မီတာတစ်ယူနစ်ဈေး ကွမ်းတစ်ယာဖိုးနဲ့ ခိုင်းနှိုင်းတွက်ပြလိုက်တဲ့ လျှပ်စစ်အတွင်းဝန်





လျှပ်စစ်မီတာဟာ ရောင်းကုန်ပစ္စည်းတစ်ခုသာဖြစ်ပြီး ဖုန်း ဘီလ်လိုပဲ ကိုယ်သုံးသလောက်  ကျသင့် တာဖြစ်လို့ မီတာခတွေ တိုးမြှင့်ကောက်ခံ တာဟာ ကုန်ဈေးနှုန်းအပေါ် ရိုက်ခတ် မှု  အနည်းအကျဉ်းသာ  ရှိနိုင်တယ်လို့  လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက သိရ ပါ တယ်။လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိ ယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က “ပြည် သူတွေရော အားလုံးတော်တော်များများ က ပြောကြတယ်၊ မီးခွန်ဆိုပြီး  ပြောကြ တယ်၊  ဒါအယူအဆလေး တစ်ခု လွဲနေတာ ပါ၊  အဲဒါ မီးခွန်မဟုတ်ပါဘူး၊  ဒါက  ရောင်း ကုန် ပစ္စည်းတစ်ခုပဲ၊ ကျွန်တော်တို့က ရောင်းတဲ့ဌာနကြီး၊ ကျွန်တော်တို့ က ဝယ် သုံးရတယ်၊ ဖုန်းဘီလ်လိုပဲ၊  ဖုန်းဆိုလဲ ဖုန်း ဘီလ်လို့သာ ပြောတယ်။ တယ်လီဖုန်း အ ခွန်လို့ မခေါ်ကြဘူး၊ ဖုန်းဘီလ်လိုပဲ ခေါ်ကြ တယ်၊ ကိုယ်သုံးချင်သလောက် ဝယ်သုံး ရ တယ်၊  မီးဆိုတာလဲ ရောင်းကုန်ပစ္စည်းပဲ၊ ဒီ ရောင်းကုန်ပစ္စည်းအပေါ်  ထိုက်ထိုက်တန် တန်  ပေးဝယ်ရတာ”လို့ ပြောပါတယ်။


နေပြည်တော်  လျှပ်စစ်နှင့်စွမ်းအင် ဝန် ကြီးဌာနမှာ  လစဉ်ကျင်းပပြုလုပ်တဲ့  သ တင်းစာရှင်းလင်းပွဲမှာ အမြဲတမ်း အတွင်း ဝန်က ပြောခဲ့တာ ဖြစ်ပါ တယ်။သည်လို မီတာခတွေ ပေးဝယ်တဲ့အခါ မှာလည်း တစ်ဦးတစ်ယောက်တည်း အ တွက်  အသုံးပြုရတာ  မဟုတ်ဘဲ  မိသားစု တစ်ခုလုံးအတွက်  ထမင်းဟင်းချက်ပြုတ် တာက အစ အသုံးအဆောင်တွေ  အကုန် လုံး အသုံးပြုနေရတာ ဖြစ်ပြီး မိသားစု တစ် ခုလုံး မျှခံသုံးစွဲနေရတာဖြစ်လို့  မီတာတိုး သွားတာဟာ မျှခြေကိုက်တယ်လို့   ပြောပါ တယ်။

ဦးစိုးမြင့်က “အခု  ကွမ်းယာ တစ်ယာ တောင် ၄၀ မကတော့ဘူးလေ၊  ကွမ်းယာ တစ်ယာဖိုးပဲ  ရှိတယ်၊  ကွမ်းယာ တစ်ယာ အ တွက် ၄၀ က  တစ်ဦးချင်း သုံးတာ၊  ကွမ်းယာ တစ်ယောက်တည်း စားတာ၊ ဆေးလိပ် ဝယ်တာ တစ်ယောက်တည်း သောက်တာ၊  ဒီ ၄၀ တိုးသွားတယ်ဆိုတာက မီးဆိုတာ မိသားစု တစ်ခုလုံးအတွက် ထမင်းဟင်း  တွေ  ချက်မယ်၊  မီးတွေ  လင်းမယ်၊ အသုံး အ ဆောင်တွေ   သုံးတဲ့ အတွက် မိသားစု  တစ်စု မျှခြေနဲ့ ကြည့်မယ်ဆို မိသားစု တစ်စုစာ မျှခံ ရတဲ့ နှုန်းထားဖြစ်တယ်”လို့ ပြောပါတယ်။

