ခ်စ္သူေဟာင္းကုိ ေနာက္ေယာင္ခံဖုိ႔ တစ္လၾကာ ေရမခ်ိဳးဘဲ ကားထဲမွာပဲေနခဲ့တဲ့ အမ်ိဳးသား





တ႐ုတ္ႏုိင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ ခ်စ္သူေဟာင္းကို ေနာက္ေယာင္ခံလုိက္ဖုိ႔အတြက္ ကားထဲမွာပဲေနၿပီး၊ တစ္လၾကာ ေရမခ်ိဳးဘူးလုိ႔ ဆုိပါတယ္။ သူဟာ ခ်စ္သူေဟာင္းအေပၚမွာ စိတ္မျပတ္ႏုိင္ဘဲ၊ ေနာက္ကေန မနာလုိဝန္တုိစြာနဲ႔ လုိက္ေနခဲ့တာပါ။

အဆုိပါအမ်ိဳးူသားအမည္မွာ Lui ျဖစ္ၿပီး ခ်စ္သူေဟာင္းနဲ႔ (၁)ႏွစ္ခြဲၾကာ လက္တြဲအၿပီးမွာ တစ္ဖက္သတ္ လမ္းခြဲခံခဲ့ရတာပါ။ ဒါေၾကာင့္ သနားစဖြယ္ Lui ဟာ ေရမခ်ိဳးႏုိင္မုိးမခ်ိဳႏုိင္ဘဲ၊ သူမေနာက္ကုိ ျပန္ဆက္ရလုိ ဆက္ရျငား တစ္ေကာက္ေကာက္ ကားနဲ႔ လွည့္လုိက္ေနတာ ျဖစ္ပါတယ္။



ဒါေပမယ့္ Lui ဟာ တရားဝင္မိန္းမ ရွိေနလွ်က္နဲ႔ အိမ္ေထာင္ေရးေဖာက္ျပန္ကာ အဲဒီခ်စ္သူအမ်ိဳးသမီးနဲ႔ ေတြ႕ခဲ့တာပါ။ အဲဒီအမ်ိဳးသမီးက သူ႕မွာ ဇနီးရွိေနတယ္ဆုိတာသိေတာ့ ခ်က္ခ်င္း ျဖတ္ပစ္တာကုိ ခံခဲ့ရပါတယ္။ ဒီလုိနဲ႔ Lui ဟာ ဇနီးကို ခ်က္ခ်င္းကြာရွင္းေပးခဲ့ပါတယ္။

ဒါေပမယ့္ ရည္းစားေဟာင္းက သူ႕ကို ျပန္လက္မခံခဲ့ပါဘူး။ သူ႕ခမ်ာ အႀကီးလည္းလြတ္၊ အငယ္လည္း လြတ္ခဲ့ရၿပီး၊ ေနာက္ဆုံးေတာ့ ကြာရွင္းထားတဲ့ မယားႀကီးကို ျပန္ကပ္ဖုိ႔မႀကိဳးစားေတာ့ဘဲ၊ ရည္စားေဟာင္းကိုသာ ထန္းလွ်က္ေခြးေမွ်ာ္၊ တေကာ္ေကာ္နဲ႔ ေနာက္က လုိက္ေနေတာ့တာပါ။



ခ်စ္သူေဟာင္းရဲ႕အမည္မွာ Tang ျဖစ္ၿပီး၊ သူမက Lui ကုိ အိမ္ေထာင္မရွိဘူးထင္ၿပီး လက္ခံခဲ့တာလုိ႔ ေျပာပါတယ္။ Lui ဟာ သူမကုိ သိပ္မၾကာေသးခင္က ကားတင္ေျပးဖုိ႔ ႀကိဳးစားပါေသးတယ္။ အဲဒီတုန္းက ကားမေတာ္တဆမႈေတာင္ ျဖစ္ခဲ့ရၿပီး၊ Tang ဟာ Lui နဲ႔ လြတ္ရာေျပးပါေတာ့တယ္။

