“ပရိသတ္ေတြေၾကြက်သြားမယ့္ မာဗယ္ဗီလိန္ေတြရဲ့ ေနာက္ကြြယ္က ေခ်ာေမာလွပတဲ့ ရုပ္ရည္မ်ား”





ကေလးဘဝက ႐ုပ္႐ွင္ကို စၾကည့္တတ္တဲ့အရြယ္ကစၿပီး က်ေနာ္တို႔ တေတြဟာ ႐ုပ္႐ွင္စၾကည့္လာၾကတဲ့သူေတြပါ ။ တခ်ိဳ႕ဇာတ္ကားေတြမွာေတာ့ လူဆိုးေတြဟာ (အထူးသျဖင့္ Super Heroဇာတ္ကား ဗီလိန္) သူတို႔ရဲ႕ ေမြးရာပါ ႐ုပ္မဟုတ္ပဲ Make up ေတြ Effect သံုးၿပီးမွာ သ႐ုပ္ေဆာင္ၾကပါတယ္။ အဲ့ဒီလိုလူေတြအမ်ားႀကီးထဲကမွ ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြကို ေဖာ္ျပေပးခ်င္တဲ့ သ႐ုပ္ေဆာင္ တခ်ိဳ႕႐ွိပါတယ္။ အဲ့ဒီသူေတြကဘယ္သူေတြ ျဖစ္ေနမလဲဆိုတာကို ၾကည့္႐ႈလိုက္ရေအာင္လား ခင္ဗ်ာ ။

1. Mysterio – Jake Gyllenhaal



အခုဆိုရင္ Spider Man Far From Home ကို ႏိုင္ငံတကာ႐ံုတင္ျပသေနပါၿပီ ။ အဲ့ဒီထဲမွာေတာ့ Marvel Universe ရဲ႕ အဓိက ဗီလိန္တစ္ေယာက္ျဖစ္တဲ့ Mysterio ေနရာမွာေတာ့ အေမရိကန္ သ႐ုပ္ေဆာင္မင္းသား Jake Gyllenhall ပါဝင္သ႐ုပ္ေဆာင္ထားတာပဲျဖစ္ ပါတယ္။ ဒီ ဇာတ္လမ္းထဲမွာေတာ့ သူရဲ႕ဇာတ္႐ုပ္က Make Up ေတြဘာေတြ ထူပိန္းေနေအာင္ လိမ္းရတဲ့ ဒါမွမဟုတ္ CGI ေတြ သံုးၿပီး႐ုပ္ဖ်က္ထားရတဲ့ ေနရာတစ္ခုေတာ့ မဟုတ္ခဲ့ပါဘူး ။သူရဲ႕ ဖန္သားနဲ႔လုပ္ထားတဲ့ helmet ႀကီးကိုပဲေဆာင္းခဲ့ရတာပါ ။ Trailer မွာေတာ့ သူ အဲ့ဒီဟာႀကီးကို ေဆာင္းတဲ့အခန္းမပါသေလာက္႐ိွခဲ့ေပမယ့္ ဇာတ္လမ္းထဲက Scene တစ္ခုမွာေတာ့ အဲ့ဒီဟာႀကီးကိုေဆာင္းၿပီး႐ိုက္ခဲ့ရပါတယ္။

2. Juggernaut – Ryan Reynolds



လူနည္းစုကေတာ့ Ryan Raynolds ကို Deadpool ေနရာတစ္ခုတည္းမွာ သ႐ုပ္ေဆာင္ခဲ့တာမဟုတ္ဘူး လို႔သိၾကတာပါ ။ တကယ္ေတာ့ သူက အဓိက ဗီလိန္ေနရာျဖစ္တဲ့ Juggernaut ေနရာမွာလည္း သ႐ုပ္ေဆာင္ထားတာပါ။ ႀကီးထြားတဲ့ ခႏၶာကိုယ္ႀကီးကို ေတာ့ CGI ေတြျပဳလုပ္ၿပီးသ႐ုပ္ေဆာင္ခဲ့ျဖစ္ပါတယ္ ။

3. Ghost – Hannah Jhon-Kamen



ၿဗိတိသွ် သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ Hannah Jhon_Kamen က Ghost ဆိုတဲ့ Ant-Man And Wasp ဇာတ္လမ္းမွာ ပါတဲ့ အဓိက သ႐ုပ္ေဆာင္ထားတဲ့သူပါပဲ ျဖစ္ပါတယ္ ။ သူရဲ႕ သ႐ုပ္တဲ့အခ်ိန္မွာလည္း သူရဲ႕မူရင္း႐ုပ္ကို ျပတဲ့အခန္းေပမယ့္ အေကာင္းဆံုးသ႐ုပ္ေဆာင္ခဲ့တယ္ ဆိုတာ အားလံုးသိၾကမွာပါ ။

