်တော့ဘူး။ မျာ့မျော့ကြီး ဖစ်နေတဲ့အချိန်မှာ သူကမုဒိမ်းကျင့်တာ။ မုဒိမ်းကျင့်တာကိုမြင်တော့ ဒါဘာပဲဖြစ်ဖြစ် လင်မယားဖြစ်ခဲ့ရင်တောင်မှ ဒါလမ်းပေါ်မှာမဖြစ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါလမ်းမကြီးပေါ်မှာဖြစ်တဲ့ပြသနာဖြစ်တယ်။ ဓာတ်မီးတိုင်အောက်မှာဖြစ်တယ်။ အဲ့ဒါနဲ့ သူတို့နှစ်ယောက်ကကားပေါ်ကဆင်းပြီးတော့ ဝိုင်းတားတဲ့အချိန်မှာ ကာင်မလေးကလည်းအဲ့အချိန်မှာအော်တဲ့အချိန်မှာ လိုင်းထဲကလူတွေကလည်း အကုန်ထွက်သွားတာ။ ထွက်သွာတော့ အဲ့လူကြီးကိုတော်တော်လေး သုံးယောက်လောက်ဝိုင်းပြီးတော့ကိုဖယ်ရတယ်။ လုံးဝကိုဖယ်မပေးတာ။ အဲ့အချိန်မှာသူ့မှာပုဆိုးလည်းမရှိတော့ဘူး။ အဝတ်လည်းမရှိတော့ဘူး။ ဝတ်လစ်စလစ်ကြီးနဲ့ ပက်လက်ကြီးကိုမှအစ်မတို့ကအိမ်ထောင်သည်ဆိုတော့ ပာပြမယ်နော်။ ပက်လက်ကြီးကိုမှ သူရဲ့တန်ဆာကြီးကိုကတန်းလန်းကြီးနဲ့လှုပ်နေတုန်းရှိသေးတယ် အစ်မတို့ထွက်သွားတဲ့အချိန်အထိ။
မေး။ ဟုတ်ကဲ့။ အဲ့တာဆို အခုတရားခံကို ရပ်ကွက်နေပြည်သူတွေကဝိုင်းဖမ်းပြီးတော့ ရဲစခန်းကိုလွှဲပေးလိုက်ပြီလားရှင့်။
ဖြေ။ ။ ဟုတ်ကဲ့။ မေး။ ။ ပို့ပေးလိုက်တုန်းက ဘယ် ပုဒ်မနဲ့စွဲထားလဲရှင့်။
ဖြေ။ ။ ၃၇၆၊ ၅၁၁ ပါ့။ သူတို့ကတော့အဲ့လိုပဲပြောတာပဲညီမလေးရယ်။ အစ်မတို့တွေကမနေ့ကကြားလိုက်တာက ဘယ်လိုမျိုးကြားလိုက်တာလဲဆိုတော့ ကာင်မလေးတွေက(နစ်နာသူမိသားစု) သူတို့က ဒီရပ်ကွက်ကမဟုတ်ဘူး။ သူတို့က တစ်နေရာကနေမှလာပြီး အိမ်ငှားနေတာ။ မိသားစုအသိုင်းအဝိုင်းမရှိဘူး။ မရှိတဲ့အတွက် ဘယ်လိုမျိုးစွဲလဲ ဆိုပြီးကိုယ်ကြားလိုက်တာကတော့ လုယက်မှုနဲ့ဆိုပြီး စွဲလိုက်တယ်လို့မနေ့ကကြားလိုက်တယ်။ အစ်မတို့အဖွဲ့တွေအကုန်လုံး ၁၃ယောက်လောက်ရှိတယ်( NLD အမျိုးသမီးအဖွဲ့အစည်း) ကာင်မလေးဆေးရုံတက်နေတဲ့ဆီသွားတယ်။
စခန်းကိုသွားတယ်။ ဒီလိုစွဲထားတာဟုတ်လားလို့မေးတယ်ပေါ့နော်။ ရဲစခန်းကလည်း အဲ့ဒီပုဒ်မမဟုတ်ဘူးလို့ပြန်ပြောပြတယ်ပေါ့နော်။ အမှုကိစ္စက ကိုယ်တွေလည်းသေချာတော့မသိရသေးဘူးလေ။ အမှုကစစ်ဆေးနေဆဲဆိုတော့လေ။ အစ်မတို့တစ်ရပ်ကွက်လုံးကတော့ အမှန်အတိုင်းဖြစ်စေချင်တယ်။ဒီလူကြီးဒီလိုလုပ်နေတာကိုမြင်ခဲ့တဲ့အတွက် မျက်မြင်သက်သေတွေလည်း ရှိတဲ့အတွက် အစ်မတို့ကတော့ အမှန်အတိုင်းပဲဖြစ်စေချင်တယ်။ ပ်စက်တယ်။ မုဒိမ်းကျင့်တယ်။ ဖစ်မြောက်တယ်မဖြစ်မြောက်ဘူးဆိုတာကိုယ်တွေလေးသေသေချာချာမမြင်ရပေမယ့် ကြံစည်မှုပေါ့နော်။ ကြံစည်တာတော့မြင်တယ်။ ဖစ်မြောက်တယ် မဖြစ်မြောက်ဘူးတော့ကိုယ်မသိလိုက်ဘူး။ ဒါပဲပေါ့နော်။
မေး။ ။ အခုဆေးရုံတက်နေတဲ့နစ်နာသူရဲ့အခြေအနေကကောရှင့်။