Hunan မွာ အထုိင္က်မယ္ရွိေသး Lui က သူမကို ေျခရာခံမိသြားျပန္ပါတယ္။ ဘယ္လုိမွ Tang က ျပန္အကပ္မခံေတာ့ ေမလ (၂၄)ရက္ေန႔မွာ သူမေနတဲ့အခန္းထိ ေဖာက္ထြင္းဝင္ေရာက္ၿပီး သူမကို သတ္ဖုိ႔ႀကိဳးစားခဲ့ပါတယ္။ ရဲကုိ တုိင္ေတာ့ Lui က ထြက္ေျပးတိမ္းေရွာင္ေနပါတယ္။

Credit  \\  original

source : World Of Buzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ ချစ်သူဟောင်းကို နောက်ယောင်ခံလိုက်ဖို့အတွက် ကားထဲမှာပဲနေပြီး၊ တစ်လကြာ ရေမချိုးဘူးလို့ ဆိုပါတယ်။ သူဟာ ချစ်သူဟောင်းအပေါ်မှာ စိတ်မပြတ်နိုင်ဘဲ၊ နောက်ကနေ မနာလိုဝန်တိုစွာနဲ့ လိုက်နေခဲ့တာပါ။

အဆိုပါအမျိုးူသားအမည်မှာ Lui ဖြစ်ပြီး ချစ်သူဟောင်းနဲ့ (၁)နှစ်ခွဲကြာ လက်တွဲအပြီးမှာ တစ်ဖက်သတ် လမ်းခွဲခံခဲ့ရတာပါ။ ဒါကြောင့် သနားစဖွယ် Lui ဟာ ရေမချိုးနိုင်မိုးမချိုနိုင်ဘဲ၊ သူမနောက်ကို ပြန်ဆက်ရလို ဆက်ရငြား တစ်ကောက်ကောက် ကားနဲ့ လှည့်လိုက်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် Lui ဟာ တရားဝင်မိန်းမ ရှိနေလျှက်နဲ့ အိမ်ထောင်ရေးဖောက်ပြန်ကာ အဲဒီချစ်သူအမျိုးသမီးနဲ့ တွေ့ခဲ့တာပါ။ အဲဒီအမျိုးသမီးက သူ့မှာ ဇနီးရှိနေတယ်ဆိုတာသိတော့ ချက်ချင်း ဖြတ်ပစ်တာကို ခံခဲ့ရပါတယ်။ ဒီလိုနဲ့ Lui ဟာ ဇနီးကို ချက်ချင်းကွာရှင်းပေးခဲ့ပါတယ်။

ဒါပေမယ့် ရည်းစားဟောင်းက သူ့ကို ပြန်လက်မခံခဲ့ပါဘူး။ သူ့ခမျာ အကြီးလည်းလွတ်၊ အငယ်လည်း လွတ်ခဲ့ရပြီး၊ နောက်ဆုံးတော့ ကွာရှင်းထားတဲ့ မယားကြီးကို ပြန်ကပ်ဖို့မကြိုးစားတော့ဘဲ၊ ရည်စားဟောင်းကိုသာ ထန်းလျှက်ခွေးမျှော်၊ တကော်ကော်နဲ့ နောက်က လိုက်နေတော့တာပါ။

ချစ်သူဟောင်းရဲ့အမည်မှာ Tang ဖြစ်ပြီး၊ သူမက Lui ကို အိမ်ထောင်မရှိဘူးထင်ပြီး လက်ခံခဲ့တာလို့ ပြောပါတယ်။ Lui ဟာ သူမကို သိပ်မကြာသေးခင်က ကားတင်ပြေးဖို့ ကြိုးစားပါသေးတယ်။ အဲဒီတုန်းက ကားမတော်တဆမှုတောင် ဖြစ်ခဲ့ရပြီး၊ Tang ဟာ Lui နဲ့ လွတ်ရာပြေးပါတော့တယ်။

Hunan မှာ အထိုင်ကျမယ်ရှိသေး Lui က သူမကို ခြေရာခံမိသွားပြန်ပါတယ်။ ဘယ်လိုမှ Tang က ပြန်အကပ်မခံတော့ မေလ (၂၄)ရက်နေ့မှာ သူမနေတဲ့အခန်းထိ ဖောက်ထွင်းဝင်ရောက်ပြီး သူမကို သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ရဲကို တိုင်တော့ Lui က ထွက်ပြေးတိမ်းရှောင်နေပါတယ်။

လင်းဇော်ကို (D Khit Media)

Credit  \\  original

Recent Updates

Recent Posts Widget