ကလေးမုဒိမ်းကောင်များကို ထောင်မှမလွတ်မီ သင်းကွပ်ပစ်ရန် ဥပဒေကြမ်း အမေရိကန်တွင် အတည်ပြု





ကလေးမုဒိမ်းကောင်များကို ထောင်မှမလွတ်မီ သင်းကွပ်ပစ်ရန် ဥပဒေကြမ်း အမေရိကန်တွင် အတည်ပြု

အမေရိကန် အလာဘားမားပြည်နယ်တွင် ကလေးမုဒိမ်းမှု ကျူးလွန်သူများ၌ လိုအပ်သူအချို့အား အကျဉ်းထောင်မှမလွတ်မီ

တစ်လအလိုတွင်ဓါတုဗေဒနည်းဖြင့် သင်းကွပ်ပေးနိုင်မည့် ဥပဒေကြမ်း တစ်ရပ်ကို ပြည်နယ်လွှတ်တော်အမတ်များက

အတည်ပြုပေးခဲ့ကြောင်း Huffpost ကဇွန်လ ၅ ရက်နေ့တွင် ရေးသားသည်။အလာဘားမားပြည်နယ် ဥပဒေအမှတ် HB 379 အရ

အသက် ၁၃ နှစ် အောက် ကလေးသူငယ်အား လိင်ကျူးလွန်သည့်အသက် ၂၁ နှင့်အထက် မည်သူမဆို ဓါတုဗေဒနည်းဖြင့်

သင်းကွပ်ရမည့်အပြင် အခြားသော ပြစ်ဒါဏ်များ သို့မဟုတ် တည်ဆဲဥပဒေများအရလည်း ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်ဖြစ်သည်။

ဓါတုဗေဒနည်းဖြင့် သင်းကွပ်ရာတွင် မီဒရော့စီပရောဂျက်စတီရုန်း medroxyprogesterone ကဲ့သို့ သတ်မှတ်ထားသော

ဓါတုဗေဒဆေးဝါးကို ထိုးနှံပေးခြင်းဖြင့်ယောက်ျားတစ်ဦး၏ ခန္ဓာကိုယ်တွင်း တက်စတိုစတီရုန်း testosterone နှင့် အခြားသော

ဟိုမုန်းများထုတ်လုပ်ခြင်းကို တားဆီးပေးပြီး ရာဂ စိတ်နှင့် လိင်စွမ်းဆောင်မှုကိုလျှော့နည်းသွားစေမည်ဖြစ်သည်။



၎င်းမှာ ယောက်ျားတို့တွင် မျိုးပွားအင်္ဂါကို ဖယ်ရှား၍ ခွဲစိတ်သင်းကွပ်နည်းနှင့် မတူပဲ၊ ကျားနှင့်

မနှစ်မျိုးစလုံးတို့တွင် အသုံးပြုနိုင်သည့်ပြောင်းပြန်ကုသ နည်းဖြစ်သည်။အချိန်မတိုင်မီ ကတိခံဝန်ဖြင့် လွှတ်ပေးခြင်းခံရသူသည် အဆိုပါ

ဥပဒေအရ ဓါတုဗေဒဆေးဝါး ထိုးနှံပေးခြင်း အတွက် ကုန်ကျစရိတ်ကို

ကျခံရမည်ဖြစ်ပြီး အကယ်၍ လွှတ်ပေးခံရသူက စရိတ်ပေးရန် မတတ်နိုင်လျှင် အချိန်မတိုင်မီလွှတ်ပေးခြင်း မရှိ မဖြစ်စေရဟု ဆိုသည်။

“ ဒီဥပဒေကြမ်းကို ကျွန်တော်ဦးဆောင်ပြီးတင်သွင်းတဲ့အခါ ဒါကြီးက လူမဆန်တဲ့ အလုပ်ဆိုတာ သိရဲ့လားလို့ လူတွေက ကျွန်တော့်ကို