သည်လို မီတာခတွေ  တိုးမြှင့်ကောက် ခံတာကြောင့် ကုန်ဈေးနှုန်းတွေအပေါ်  အ များကြီး သက်ရောက်မှု မရှိနိုင်ဘဲ ကုန်ဈေး နှုန်း  တက်ဖို့က ရာခိုင်နှုန်း နည်းပါလိမ့်မယ် လို့ သိရပါတယ်။ဦးစိုးမြင့်က “ကုန်ဈေးနှုန်း တက်မှုမှာ မီတာခ မပါဘူးလို့တော့ မငြင်းလိုပါဘူး၊ဒါ ပေမဲ့ ပွိုင့်လောက်ပဲ ပါမယ်၊  ဘာကြောင့် လဲ ဆိုတော့  ကုန်ပစ္စည်းတစ်ခုရှိဖို့က  မီးချည်း ပဲ ရှိလို့ စက်ပဲလည်လို့ ကုန်ပစ္စည်းက ထွက်မသွားဘူး၊ ဒီစက်လည်ဖို့   ပစ္စည်းတစ် ခု ထွက်ဖို့  အခြေခံ သူ့ရဲ့  ကုန်ကြမ်းယူရဦး မယ်၊ ကုန်ကြမ်းစရိတ်ရှိမယ်” လို့ ပြောပါ တယ်။သူက ဆက်ပြီး“ကုန်ကြမ်းသယ်ယူဖို့  သယ်ယူစရိတ်ရှိမယ်၊ ထုတ်လုပ်မှု စရိတ် ရှိ မယ်၊   ထုတ်လုပ်မှုစရိတ်မှာ   မီတာခ  လေးပါ သွားပြီ၊ ပြီးရင် အလုပ်သမား စရိတ် ရှိတယ်၊ ဒါတွေ အကျုံးဝင်မှ  ကုန်ဈေးနှုန်းလို့ ယူဆ ရမယ်  ထင်တယ်၊ ဘာလိုလဲဆိုတော့ ဒီတစ် ခုလေးနဲ့ တော့ ကုန်ဈေးနှုန်းကို အခြေမခံ ဘူးလို့ ကျွန်တော့်အနေနဲ့ ကျွန်တော်ရဲ့  ယူ ဆချက်ပါ”လို့ ပြောပါတယ်။

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှု ကြောင့် လျှပ်စစ်ဓာတ်အား အများအပြား  အသုံးပြုရတဲ့ ကုန်ပစ္စည်းတွေမှာ ဈေးနှုန်း တိုးမြှင့်လာနိုင်ပေမဲ့ ရိုးရိုး ပစ္စည်း  ထုတ်တဲ့  လုပ်ငန်းတွေမှာတော့  သက် ရောက်မှု  သိပ် မရှိနိုင်ဘူးလို့ လည်း ရန်ကုန်  လျှပ်စစ် ဓာတ် အား ပေးရေး ကော်ပိုရေး ရှင်း ဒါရိုက်တာ  အဖွဲ့ဝင် ဦးအောင်ကျော် ဦး က ပြောပါ တယ်။လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှု ကြောင့် ကုန်ဈေးနှုန်း တက်တယ်ဆိုတဲ့ အ ပေါ် မှာလည်း သက်ရောက်မှု အလွန် နည်းတယ်လို့ သုံးသပ်ပြီး ဘက်စုံ ထောင့်စုံ ကနေ စဉ်းစားပြီး ဆောင်ရွက်တာ ဖြစ် တယ်လို့လည်း ဒုတိယ အမြဲတမ်း အတွင်း ဝန် ဦးဌေးအောင်က လည်း  ပြောပါတယ်။မီတာခကို အခုချိန်မှာ တိုးမြှင့်ကောက် ခံလိုက်တာဟာ နယ်ပယ်အသီးသီး အလွှာ  အသီးသီးက  သူတွေရဲ့ သုံးသပ်မျှော်မှန်း ချက်တွေကို  ယူပြီးမှ  တွက်ချက်စီမံခဲ့ပြီးမှ အစိုးရ အနေနဲ့ လုပ်ခဲ့တာ ဖြစ်တယ်လို့ သိရ ပါတယ်။

