မလံုျခံဳေတာ့တဲ့ ေခတ္ႀကီးမွာ ေန႔ခင္းေၾကာင္ေတာင္ တိုက္ခန္း ၄ လႊာတက္လုဖို႔ၾကံစည္





မလံုျခံဳေတာ့တဲ့ ေခတ္ႀကီးမွာ ေန႔ခင္းေၾကာင္ေတာင္ တိုက္ခန္း ၄ လႊာတက္လုဖို႔ၾကံစည္

သူမ်ားေျပာလို႔ၾကားဖူးတာပဲ႐ွိတယ္ ခုမွကိုယ္တိုင္ ၾကံဳရေတာ့ လူက တုန္ေနတာပဲ အရမ္းလန္႔ပီး…..

ေန႔လယ္၃နာရ္ီေလာက္က သားအမိႏွစ္ေယာက္ ထဲအိမ္ထဲမွာ ကေလးကလဲ အိပ္ေနေတာ့မီးပူထိုင ္တိုက္ေနရင္းအျပင္က သံပန္းကိုထုေနေတာ့ ထြက္ၾကည့္တာ ေယာက်ာၤးတေယာက္


အသက္၃၀ေလာက္႐ွိမယ္ ဆံပင္ေကာက္ေကာက္နဲ႔ အက်ီအနီနဲ႔ ပစၥည္းလာယူတာတဲ့….

ကိုယ္ကလဲ Online Shopping လုပ္ေနတာဆိုေတာ့ အထည္လာယူတာပဲ ထင္တာ ကိုယ့္cusညီမေလးေတြက တခါတေလ သူတို႔မအားရင္ သူတို႔ေကာင္ေလးေတြ လာယူတက္တယ္

အာ့နဲ႔ဖြင့္ေပးဖို႔ ေသာ့သြားယူတာ ေနာက္မွသတိရသြားတယ္ အိမ္လာယူမဲ့အထည္ေတြက ခုမွအမ်ိဳးသားက ကားဂိတ္မွာသြားထုတ္တုန္း အာ့နဲ႔သူ႔ကိုအထည္က မေရာက္ေသးဖူးေျပာတာ

မသြားေသးပဲနဲ႔ ရပ္ပီးသံပန္းကို ဆက္ထုေနတယ္ ကိုယ္လဲေၾကာက္ပီးအိမ္ထဲဝင္ ေယာက်ာၤးကိုဖုန္းဆက္….

သူကဘာမွ မေၾကာက္နဲ႔ထြက္ေျပာ တဲ့ ထပ္လုပ္ရင္ရဲစခန္း ဖုန္းဆက္လိုက္မယ္ဆိုပီး ကိုယ္လဲထြက္ေျပာေရာ ေစာက္စကားမမ်ားနဲ႔ ဖြင့္မွာသာဖြင့္ဆိုပီးေသာ့ကို အတင္းဆြဲျဖဳတ္ေနတာ

ကိုယ့္မာေၾကာက္ပီး အိမ္ထဲေျပးဝင္သားက ပုခတ္ထဲကထုတ္ပီး အခန္းထဲဝင္ေနတာ….

သတၱိခဲမမက အေနာက္ေဖးက ဓားတေခ်ာင္းပါ အခန္းထဲယူထား လိုက္ေသးတယ္ ဝင္လာရင္ေတာ့ထိုးမာဆိုပီးအာ့နဲ႔တေအာင့္ၾကာေတာ့ လူတက္လာလို႔ထင္ပါတယ္

ဆင္းသြားပံုရတယ္ ကိုယ့္အခန္းကလဲ ၄လႊာမွာ ကိုယ္လဲေဘးခန္းက အန္တီကိုအကူညီေတာင္းပီး ကိုယ့္ေယာက်ာၤးျပန္ မလာမခ်င္းသူ႔အခန္းမွာ သြားထိုင္ေစာင့္ေနလိုက္တယ္…..

