“ေယာက္်ားေလးပရိသတ္တစ္ေယာက္ အတင္းဆြဲဖက္တာခံလုိက္ရတဲ့ ဝတ္မႈန္ေရႊရည္”




ရုပ္သံၾကည့္ရန္


ဝတ္မႈန္ေရႊရည္ဟာ လြန္ခဲ့တဲ့ဆယ္စုနွစ္တစ္ခုအေက်ာ္ေလာက္တည္းက အနုပညာေလာကထဲကုိဝင္ေရာက္လာခဲ့သူျဖစ္ျပီး အနုပညာစလုပ္ကတည္းက အရွိန္အဟုန္နဲ႔ေအာင္ျမင္လာခဲ့တဲ့ မင္းသမီးတစ္လက္ျဖစ္ျပီး အကယ္ဒမီေရႊစင္ရုပ္ေတြကုိလည္းသိမ္းပုိက္ထားသူတစ္ေယာက္ပါ။ ဝတ္မႈန္ေရႊရည္ဟာ ခ်စ္ဖုိ႔ေကာင္းတဲ့အမူအရာေလးေတြနဲ႔ပရိသတ္ေတြရဲ႕အသည္းကုိေၾကြေစခဲ့ျပီး က်ရာဇာတ္ရုပ္တိုင္းမွာ ပိုင္နုိင္စြာသရုပ္ေဆာင္တတ္မႈေတြေၾကာင့္လည္း အိ္မ္နီးခ်င္းနိုင္ငံေတြအထိ ဝတ္မႈန္ေရႊရည္ရယ္လုိ႔နာမည္ၾကီးေစခဲ့တာဆုိရင္လည္းမမွားပါဘူး။


ကစ္ကုိခ်စ္တဲ့ ပရိသတ္ေတြဟာလည္း တစ္နုိင္ငံလံုးမွာလက္ညိဳးထိုးမလြဲရွိေနသလုိ ကစ္ကုိတစ္ခါေလာက္ေတြ႕ခြင့္ရရင္ေသေပ်ာ္ပါျပီဆိုတဲ့လူေတြကလည္း ဒုနဲ႔ေဒးပါ။ အဲဒီလိုအေျခသတင္းၾကီးတဲ့ ေရႊမင္းသမီးေလးကစ္ဟာ မၾကာေသးမီက ပရိသတ္ေယာက္်ားေလးတစ္ေယာက္ရဲ႕ အျမတ္တနိုးအတင္းဖက္ျခင္းကို ခံလုိက္ရပါတယ္။အခ်ိဳ႕ပရိသတ္ေတြကလည္း ကစ္ကုိအရမ္းခ်စ္ေတာ့ ဖက္ခ်င္နမ္းခ်င္ၾကပံုေပၚပါတယ္။



မၾကာေသးမီက လူမႈကြန္ယက္မွာ share ေနၾကတဲ့ video ေလးထဲမွာေယာက္်ားေလးပရိသတ္တစ္ေယာက္က ကစ္ကုိ အျမတ္တနိုးနဲ႔ဖက္ထားျပီး ဓာတ္ပံုေလးေတြရိုက္ေနတာျမင္ရပါတယ္။ အဲဒီပရိသတ္က ကစ္ရဲ႕အမာခံပရိသတ္တစ္ေယာက္ျဖစ္ျပီး ကိုယ္တိုင္လည္း သရုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။



အဲဒီပရိသတ္ဟာ ကစ္ရဲ႕လက္ေမာင္းကုိကုိင္ထားျပီးဓာတ္ပံုရိုက္ခဲ့သလုိ ဖက္လည္းဖက္ထားခဲ့ပါေသးတယ္။ ကစ္ကေတာ့ အျပံဳးမပ်က္ေပမယ့္လည္းနည္းနည္းေလးအေနခက္သြားပံုက ကစ္ရဲ႕မ်က္ဝန္းေလးေတြထဲမွာေပၚေနတာျမင္ရပါတယ္။ အဲဒီ video ကုိ ကစ္ရဲ႕ပရိသတ္ေတြက ဝုိင္း share ထားၾကသလို ကစ္ကုိအတင္းဖက္ရမလားလို႔ ေဝဖန္ေနၾကတဲ့လူေတြလည္းရွိျပီး အားက်ေနၾကတဲ့ပရိသတ္ေတြလည္းေတာ္ေတာ္မ်ားမ်ားေတြ႕ရပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ကစ္ရဲ႕ video ေလးကုိေဖာ္ျပေပးလိုက္ပါတယ္။



ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ကစ္ကိုခ်စ္ၾကလား။ ကစ္ရဲ႕ ေနာက္ထပ္ထြက္မယ့္ရုပ္ရွင္ဇာတ္ကားေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Credit: Can’t Wait To Say

Unicode Version

ရုပ်သံကြည့်ရန်

ဝတ်မှုန်ရွှေရည်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုအကျော်လောက်တည်းက အနုပညာလောကထဲကိုဝင်ရောက်လာခဲ့သူဖြစ်ပြီး အနုပညာစလုပ်ကတည်းက အရှိန်အဟုန်နဲ့အောင်မြင်လာခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အကယ်ဒမီရွှေစင်ရုပ်တွေကိုလည်းသိမ်းပိုက်ထားသူတစ်ယောက်ပါ။ ဝတ်မှုန်ရွှေရည်ဟာ ချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေနဲ့ပရိသတ်တွေရဲ့အသည်းကိုကြွေစေခဲ့ပြီး ကျရာဇာတ်ရုပ်တိုင်းမှာ ပိုင်နိုင်စွာသရုပ်ဆောင်တတ်မှုတွေကြောင့်လည်း အိမ်နီးချင်းနိုင်ငံတွေအထိ ဝတ်မှုန်ရွှေရည်ရယ်လို့နာမည်ကြီးစေခဲ့တာဆိုရင်လည်းမမှားပါဘူး။



ကစ်ကိုချစ်တဲ့ ပရိသတ်တွေဟာလည်း တစ်နိုင်ငံလုံးမှာလက်ညိုးထိုးမလွဲရှိနေသလို ကစ်ကိုတစ်ခါလောက်တွေ့ခွင့်ရရင်သေပျော်ပါပြီဆိုတဲ့လူတွေကလည်း ဒုနဲ့ဒေးပါ။ အဲဒီလိုအခြေသတင်းကြီးတဲ့ ရွှေမင်းသမီးလေးကစ်ဟာ မကြာသေးမီက ပရိသတ်ယောက်ျားလေးတစ်ယောက်ရဲ့ အမြတ်တနိုးအတင်းဖက်ခြင်းကို ခံလိုက်ရပါတယ်။အချို့ပရိသတ်တွေကလည်း ကစ်ကိုအရမ်းချစ်တော့ ဖက်ချင်နမ်းချင်ကြပုံပေါ်ပါတယ်
မကြာသေးမီက လူမှုကွန်ယက်မှာ share နေကြတဲ့ video လေးထဲမှာယောက်ျားလေးပရိသတ်တစ်ယောက်က ကစ်ကို အမြတ်တနိုးနဲ့ဖက်ထားပြီး ဓာတ်ပုံလေးတွေရိုက်နေတာမြင်ရပါတယ်။ အဲဒီပရိသတ်က ကစ်ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်လည်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။
အဲဒီပရိသတ်ဟာ ကစ်ရဲ့လက်မောင်းကိုကိုင်ထားပြီးဓာတ်ပုံရိုက်ခဲ့သလို ဖက်လည်းဖက်ထားခဲ့ပါသေးတယ်။ ကစ်ကတော့ အပြုံးမပျက်ပေမယ့်လည်းနည်းနည်းလေးအနေခက်သွားပုံက ကစ်ရဲ့မျက်ဝန်းလေးတွေထဲမှာပေါ်နေတာမြင်ရပါတယ်။ အဲဒီ video ကို ကစ်ရဲ့ပရိသတ်တွေက ဝိုင်း share ထားကြသလို ကစ်ကိုအတင်းဖက်ရမလားလို့ ဝေဖန်နေကြတဲ့လူတွေလည်းရှိပြီး အားကျနေကြတဲ့ပရိသတ်တွေလည်းတော်တော်များများတွေ့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ကစ်ရဲ့ video လေးကိုဖော်ပြပေးလိုက်ပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကစ်ကိုချစ်ကြလား။ ကစ်ရဲ့ နောက်ထပ်ထွက်မယ့်ရုပ်ရှင်ဇာတ်ကားတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit: Can’t Wait To Say

Recent Updates

Recent Posts Widget