Victoria လေးမေမေရဲ့ မျက်ရည်တွေနဲ့ ပြောတဲ့စကားကြောင့် ရင်နင့်နေတဲ့ ချစ်သုဝေ
လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ နေပြည်တော်က သမီးလေး Victoria မုဒိန်းကျင့်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မြန်မာ ပြည်သူ၊ ပြည်သားတွေအကုန်လုံး စိတ်မကောင်းဖြစ်နေကြတာပါ။ သမီးလေးရဲ့အမှုကို အသေးစိတ်ကအစ လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံကလည်း ကာယကံရှင် မိသားစုတွေနဲ့ ထပ်တူ ခံပြင်းဝမ်းနည်းနေကြတာပါ။ လတ်တလောမှာတော့ ချစ်သုဝေက သမီးလေး Victoria ရဲ့ မေမေ မျက်ရည်တွေနဲ့ ပြောတဲ့စကားတွေကို ကြားယောင်မိတိုင်း ရင်နင့်နေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။
ချစ်ပရိသတ်တွေအတွက် သမီးလေး Victoria နဲ့ပတ်သတ်ပြီး သူမရဲ့ခံစားချက်ကို ထုတ်ပြောလာတဲ့ ချစ်သုဝေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ချစ်သုဝေကတော့ “Victoria အမှုဟာ တစ်နိုင်ငံလုံးကသားသမီးရှိတဲ့မိသားစုတွေနဲ့ဆက်ဆိုင်တဲ့အမှုပါ..”နေပြည်တော်ကပြန်လာပြီးကတည်းကစိတ်ကအင်မတန်မှ ငြိုးနွမ်းနေတယ်..သမီးလေးမေမေရဲ့ မျက်ရည်နဲ့ပြောတဲ့ သမီးလေးအပေါ်ထားတဲ့သူ့ရဲ့မေတ္တာတွေ,ယူကျုံးမရမှုတွေ,ကြောက်ရွံ့သိမ်ငယ်ရမှုတွေက နားထဲပဲ့တင်နေရောပဲ..နဂိုကစိတ်နုတဲ့ကိုယ့်မှာ ခေါင်းထဲမရောက်ချင်ပဲရောက်လာတိုင်း မျက်ရည်တွေကျရတယ်..ကိုယ်သမီးလေးတွေအတွက်လည်း ဒီမြေဒီရေ ဒီဥပဒေအောက်မှာ ကြီးပြင်းလာရမှာတွေးရင်းရင်တွေပူ ဗလောင်ဆူ ,,မဖြစ်သေးတာတွေကြိုတွေးပူ..,,
အလုပ်တွေဆက်တိုက်လုပ်ဖို့ရှိသေးတော့ အလုပ်ကိုစိတ်ထဲနှစ်ထားရမယ် နို့မို့ဆိုအားတာနဲ့ တွေးမိပြီးရင်ထဲစို့နေရာ.. အလုပ်နဲ့ပတ်သက်တဲ့ကြော်ငြာpostလေးတွေရယ် အလှပုံတွေရယ် ဒီချိန် မတင်ရက်ဘူး မတင်ချင်ဘူး..(လလယ်လောက်မှပုံမှန်ပြန်တင်ပေးပါ့မယ်နော်) ” ဆိုပြီး စိတ်မကောင်းဖြစ်လွန်းလို့ သူမရဲ့ wall မှာ အလှပုံတွေ ကြော်ငြာတွေကိုတောင် မတင်ဖြစ်သေးတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ချစ်ပရိသတ်တွေလည်း သမီးလေး Victoria အမှု အမြန်ဆုံး တကယ့်တရားခံ ဖမ်းမိပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။
Credit \\ original