ဦးစိုးမြင့်က “ြ ပုပြင်ပြောင်းလဲမှု မလုပ် ခင်မှာ နယ်ပယ် အသီးသီးက အလွှာအသီး သီးက  သူတွေနဲ့ တွေ့ဆုံခဲ့တယ်၊  အဘက် ဘက်က သူတွေရဲ့ မှတ်ချက်တွေကို လို ချင်လိုပါ၊ ကျွန်တော်တို့ဘာသာ ကျွန် တော်တို့ ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာ လုပ် မယ်ဆိုတဲ့ဆန္ဒ အစိုးရမှာ မရှိပါဘူး”လို့ ပြောပါတယ်။မီတာခ   တိုးမြှင့် ကောက်ခံဖို့ကို အချိန် တွေ အများကြီး  ယူကာ ဘက်ပေါင်းစုံ က ဆွေးနွေးခဲ့ပြီး မှ ချပြသင့်တဲ့ အချိန်ရောက် လို့ ချပြခဲ့တာလို့ သိရပါတယ်။ ဝန်ကြီးဌာန ဟာ လျှပ်စစ်ဓာတ်အားခ နှုန်းထား ပြင်ဆင် ဖို့ကို လျှပ်စစ်ဥပဒေ ပုဒ်မ ၄၁  နဲ့ အညီ ပြည် ထောင်စု အစိုးရ အဖွဲ့ကို   တင်ပြခဲ့ပြီး ၂၀၁၉ ဧပြီ ၁၁ မှာ ပြုလုပ်တဲ့ ပြည်ထောင်စု  အစိုးရ  အဖွဲ့ရဲ့ သဘောတူညီချက် အရ ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်ကစပြီး  လျှပ်စစ်ဓာတ် အားခနှုန်းထားတွေကို ပြင်ဆင်သတ်မှတ် ဖို့ ကြေညာခဲ့တာဖြစ်တယ်လို့  ဝန်ကြီး ဌာန က ထုတ်ပြန်ထားပါတယ်။နိုင်ငံ တော် အစိုးရ အတွက် အမြတ်ရဖို့ အတွက် မဟုတ်ဘဲ ကုန်ကျစရိတ် ကာမိ အောင် လို့ ပြောင်းလဲတာသာ ဖြစ်တယ်လို့  လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်း ဝန်   ဦးတင်မောင်ဦးက ပြောပါ တယ်။

ဦးတင်မောင်ဦးက “ ဓာတ်အားခ နှုန်း ထား ပြောင်းလဲရတာက  ရည်ရွယ်ချက်  တွေ ရှိပါတယ်၊  ရည်ရွယ်ချက်သုံးချက် ရှိပါ တယ်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့် ဖြူးမှု ရေရှည်တိုးတက်ကောင်းမွန်စေဖို့၊  တိုးချဲ့ ဆောင်ရွက်မယ့် လုပ်ငန်းအတွက်နဲ့ မဟာဓာတ်အားလိုင်း စနစ်မှ  လျှပ်စစ် ဓာတ် အား မရှိသေးတဲ့  ဒေသတွေမှာ  လျှပ်စစ် ဓာတ်အား ရရှိစေဖို့၊ဆက်လက်ဆောင် ရွက် မယ့်   လုပ်ငန်းအတွက်နဲ့ ဓာတ်အား ထုတ် လုပ်မှု  စွမ်းအား စဉ်ဆက် မပြတ် တိုး တက် ဆောင်ရွက်ဖို့အတွက် ဆိုတဲ့ ရည် ရွယ် ချက် တွေနဲ့ ဓာတ်အားခနှုန်းထား ပြောင်းလဲခဲ့ တာ” လို့ ပြောပါတယ်။ဓာတ်အားခ နှုန်းထား ပြောင်းလဲတဲ့ အ ခါမှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို စီမံကွပ်ကဲနိုင်ဖို့ အတွက်လည်း မီတာမှန် မှန်  ဖတ်ဖို့တွေနဲ့ အချိန်မီ ဖတ်ရှုဖို့ အတွက်  သက်ဆိုင်ရာ  ပြည်နယ်၊ တိုင်းဒေသကြီး  နဲ့ ခရိုင်က လျှပ်စစ်အင်ဂျင် နီယာ တွေကို ရုံးချုပ်ကို ခေါ်ယူပြီး  မှန်မှန် ကန်ကန် ဖတ်ဖို့ နဲ့ ယူနစ်တွေ တိတိကျကျ  ဖတ်ဖို့ လမ်းညွှန် မှာကြားထားတယ်လို့  သိရ ပါတယ်။