တကယ္ပါ အရင္ေန႔ေတြကဆို ေမ့ေမ့ေပ်ာက္ေပ်ာက္ပဲ သံပန္းတခါးေသာ့က္ုိ ခတ္ခ်င္မွခတ္တာ… အခန္းတံခါးပဲေလာ့ခ်ထားတယ္ ဒိီေန႔မွဘာစိတ္ကူးေပါက္တယ္မသိဖူး

ေယာက်ာၤးအျပင္ထြက္ေတာ့ ေသာ့လိုက္ခတ္မိလို႔  အရင္ေန႔ေတြလိုကသာဆိုရင္ အဲ့လူအိမ္ထဲေရာက္ပီး ဘာေတြဖစ္သြားမလဲ စဥ္းေတာင္မစဥး္စားရဲဖူး……

အဲ့လူဆီကအရက္နံ႕လဲမရဖူး ေဆးသမားလားမသိဖူး ပံုစံကလဲအဲ့လိုပံုစံနဲ႔  ကိုယ္လဲေၾကာက္ပီး ရင္ေတြတုန္ေနတာ ေတာ္ေတာ္နဲ႔မေပ်ာက္ဖူး…..တိုက္ခန္းနဲ႔ေနတဲ့ သူေတြသတိထားၾကပါေနာ္

ျဖစ္ႏိုင္ရင္ သံပန္းတံခါးေသာ့က ိုအျမဲခတ္ထားၾကပါ…..

မသိတဲ့လူဆိုေ သခ်ာေမးျမန္းပီးမွဖြင့္ေပးပါ…. ကိုယ္ကေတာ့ ပစၥည္းလာယ ူမယ္ေျပာတာနဲ႔ ကိုယ့္အထည္ယူမယ္ ထင္ပီးဖြင့္ေပးဖို႔လူပ္ေနတာ ကံေကာင္းလို႔ေပါ့….

အားလံုးသတိထား ေစခ်င္တဲ့စိတ္နဲ႔ေရးေပး လိူက္ပါတယ္ေနာ္……ေခတျ္ကီးကေၾကာက္စရာေကာင္းတယ္ ကိုယ့္အိမ္ထဲကိုယ္ေနတာ ေတာင္မလံု ျခံဳေတာ့ဖူး

Edit….ဘယ္ၿမိဳ႕ကလဲေမးေနၾကလိူ႔ပါေနာ္
ရန္ကုန္… သဃၤန္းကၽြန္း ၿမိဳ႕ကပါ

Poe Kay Khaing Oo

Credit  \\  original

Unicode

မလုံခြုံတော့တဲ့ ခေတ်ကြီးမှာ နေ့ခင်းကြောင်တောင် တိုက်ခန်း ၄ လွှာတက်လုဖို့ကြံစည်

သူများပြောလို့ကြားဖူးတာပဲရှိတယ် ခုမှကိုယ်တိုင် ကြုံရတော့ လူက တုန်နေတာပဲ အရမ်းလန့်ပီး…..

နေ့လယ်၃နာရ်ီလောက်က သားအမိနှစ်ယောက် ထဲအိမ်ထဲမှာ ကလေးကလဲ အိပ်နေတော့မီးပူထိုင ်တိုက်နေရင်းအပြင်က သံပန်းကိုထုနေတော့ ထွက်ကြည့်တာ ယောကျာင်္းတယောက်

အသက်၃ဝလောက်ရှိမယ် ဆံပင်ကောက်ကောက်နဲ့ အကျီအနီနဲ့ ပစ္စည်းလာယူတာတဲ့….

ကိုယ်ကလဲ Online Shopping လုပ်နေတာဆိုတော့ အထည်လာယူတာပဲ ထင်တာ ကိုယ့်cusညီမလေးတွေက တခါတလေ သူတို့မအားရင် သူတို့ကောင်လေးတွေ လာယူတက်တယ်

အာ့နဲ့ဖွင့်ပေးဖို့ သော့သွားယူတာ နောက်မှသတိရသွားတယ် အိမ်လာယူမဲ့အထည်တွေက ခုမှအမျိုးသားက ကားဂိတ်မှာသွားထုတ်တုန်း အာ့နဲ့သူ့ကိုအထည်က မရောက်သေးဖူးပြောတာ

မသွားသေးပဲနဲ့ ရပ်ပီးသံပန်းကို ဆက်ထုနေတယ် ကိုယ်လဲကြောက်ပီးအိမ်ထဲဝင် ယောကျာင်္းကိုဖုန်းဆက်….