ဖြေ(NLD ရပ်ကွက်အမျိုးသမီးအဖွဲ့အစည်းတာဝန်ရှိသူ)။ ။ နစ်နာသူရဲ့အခြေအနေကတော့ အခုနစ်နာသူကတော်တော်လေးအဆင်မပြေဘူးညီမလေးရယ်။ မးစေ့တွေကိုလည်းထိုးထားတယ်။ သံမံတလင်းတွေနဲ့လဲဆံပင်ကိုကိုင်ပြီးရိုက်တယ်။အရုပ်တစ်ရုပ်လိုပဲ။ (နစ်နာသူဓာတ်ပုံများပြသ) နစ်နာသူက အသက် ၃၁နှစ်ရှိပြီ။ ညီမလေးရယ်သူတို့ကတော်တော်လေးဆင်းရဲရှာပါတယ်။ မနေ့ကဆေးရုံသွားကြည့်တော့လည်း သူ့တို့မှာစားစရာတောင်မရှိဘူး။ ဒီကသွားတဲ့အဖွဲ့တွေက ဝိုင်းပြီးပိုက်ဆံပေးရတယ်။ သူ့မှာသားလေးတစ်ယောက်လည်းရှိတယ်။ ၉တန်းအရွယ်။ အဲ့ဒီသားလေးကလည်း အရမ်းစာတော်တယ်။ သူ့ယောင်္ကျားကလဲကျန်းမာရေးမကောင်းဘူးအိပ်ရာထဲလဲနေတယ်။ အဲ့နေ့ညကဖြစ်သွားတုန်းက သူ့ယောင်္ကျားနဲ့သူ့သားလေးကမသိဘူး။ အဲ့ဒီကရပ်ကွက်လူကြီးတွေသွားပြီး တာ့မှသူတို့သိတာ။ တာ်တော်ဆင်းရဲရှာတယ်။ အိမ်ငှားနေရတာ။
မေး။ ။ဒီအမှုနဲ့ပတ်သတ်ပြီးတော့ကောအမတို့အဖွဲ့အပြင်အခြားအစိုးရအဖွဲ့တွေ တခြားအဖွဲ့အစည်းတွေကတွေကကော ကူညီပေးတာရှိလားရှင့်?
ဖြေ။ ။ မရှိသေးဘူး ညီမလေး။ အစ်မတို့ကတော့ NLD အမျိုးသမီးကော်မတီကပါ။ ဒီအမျိုးသမီးနဲ့ပတ်သတ်ပြီးအကြမ်းဖက်တာဖြစ်တဲ့အတွက် ကြီးတို့ရပ်ကွက်မှာ တရားဥပဒေစိုးမိုးရေးနဲ့ မိန်းကလေးတွေအတွက်မှန်ကန်ုမှုရှိအောင် အမှန်တရားဖြစ်အောင်လိုက်လုပ်နေပါတယ်။ ရပ်ကွက်တာဝန်ရှိသူတစ်ဦး။ ။ သမီးရယ်။ အဘမှာလည်းသမီးလေးတွေမြေးလေးတွေရှိတယ်။ အမေစုပြောသလိုအဘတို့က ကြာက်ရွံ့မှုတွေနဲ့နေနေရတာ ကျူရှင်သွားတယ်ကျောင်းသွားတယ်။ မှာင်တယ်ကိုယ့်ကလေးတွေ။ န့တိုင်းစိုးရိမ်နေရတာဘယ်လိုလုပ်မလဲ တရားဥပဒေစိုးမိုးမှုက တာ်တော်ကြီးအားနည်းနေတယ်လေ။ တရားဥပဒေစိုးမိုးမှုက နည်းနည်းကြပ်ကြပ်မတ်မတ်ကလေးဖြစ်နေရင်တော့ အဘတို့ကနည်း နည်းအသက်ရှုချောင်တာပေါ့။ အဲ့လိုလေးဖြစ်စေချင်လို့ အဘတို့က။
မေး။ ဒီကိစ္စအပေါ် အစ်မတို့အဒေါ်တို့ဦးလေးတို့ရဲ့ ခံစားချက်နဲ့အမြင်လေးကိုတစ်ချက်ဝေမျှပေးနိုင်မလားရှင့်?
ဖြေ။ ။ အမှန်အတိုင်းပြောရရင် ကိုယ်လည်းမိန်းမသားတစ်ယောက်အနေနဲ့ ဒီလိုကိစ္စတွေမဖြစ်စေချင်ဘူးပေါ့။ အခုလိုကြုံလာရတော့လည်း အမှန်အတိုင်းပဲတရားမျှမျှတတဖြစ်သွားစေချင်တယ်။ ဆိုပြီး ရပ်ကွက်နေပြည်သူ မျက်မြင်သက်သေတွေကလာရောက်ဖြေကြားပေးသွားပါတယ်။ တရားခံကိုအချုပ်ခန်းထဲမှာ ချုပ်ထားခံနေရတာကိုလည်းတွေ့ခဲ့ရပြီး လက်ရှိမှာ နစ်နာသူမိသားစုအတွက်ကူညီပေးမယ့်အဖွဲ့စည်းဟာ ရပ်ကွက်ထဲမှာရှိတဲ့ NLD အမျိုးသမီးအဖွဲ့ကလွဲရင်အခြားအဖွဲ့အစည်းမရှိသေးဘူးလို့သိရပါတယ်။ မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့ပြည်သူတွေကတော့ တရားခံကိုထိုက်သင့်ပြီးတရားမျှတတဲ့ပြစ်ဒဏ်ပေးစေချင်နေပြီး အခြားအဖွဲ့အစည်းတွေကလည်း မ်းပါးတဲ့ နစ်နာသူမိသားစုကိုကူညီပေးစေလိုကြောင်း ပာပြခဲ့ကြပါတယ်။
Credit  \\  original
Recent Updates
Recent Posts Widget