ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ များနေပြီဆိုရင် ဖြစ်လာမယ့် လက္ခဏာ (၉)ခု
ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ များနေပြီဆိုရင် ဖြစ်လာမယ့် လက္ခဏာ (၉)ခု
လူတွေကို ဒုက္ခပေးနိုင်တဲ့ အဆိပ်အတောက်တွေဟာ နေရာတိုင်းမှာရှိနေပါတယ်။ နေ့တိုင်းသောက်နေတဲ့ရေ၊ စားနေတဲ့ အစားအသောက်တွေနဲ့ အသုံးပြုနေတဲ့
အသုံးအဆောင်ပစ္စည်းတွေမှာရှိတဲ့ အဆိပ်အတောက်တွေက ခန္ဓာကိုယ်ထဲကို အချိန်တိုင်းမှာ နည်းမျိုးစုံနဲ့ ၀င်ရောက်နေပြီး အချိန်ကြာလာရင် ခန္ဓာကိုယ်ထဲမှာ စုပုံလာပါတယ်။
အဆိပ်အတောက် ပမာဏနည်းနေရင် သိပ်စိတ်ပူစရာမရှိပေမယ့် ပမာဏအများကြီးစုပုံလာရင်တော့ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းတွေကို ဒုက္ခပေးနိုင်ပြီး
အသက်သေစေနိုင်လောက်တဲ့ ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီတော့ လူတိုင်းသတိထားရမယ့် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံနေရင် ဖြစ်လာမယ့် လက္ခဏာတွေကို ဖော်ပြလိုက်ပါတယ်နော်..
(၁) ၀မ်းချုပ်မယ်
ဆိုးဆေးအသုံးပြုထားတဲ့ အစားအသောက်တွေ၊ သဘာဝမဟုတ်တဲ့အနံ့၊အရသာထည့်သွင်းထားတဲ့ အစားအသောက်တွေ စားသုံးတာက ၀မ်းချုပ်စေပါတယ်။
သင့်အနေနဲ့ နေ့စဉ်ရက်ဆက် ၀မ်းချုပ်နေတယ်ဆိုရင် ဆိုးဆေး၊အရောင် နဲ့ သဘာဝမဟုတ်တဲ့ အရသာပါဝင်နေတဲ့ အစားအစာတွေနဲ့ အရက်သောက်တာကို ဆင်ခြင်ပြီး ရေများများသောက်ပေးပါ။
(၂) ချွေးနံ့အရမ်းဆိုးနေမယ်
ရာသီဥတုပူလို့ပဲဖြစ်ဖြစ် ချွေးထွက်တဲ့အခါ ချွေးနံ့ပျောက်ဆေးတောင်မတိုးတော့လောက်အောင် အနံ့အရမ်းဆိုးနေမယ်ဆို တာကလည်း ခန္ဓာကိုယ်ထဲ အဆိပ်အတောက်တွေများနေလို့ဖြစ်ပါတယ်။
(၃) မှတ်ဉာဏ်မကောင်းဖြစ်လာမယ်
ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အခါ အချိန်တိုင်းလိုလ်ု ပင်ပန်းနေတတ်တယ်၊ ဒီတိုင်းနေရင်းတောင် စိတ်ရှုပ်ထွေးနေပြီး အကြောင်းအရာတစ်ခုကို
လွယ်လွယ်နဲ့မှတ်လို့မရဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်တာဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေက ကောင်းမွန်တဲ့ဗီတာမင်နဲ့အာဟာရတွေမစုပ်ယူနိုင်အောင်
တားဆီးထားတာကြောင့်ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင်တော့ အဆိပ်အတောက်တွေကို အရင်ဖယ်ရှားဖို့လိုပြီး ၊ အဆိပ်အတောက်တွေကိုမဖယ်ရှားဘူးဆိုရင်တော့
အာဟာရပြည့်ဝတာတွေ ဘယ်လောက်ပဲစားပေးပေမယ့် ခန္ဓာကိုယ်ကမစုပ်ယူနိုင်ပါဘူး။
(၄) အဆစ်တွေနာလာမယ်
အရင်ကဘာမှမဖြစ်ဘဲ ရုတ်တရက်အဆစ်တွေနာလာတာမျိုး၊ လမ်းနည်းနည်းလျှောက်ရုံနဲ့ ခြေထောက်တွေနာလာတာ၊ ရောင်လာတာတွေဖြစ်လာတယ်ဆိုရင် အသည်းမှာ အဆိပ်အတောက်တွေများနေလို့ပါ။
(၅) ညဘက်လွယ်လွယ်နဲ့အိပ်မပျော်ဘူး
ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေများနေတဲ့အခါ cortisol hormone ထုတ်လုပ်မှုများလာတာကြောင့် ညဘက်တွေမှာ လွယ်လွယ်နဲ့ အိပ်မပျော်တာမျိုး၊ အိပ်နေတုန်း ခဏခဏနိုးနေတာမျိုးတွေဖြစ်တတ်ပါတယ်။
(၆) ခံတွင်းအနံ့ဆိုးထွက်နေမယ်
အသည်းမှာ အဆိပ်အတောက်များနေတဲ့အခါ ခံတွင်းအနံ့ဆိုးထွက်စေပါတယ်။ သွားတိုက်တာ၊ ခံတွင်းနံ့ပျောက်ဆေးသုံးတာတောင် အနံ့ဆိုးတွေ မပျောက်ဘူးဆိုရင် အဆိပ်အတောက်တွေစုပုံနေလို့ပါ။
(၇) အရေပြားမှာ အလာ့ဂျစ်ဖြစ်ရင်
လူတချို့မှာ တစ်ခုခုနဲ့မတည့်လို့ အလာ့ဂျစ်ဖြစ်တတ်တာမျိုးရှိပြီး တချို့ကျတော့လည်း အလာ့ဂျစ်ဖြစ်တယ်ဆိုတာရှားပါတယယ်။ အလာ့ဂျစ်မဖြစ်တတ်တဲ့ သူတစ်ယောက်က အလာ့ဂျစ်ဖြစ်လွယ်တာမျိုး၊ အသားအရေယားယံတာမျိုးတွေဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်ထဲအဆိပ်အတောက်တွေများနေလို့ဖြစ်ပါတယ်။
(၈) ဆံပင်တွေအရမ်းကျွတ်မယ်၊လက်သည်း၊ခြေသည်းတွေကြွပ်ဆတ်နေမယ်
အဆိပ်အတောက်တွေက ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့အာဟာရတွေမစုပ်ယူနိုင်အောင် ဟန့်တားနေတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက်လိုအပ်တဲ့ ဗီတာမင်တွေမရရှိဘဲ ဆံပင်တွေအရမ်းကျွတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်နေတာမျိုးတွေဖြစ်လာပါလိမ့်မယ်။
အဆိပ်အတောက်ပြေအောင်လုပ်နိုင်မယ့်နည်း
အပေါ်မှာပြောခဲ့တဲ့အချက်တွေဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖြေဖို့ ဒီအချက်တွေကိုလုပ်ပါ။
ရေများများသောက်ပါ။ ယောဂလေ့ကျင့်ခန်း၊ လမ်းလျှောက်လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
ဆိုးဆေးနဲ့ သဘာဝမဟုတ်တဲ့အရောင်၊အနံ့ပါတဲ့အစားအစာတွေရှောင်ပါ။
ညအိပ်ခါနီးတိုင်း သွားတိုက်ပါ၊သွားပွတ်ကြိုးသုံးပြီး သွားသန့်ရှင်းရေးလုပ်ပါ၊ လျှာဆေးပါ။
……………………….
Credit \\ original




