ဆိုင်ကယ်မစီးရတဲ့နယ်မြေမှာ ဆိုင်ကယ်အရောင်းဆိုင်ကြီးတွေ ဟီးထနေတဲ့ မြန်မာပြည်
Unicode
လှိုင်သာယာမြို့နယ် အတွင်း မှာ ဆိုင်ကယ်တွေဖမ်းတယ် ဟုတ်ပါပြီ သက်ဆိုင်ရာလူကြီးမင်းတို့အနေဖြင့် ပြည်သူကတင်မြှောက်ခဲ့တဲ့ ပြည်သူ့အစိုးရတစ်ရပ်ဖြစ်ခဲ့ပါလျှင် ပြည်သူအတွက် အထူးသဖြင့် အောက်ခြေလူတန်းစားများအတွက် အဓိကထားအလေးပေးသင့်သည်ဟု ကျွနု်ုပ်တို့ တွေးမြင်မိပါသည်။လှိုင်သာယာမြို့နယ်အတွင် ဆိုင်ကယ်စီးနင်းသူများအနေဖြင့် ပါတ်ဝန်ကျင် ပြောဆိုမှု အမဲရောင်ရှိသလို တစ်နေ့လုပ်တစ်နေ့စားဘဝ ဆင်းရဲသားများလည်းရှိသည်ကို ဂရုပြုသင့်ပါသည်။ဒီနေရာမှာ အများပြောသည့်အမဲရောင်ဖြစ်နေခြင်းသည် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ တာဝန်ပေါ့လျော့မှု၊ ထိရောက်စွာကိုင်တွယ်ဖြေရှင်းမှုမရှိုခြင်းများကြောင့်သာ ပြည်သူ့ဘဝ အမဲရောင် သန်းနေရခြင်းဖြစ်ပေလိမ့်မည်။
အဓိက ဆိုင်ကယ်များစိစစ်အရေးယူလိုလျှင် ဆိုင်ကယ်အရောင်းဆိုင်၊ ဆိုင်ကယ်ရောင်းသည့်ကုပ္ပဏီများကို စတင်ကျပ်မတ်ဖို့လိုအပ်ပါလိမ့်မည်။အဆိုပါအရောင်းဆိုင်များမှ တရားမဝင် လိုင်စဉ်မယ့် ဆိုင်ကယ် များ ရောင်းချခြင်း အမည်ပေါက် မှတ်ပုံတင်ပြုလုပ်ပေးခြင်းများ စနစ်ကျမှု့မရှိခဲ့ပါလျှင် ယခုကဲ့သို ပြစ်မှုဖြစ်ပွါးလာမည်ကို နည်းစနစ်ကျယ်ပြန့်လာသော ခေတ်တစ်ခုတွင် ဖြစ်ပါွးနိုင်စရာ အကြောင်းမရှိပါ။မည်သူရဲ့ခွင့်ပြုမိန့်ဖြင့် ရောင်းချနေသည် မသိရသော ဆိုင်ကယ်အရောင်းဆိုင်များသည် တစ်နေ့ထက်တစ်နေ့ပေါများလာသည်မှာ ယနေ့ ထိတည်မြဲနေသော ဆိုင်ကယ်စီးနင်းခွင့်မရှိ ဥပဒေထုပ်ပြန်ထားသောမြို့နယ်များအတွင်း တွေ့ရသည်မှာ ပြည်သူကတင်မြှောက်ထားသော ပြည်သူ့အစိုးရအတွက် မေးမြန်းစရာ တစ်ခုဖြစ်နေခဲ့ပါသည်။
အမှန်တကယ် အခြေခံလူတန်းစားများနေထိုင်သော လှိုင်သာယာမြို့နယ်အတွက် အဓိက ကျသော နည်းစနစ်များဖြင့်ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ပြည်သူ့ဆန္ဒအရ သေချာစွာ စိစစ်လုပ်ဆောင်စေနိုင်ရန် အကြံပြုအပ်ပါသည်။ဆိုင်ကယ်အရောင်းဆိုင်များသည် ဆိုင်ကယ်စီးနင်းခွင့်မရှိသောမြို့နယ်များမှာရှိနေသည်မှာ သင့်လျှော်မှု ရှိပါသလား။ ခွင်ပြုသင့်ပါသလား။ ဆိုင်ကယ်စီးနင်းလုယက်မှု ဖြစ်သည်ဆိုသည့်ကိစ္စများအပေါ် တာဝန်ရှိသူများမှ ဒုစရိုက်မှုမဖြစ်ပေါ်စေရေး ပြည်သူ့ဘဝ လုံခြုံရေးအတွက် အရေးတယူဖြင့် အသွင်ယူ လုပ်ဆောင်အရေးယူသည်များ ရှိခဲ့ပါပြီလား။
လှိုင်သာယာသည် ဆင်းရဲသားအလုပ်သမားအောက်ခြေလူတန်းစားများစုံစည်းရာ၊ မြန်မာတပြည်လုံး၏ အလုပ်သမားများစုဝေးရာ ဆင်းရဲသားပြည်သူများရဲ့ ထမင်းအိုးကြီး ဖြစ်နေသည့်အတွက် ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများအပေါ် လုံခြုံမှု၊ စိတ်ချမ်းသာမှု ၊ တရားဥပဒေစိုးမိုးမှု့ အပြည့်အဝ ပေးနိုင်ခဲ့ပါပြီလားဆိုတာ ပြည်သူထဲက ပြည်သူတစ်ယောက်အနေဖြင့် မေးခွန်းထုပ်ရပါလိမ့်မည်။
လှိုင်သာယာမြို့နယ် သတင်းများ
လေးစားစွာဖြင့် ခရက်ဒစ်
Post Comment