နိုင်ငံတော်ဟာ လျှပ်စစ်ကဏ္ဍအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ  ၁၂ ဒသမ ၈၃ ဘီလျံ၊ ၂၀၁၅-၂၀၁၆ မှာ  ၄၅၄ ဒသမ ၇၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ မှာ  ၃၅၁  ဒသမ ၇၀ ဘီလျံ၊ ၂၀၁၇-၂၀၁၈   မှာ ၄၀၃  ဒသမ ၃၃ ဘီလျံနဲ့ ၂၀၁၈ -၂၀၁၉ မှာ ၈၈၂ ဒသမ ၈၅ ဘီလျံ ခန့် စိုက်ထုတ် သုံးစွဲရတယ်လို့  လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။ဇူလိုင် ၁ ရက်ကစပြီး အိမ်သုံး လျှပ်စစ် မီတာ နှုန်းထားတွေကတော့ တစ်ယူနစ် မှ ၃၀ ထိကို ၃၅ ကျပ် ၊ ၃၁ ယူနစ်မှ ၅၀  ထိ ကျပ် ၅၀၊ ၅၁ ယူနစ်မှ ၇၅ ထိ ကျပ် ၇၀၊ ၇၆ ယူနစ် မှ ၁ဝဝ ထိ ကျပ် ၉၀၊ ၁၀၁ ယူနစ်မှ ၁၅၀ ထိ  ကျပ် ၁၁၀၊  ၁၅၁ ယူနစ် မှ ၂ဝဝ ထိကျပ် ၁၂၀ နဲ့ ၂၀၁ ယူနစ် အ ထက်ကို ၁၂၅ ကျပ်   နှုန်း ထားတွေ  နဲ့  ပြောင်း လဲ ကောက်ခံမှာဖြစ်ပြီး အိမ်သုံး မဟုတ်တဲ့ လျှပ်စစ်မီတာ အမျိုး အစား အတွက်ကို တော့ တစ်ယူနစ်မှ ၅ဝဝ  အထိ ၁၂၅ ကျပ်၊ ၅၀၁ ယူနစ်မှ ၅ဝဝဝ အထိ ၁၃၅ ကျပ်၊ ၅ဝဝ၁ ယူနစ်မှ ၁၀,ဝဝဝ ထိ ၁၄၅ ကျပ် ၊ ၁၀,ဝဝ၁ ယူနစ်မှ  ၂၀,ဝဝဝ ထိ ၁၅၅ ကျပ် ၊  ၂၀,ဝဝ၁ ယူနစ်မှ  ၅၀,ဝဝဝ ထိ ၁၆၅ ကျပ်၊ ၅၀,ဝဝ၁ ယူနစ်မှ ၁ဝဝ,ဝဝဝ ထိ ၁၇၅ ကျပ်၊ ၁ဝဝ,ဝဝ၁ ယူနစ်အထက်ကို တော့ ကျပ် ၁၈၀ ကောက်ခံသွားမှာ ဖြစ် ပါတယ်။

ပြည်သူတွေ  အချိန်မရွေး  မီတာကြည့် လို့ အောင်လည်း ဓာတ်တိုင်ပေါ်မှာ ထားရှိ တဲ့  မီတာပုံးတွေကို ဓာတ်တိုင်ရဲ့ အနိမ့်ဆုံး နေရာမှာထားဖို့ အမြန်ဆုံး ပြောင်းလည်း တပ်ဆင်ပေးသွားမှာ ဖြစ်သလိုပြည်သူတွေ အနေနဲ့ မီတာသုံးထားတဲ့ ယူနစ်နဲ့ ဘယ် လောက်ကျလဲ တွက်ချက်လို့ရအောင် လည်း အပလီကေးရှင်း တင်ပေးထားတဲ့ အတွက် ဒေါင်းလုပ်ဒ် ရယူပြီး တွက်ချက်နိုင် တယ်လို့ ဦးစိုးမြင့်က ပြောပါတယ်။

Credit-ကုမုဒြာ

Recent Updates

Recent Posts Widget