ရောက်တဲ့နေရာမှာပျော်အောင် ကြိုးစားကြိတ်မှိတ်နေတယ်ဆိုတဲ့ မအေးသောင်း
မအေးသောင်းလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ အပျိုကြီးဆိုတဲ့ဂုဏ်ကို ဒီနေ့ဒီအချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲပါ။ လှပတဲ့ခန္ဓာကိုယ်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ကိုကိုတွေ မောင်မောင်တွေကြားမှာ ရေပန်းစားတဲ့ မအေးသောင်းကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အခုချိန်ထိ အောင်မြင်မှုတွေ ရရှိနေတဲ့သူလေး ဖြစ်ပါတယ်။ မအေးသောင်းက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို တောက်လျှောက်ဆိုသလို လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။
အေးဝတ်ရည်သောင်းက လက်ရှိမှာတော့ အဇာဘိုင်ဂျန် ဘာကုမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
အေးဝတ်ရည်သောင်းက ပုံလေးတွေတင်ရင်း “တစ်ယောက်တည်း အဆင်ပြေအောင် ရောက်တဲ့နေရာမှာ ပျော်အောင် ကြိုးစား ကြိတ်မှိတ်နေရတာပါပဲ။” ဆိုပြီး ဆိုထားတာကို တွေ့ရပါတယ်။
အေးဝတ်ရည်သောင်းကတော့ (၃၅) နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် အချစ်ရေးကို စိတ်မဝင်စားပဲ သူမချစ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့သာ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။
အေးဝတ်ရည်သောင်းကတော့ တစ်နေ့တစ်ခြား အလှတွေ ပိုလို့တောင် တိုးလာတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းရဲ့ လှပတဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original