သူကဘာမှ မကြောက်နဲ့ထွက်ပြော တဲ့ ထပ်လုပ်ရင်ရဲစခန်း ဖုန်းဆက်လိုက်မယ်ဆိုပီး ကိုယ်လဲထွက်ပြောရော စောက်စကားမများနဲ့ ဖွင့်မှာသာဖွင့်ဆိုပီးသော့ကို အတင်းဆွဲဖြုတ်နေတာ

ကိုယ့်မာကြောက်ပီး အိမ်ထဲပြေးဝင်သားက ပုခတ်ထဲကထုတ်ပီး အခန်းထဲဝင်နေတာ….

သတ္တိခဲမမက အနောက်ဖေးက ဓားတချောင်းပါ အခန်းထဲယူထား လိုက်သေးတယ် ဝင်လာရင်တော့ထိုးမာဆိုပီးအာ့နဲ့တအောင့်ကြာတော့ လူတက်လာလို့ထင်ပါတယ်

ဆင်းသွားပုံရတယ် ကိုယ့်အခန်းကလဲ ၄လွှာမှာ ကိုယ်လဲဘေးခန်းက အန်တီကိုအကူညီတောင်းပီး ကိုယ့်ယောကျာင်္းပြန် မလာမချင်းသူ့အခန်းမှာ သွားထိုင်စောင့်နေလိုက်တယ်…..

တကယ်ပါ အရင်နေ့တွေကဆို မေ့မေ့ပျောက်ပျောက်ပဲ သံပန်းတခါးသော့က်ုိ ခတ်ချင်မှခတ်တာ… အခန်းတံခါးပဲလော့ချထားတယ် ဒိီနေ့မှဘာစိတ်ကူးပေါက်တယ်မသိဖူး

ယောကျာင်္းအပြင်ထွက်တော့ သော့လိုက်ခတ်မိလို့ အရင်နေ့တွေလိုကသာဆိုရင် အဲ့လူအိမ်ထဲရောက်ပီး ဘာတွေဖစ်သွားမလဲ စဉ်းတောင်မစဥး်စားရဲဖူး……

အဲ့လူဆီကအရက်နံ့လဲမရဖူး ဆေးသမားလားမသိဖူး ပုံစံကလဲအဲ့လိုပုံစံနဲ့ ကိုယ်လဲကြောက်ပီး ရင်တွေတုန်နေတာ တော်တော်နဲ့မပျောက်ဖူး…..တိုက်ခန်းနဲ့နေတဲ့ သူတွေသတိထားကြပါနော်

ဖြစ်နိုင်ရင် သံပန်းတံခါးသော့က ိုအမြဲခတ်ထားကြပါ…..

မသိတဲ့လူဆိုေ သချာမေးမြန်းပီးမှဖွင့်ပေးပါ…. ကိုယ်ကတော့ ပစ္စည်းလာယ ူမယ်ပြောတာနဲ့ ကိုယ့်အထည်ယူမယ် ထင်ပီးဖွင့်ပေးဖို့လူပ်နေတာ ကံကောင်းလို့ပေါ့….

အားလုံးသတိထား စေချင်တဲ့စိတ်နဲ့ရေးပေး လိူက်ပါတယ်နော်……ခေတြ်ကီးကကြောက်စရာကောင်းတယ် ကိုယ့်အိမ်ထဲကိုယ်နေတာ တောင်မလုံ ခြုံတော့ဖူး

Edit….ဘယ်မြို့ကလဲမေးနေကြလိူ့ပါနော်
ရန်ကုန်… သင်္ဃန်းကျွန်း မြို့ကပါ

Poe Kay Khaing Oo


Credit  \\  original


Recent Updates

Recent Posts Widget