4. Iron Monger – Jeff Bridge



အဲ့ဒီဗီလိန္ရဲ႕ မူရင္းနာမည္ကေတာ့ Obadiah Staneပါ ။ သူ႔ကိုလည္း အားလံုးမွတ္မိၾကမယ္ထင္ပါတယ္ ။ သူေနရာ သ႐ုပ္ေဆာင္ခဲ့တဲ့သူကေတာ့ Jeff Bridges ပဲျဖစ္ပါတယ္ ။ သူကေတာ့ ႐ုပ္႐ွင္ေပါင္းမ်ားစြာကို ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး The Big Lebowski ဆိုတဲ့ဇာတ္ကားမွာေတာ့ ေခါင္းေဆာင္အပိုင္းက သ႐ုပ္ေဆာင္ခဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္ ။

5. Mystique — Rebecca Romijn



ဒီဇာတ္ေကာင္ကေတာ့ က်ေနာ္တို႔ငယ္ငယ္ ကတည္းက ေတြ႔ျမင္ရင္းနီးေနတဲ့ ဇာတ္ေကာင္တစ္ခုျဖစ္ပါတယ္ ။ သူက X-Men ပထမဆံုးဇာတ္ကားသံုးကားမွာ အမ်ိဳးသမီး mutant တစ္ေယာက္ျဖစ္တဲ့ Mystique ေနရာကေန သ႐ုပ္ေဆာင္ခဲ့တဲ့ Rebecca ကေတာ့ ဇာတ္ကား႐ိုက္ကူးေနစဥ္မွာ ကိုယ္လံုးတီး နည္းပါးေလာက္ခႏၶာကိုယ္ကို မိတ္ကပ္ေတြ ၈ နာရီ ၉နာရီေလာက္ လိမ္းၿပီး သ႐ုပ္ေဆာင္ထားခဲ့တာ ျဖစ္ပါတယ္ ။ဆိုေတာ့ သူလည္း ေတာ္ေတာ္ ပင္ပန္းခဲ့မွာပဲေနာ္ ။

6. Proxima Midnight — Carrie Coon



Proxima Midnight ကို Marvelရဲ႕ Avenger Infinity War မွ စတင္မိတ္ဆက္ခဲ့တဲ့ ဗီလိန္တစ္ေယာက္ျဖစ္ပါတယ္။ သူကေတာ့Thanos ကို Infinity Stonesေတြ႐ွာဖို႔ကူညီတဲ့ေနရာမွာ ကူညီရတာပဲျဖစ္ပါတယ္။ သူေနရာမွာသ႐ုပ္ေဆာင္ထားတဲ့သူကေတာ့ Carrie Coon ဆိုတဲ့ အေမရိကန္သ႐ုပ္ေဆာက္ပဲျဖစ္ပါတယ္ ။ Black Widow တို႕ နဲ႔ အေသအေၾကဖိုက္ခဲ့ လူဆိုးမႀကီးကို အားလံုးသိၾကမယ္ထင္ပါတယ္။

Credit: နံမည္ႀကီး

Unicode Version

ကလေးဘဝက ရုပ်ရှင်ကို စကြည့်တတ်တဲ့အရွယ်ကစပြီး ကျနော်တို့ တတွေဟာ ရုပ်ရှင်စကြည့်လာကြတဲ့သူတွေပါ ။ တချို့ဇာတ်ကားတွေမှာတော့ လူဆိုးတွေဟာ (အထူးသဖြင့် Super Heroဇာတ်ကား ဗီလိန်) သူတို့ရဲ့ မွေးရာပါ ရုပ်မဟုတ်ပဲ Make up တွေ Effect သုံးပြီးမှာ သရုပ်ဆောင်ကြပါတယ်။ အဲ့ဒီလိုလူတွေအများကြီးထဲကမှ ပြောချင်လွန်းလို့ ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့ သရုပ်ဆောင် တချို့ရှိပါတယ်။ အဲ့ဒီသူတွေကဘယ်သူတွေ ဖြစ်နေမလဲဆိုတာကို ကြည့်ရှုလိုက်ရအောင်လား ခင်ဗျာ ။