မေးကြတယ်။ အဲဒီတော့ ထွက်လဲမပြေးနိုင်ကိုယ့်ကိုယ်ကိုယ်လဲ ခုခံကာကွယ်နိုင်စွမ်း မရှိတဲ့ ကလေးသူငယ်တွေအပေါ် လိင်စော်ကားပြီး

သူတို့လေးတွေ ဘ၀ တစ်လျှောက်လုံး နာကျဉ်သွားစေတာကြောင့် “ဘ၀တစ်လျှောက်လုံးနော် “

ခုလိုအပြစ်ပေးတာနဲ့ ဘယ်ဟာက ပိုပြီး လူမဆန်တာလဲလို့ ကျွန်တော်က ပြန်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်၊ ကျူးလွန်သူဟာ

ဒီကလေးတွေကို တစ်သက်လုံး အမှတ်ရသွားစေဖို့အပြစ်ပေးခြင်းဟာ တရားမျှတပါတယ် “ ဟု ဥပဒေကြမ်း တင်သွင်းသူ

ရီပတ်ဘလစ်ကင် အမတ် စတိဗ်ဟာ့စ် က ခုခံပြောဆိုသည်။အမေရိကန်တွင် ကယ်လီဖိုးနီးယားသည်

၁၉၉၆ ခုနှစ်တွင် ဓါတုဗေဒနည်းဖြင့် သင်းကွပ်ရန် ဥပဒေ ပြဌာန်းသည့် ပထမဆုံးပြည်နယ်ဖြစ်ခဲ့သည်။ ထိုနောက် ဖလော်ရီဒါ၊

လူစီယားနား၊ မွန်တားနား၊ အော်ရီဂွန်နှင့် ၀စ်စ်ကွန်ဆင်တို့တွင်အချို့သောမှုခင်းများအတွက် ဓါတုဗေဒနည်းဖြင့် သင်းကွပ်ရန်ြ

ပဋ္ဌာန်းခဲ့သည်။ တက္ကဆက်ပြည်နယ်တွင်မူ ကလေးမုဒိမ်းမှုကျူးလွန်သူအား ခွဲစိတ်နည်းဖြင့် သင်းကွပ်ရန် ဆန္ဒအလျှောက်ရွေးချယ်ခွင့်

ပြန်လည်ပြဋ္ဌာန်းခဲ့သည်။အမေရိကန်မြို့ပြ လူမှုလွတ်လပ်ရေး ယူနီယံ က ဓါတုဗေဒနည်းရော ခွဲစိတ်နည်းဖြင့် သင်းကွပ်ခြင်းကိုပါ

လူတစ်ဦး၏ ပုဂ္ဂလိက အခွင့်အရေးကို ချိုးဖောက်ရာရောက်ပြီးရက်စက်၍ သဘာဝမကျသော အပြစ်ပေး နည်းအဖြစ်

ကန့်ကွက်ခဲ့သည်။လွှတ်တော်အမတ် စတိဗ်ဟာ့စ်အနေဖြင့် ၂၀၁၃၊ ၂၀၁၄ နှင့် ၂၀၁၆ တို့တွင် အလားတူဥပဒေကြမ်းကို

တင်သွင်းခဲ့ဖူးသည်။ပြည်နယ်လွှတ်တော်က ဥပဒေကြမ်းကို ခွင့်ပြုသော်လည်း ကလေးမုဒိမ်းမှု ကျူးလွန်သူက ခွဲစိတ်သင်းကွပ်သည့်

ကုန်ကျစရိတ်ကို ကျခံရမည်ဖြစ်သည့်အတွက် လက်တွေ့ပြဋ္ဌာန်းရန် မဖြစ်နိုင်ပဲ ပျက်ပြားခဲ့ရခြင်းဖြစ်သည်။

လွှတ်တော်က အတည်ပြုပြီး ဥပဒေကြမ်းသည် ပြည်နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုးလျှင်ဖြစ်စေ၊ အတည်ပြုပြီး ၃လကြာမြင့်၍ ပထမနေ့တွင်ဖြစ်စေ အာဏာတည်မည်ဖြစ်သည်။

Credit- အကုန်သိ

Recent Updates

Recent Posts Widget