ပိုးမမှီသာနဲ့ ဂီတနောက်ခံရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မယ့် စိုင်းစိုင်းခမ်းလှိုင်
ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုမက အားပေးခဲ့ရတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း လူပျိုကြီးအဖြစ် တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာလည်း သီချင်းတွေဆိုရင်း ပရိသတ်တွေကို ပျော်ပျော်ကြီး ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က ဒါရိုက်တာ မီးပွား ရိုက်ကူးမယ့် “ပိတောက်ကတဲ့ဂီတ” ဆိုတဲ့ ဂီတနောက်ခံရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုးမမှီသာနဲ့အတူတူ ရိုက်ကူးတော့မှာလို့ ပရိသတ်တွေကို အရိပ်အမြွတ်ပေးထားတာပဲ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က “ရုပ်ရှင်အတွက် စိတ်ကူးနဲ့ ကြိုတင်ရိုက်ကူးနေကြပါပြီ။ နောက်တစ်ပါတ် အမှန်တကယ် ရိုက်ကူးပါတော့မယ်။” ဆိုပြီး သတင်းစကားလေး ပါးထားပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် စိုင်းစိုင်းရဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရဖို့ ရင်ခုန်နေမယ် ထင်ပါတယ်။ ဒီ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးက သင်္ကြန်ရုပ်ရှင်ဇာတ်လမ်းဖြစ်လို့ စိတ်ဝင်စားစရာကောင်းမှာ အသေအချာပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original