1. Mysterio – Jake Gyllenhaal



အခုဆိုရင် Spider Man Far From Home ကို နိုင်ငံတကာရုံတင်ပြသနေပါပြီ ။ အဲ့ဒီထဲမှာတော့ Marvel Universe ရဲ့ အဓိက ဗီလိန်တစ်ယောက်ဖြစ်တဲ့ Mysterio နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား Jake Gyllenhall ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ် ပါတယ်။ ဒီ ဇာတ်လမ်းထဲမှာတော့ သူရဲ့ဇာတ်ရုပ်က Make Up တွေဘာတွေ ထူပိန်းနေအောင် လိမ်းရတဲ့ ဒါမှမဟုတ် CGI တွေ သုံးပြီးရုပ်ဖျက်ထားရတဲ့ နေရာတစ်ခုတော့ မဟုတ်ခဲ့ပါဘူး ။သူရဲ့ ဖန်သားနဲ့လုပ်ထားတဲ့ helmet ကြီးကိုပဲဆောင်းခဲ့ရတာပါ ။ Trailer မှာတော့ သူ အဲ့ဒီဟာကြီးကို ဆောင်းတဲ့အခန်းမပါသလောက်ရှိခဲ့ပေမယ့် ဇာတ်လမ်းထဲက Scene တစ်ခုမှာတော့ အဲ့ဒီဟာကြီးကိုဆောင်းပြီးရိုက်ခဲ့ရပါတယ်။

2. Juggernaut – Ryan Reynolds

လူနည်းစုကတော့ Ryan Raynolds ကို Deadpool နေရာတစ်ခုတည်းမှာ သရုပ်ဆောင်ခဲ့တာမဟုတ်ဘူး လို့သိကြတာပါ ။ တကယ်တော့ သူက အဓိက ဗီလိန်နေရာဖြစ်တဲ့ Juggernaut နေရာမှာလည်း သရုပ်ဆောင်ထားတာပါ။ ကြီးထွားတဲ့ ခန္ဓာကိုယ်ကြီးကို တော့ CGI တွေပြုလုပ်ပြီးသရုပ်ဆောင်ခဲ့ဖြစ်ပါတယ် ။

3. Ghost – Hannah Jhon-Kamen

ဗြိတိသျှ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Hannah Jhon_Kamen က Ghost ဆိုတဲ့ Ant-Man And Wasp ဇာတ်လမ်းမှာ ပါတဲ့ အဓိက သရုပ်ဆောင်ထားတဲ့သူပါပဲ ဖြစ်ပါတယ် ။ သူရဲ့ သရုပ်တဲ့အချိန်မှာလည်း သူရဲ့မူရင်းရုပ်ကို ပြတဲ့အခန်းပေမယ့် အကောင်းဆုံးသရုပ်ဆောင်ခဲ့တယ် ဆိုတာ အားလုံးသိကြမှာပါ ။

4. Iron Monger – Jeff Bridge
အဲ့ဒီဗီလိန်ရဲ့ မူရင်းနာမည်ကတော့ Obadiah Staneပါ ။ သူ့ကိုလည်း အားလုံးမှတ်မိကြမယ်ထင်ပါတယ် ။ သူနေရာ သရုပ်ဆောင်ခဲ့တဲ့သူကတော့ Jeff Bridges ပဲဖြစ်ပါတယ် ။ သူကတော့ ရုပ်ရှင်ပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ခဲ့ပြီး The Big Lebowski ဆိုတဲ့ဇာတ်ကားမှာတော့ ခေါင်းဆောင်အပိုင်းက သရုပ်ဆောင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် ။

5. Mystique — Rebecca Romijn
ဒီဇာတ်ကောင်ကတော့ ကျနော်တို့ငယ်ငယ် ကတည်းက တွေ့မြင်ရင်းနီးနေတဲ့ ဇာတ်ကောင်တစ်ခုဖြစ်ပါတယ် ။ သူက X-Men ပထမဆုံးဇာတ်ကားသုံးကားမှာ အမျိုးသမီး mutant တစ်ယောက်ဖြစ်တဲ့ Mystique နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ Rebecca ကတော့ ဇာတ်ကားရိုက်ကူးနေစဉ်မှာ ကိုယ်လုံးတီး နည်းပါးလောက်ခန္ဓာကိုယ်ကို မိတ်ကပ်တွေ ၈ နာရီ ၉နာရီလောက် လိမ်းပြီး သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ် ။ဆိုတော့ သူလည်း တော်တော် ပင်ပန်းခဲ့မှာပဲနော် ။

6. Proxima Midnight — Carrie Coon
Proxima Midnight ကို Marvelရဲ့ Avenger Infinity War မှ စတင်မိတ်ဆက်ခဲ့တဲ့ ဗီလိန်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့Thanos ကို Infinity Stonesတွေရှာဖို့ကူညီတဲ့နေရာမှာ ကူညီရတာပဲဖြစ်ပါတယ်။ သူနေရာမှာသရုပ်ဆောင်ထားတဲ့သူကတော့ Carrie Coon ဆိုတဲ့ အမေရိကန်သရုပ်ဆောက်ပဲဖြစ်ပါတယ် ။ Black Widow တို့ နဲ့ အသေအကြေဖိုက်ခဲ့ လူဆိုးမကြီးကို အားလုံးသိကြမယ်ထင်ပါတယ်။

Credit: နံမည်ကြီး

Recent Updates

Recent Posts Widget