ပရိသတ်တွေအတွက် သူမရဲ့အမိုက်စားပုံလေးတွေ ချပြလိုက်တဲ့ ဂန္တဝင်





တစ်ချိန်က ပရိသတ်တွေကြားမှာ နာမည်ကြီးလူကြိုက်များတဲ့ သရုပ်ဆောင် ဂန္တ၀င် ဟာဆိုရင် ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှကိုပိုင်ဆိုင်ထားသူလေးပါ။သူမသရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာ ရှိတာကြောင့် သူမကို အားပေးချစ်ခင်တဲ့ ပရိသတ်အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။ဂန္တ၀င် က နှစ်အတော်ကြာ အနုပညာလောကနဲ့ကင်းကွာခဲ့ပြီး ခုနောက်ပိုင်းမှာ အနုပညာလောကထဲကို တစ်ကျော့ပြန်ဝင်ရောက်လာတာပါ။ မိုမိုလေးချစ်ပရိသတ်တွေ အတွက် သရုပ်ဆောင် ဂန္တ၀င် ရဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။



တစ်ချိန်က Photo Model တစ်ဦးအနေနဲ့ရော နာမည်ကြီးခဲ့တဲ့သူမက ကြော်ငြာဘုရင်မ လို့ဆိုရလောက်အောင် ကြော်ငြာများစွာကိုလည်းရိုက်ကူးခဲ့သူပါ။သီချင်း MTV များစွာတို့မှာလည်း နေရာယူခဲ့တဲ့ သူုမက ပရိသတ်တွေ ရဲ့အသဲစွဲမင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။



လတ်တလောမှာ ဂန္တ၀င် က ” ကြယ်ကြွေချိန် မှာ နင်နဲ့ငါ” ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် အလင်းရောင်၊ ညီနန္ဒ၊ နေရဲ၊ ခြူးလေး၊ ရွှေရင်အေးတို့နဲ့ သရုပ်ဆောင်ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။



ဒီတစ်ခါမှာတော့ သရုပ်ဆောင် ဂန္တ၀င် က သူမရဲ့ဆွဲဆောင်မှုအပြည့် နဲ့အလှပုံရိပ်ကလေးတွေကို ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။



သရုပ်ဆောင် ဂန္တ၀င် ရဲ့ အလှပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit  \\  original

Recent Updates

Recent Posts Widget