“Black Pink ရဲ႕ ေအာင္ျမင္မႈေၾကာင့္ ဘုရားတခဲ့ရတဲ့ စိုင္းစိုင္း”
စုိင္းစုိင္းတစ္ေယာက္ ေတာင္ကုိရီးယားလူငယ္အဆုိေတာ္အဖြဲ႕ျဖစ္တဲ့ Black Pink အဖြဲ႕ကုိ အားေပးတဲ့ စပိန္လူငယ္ ပရိသတ္ေတြေၾကာင့္ အ့ံၾသမိခဲ့ပါတယ္တဲ့။
စုိင္းစုိင္းခမ္းလႈိင္တစ္ေယာက္ စပိန္ႏုိင္ငံကုိ အလည္အပတ္ေရာက္ရွိေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ K-Pop ေလာကမွာ ေအာင္ျမင္တဲ့ အဆုိေတာ္အဖြဲ႕ျဖစ္တဲ့ Black Pink အဖြဲ႕ရဲ႕ ပရိသတ္ေတြေၾကာင့္ အ့ံၾသခဲ့ရတဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။
‘’ဘုရားေရ !! စပိန္လူငယ္ေတြဒီေလာက္အမ်ားႀကီး တန္းစီေနတာ တန္းက အရွည္ႀကီးပဲ ေန႔လယ္ကတည္းကတဲ့ ဘာအတြက္လဲလည္းလို႔ စပ္စုၾကည့္တာ Black Pink Concert တဲ့ဗ်ား။ #SaiAroundtheWorld’’ ဆုိၿပီးေတာ့ ေမလ ၂၈ ရက္ေန႔ ည ၉ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။
အဲဒီေနာက္ စုိင္းစုိင္းခမ္းလႈိင္ဟာ ဘာစီလုိနာကုိလည္း အလည္အပတ္ေရာက္ရွိခဲ့တာ ေတြ႔ရပါတယ္။ သူဟာ ေမလ ၂၅ ရက္ေန႔က မႏၱေလးၿမိဳ႔မွာရွိတဲ့ မႏၱလာသီရိ ကြင္းႀကီးထဲမွာ Sai Sai Mandalay Show ပြဲကုိ ေအာင္ေအာင္ျမင္ျမင္က်င္းပျပဳလုပ္ႏုိင္ခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ ျပည္ပ ခရီးစဥ္ကုိေတာ့ ေမလ ၂၇ ရက္ေန႔က ထြက္ရွိခဲ့တာပါ။ ဧၿပီလ ၁၀ ရက္ေန႔မွာ က်ေရာက္ခဲ့တဲ့ သူ႔ရဲ႕ အသက္ ၄၀ျပည့္ ေမြးေန႔ အမွတ္တရ ေဖ်ာ္ေျဖပြဲကုိလည္း ခမ္းခမ္းနားနားျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
စုိင္းစုိင္း (Sai Sai Kham Leng)ဟာသရုပ္ေဆာင္ပိုင္းနဲ႕ ပတ္သက္လို႕ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ၂၀၀၇ခုႏွစ္မွာ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာအာဒံရယ္ ဧဝရယ္ ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ရုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ အဲ့ဒီေနာက္ စုိင္းစုိင္းခမ္းလႈိင္ရဲ႕ စီးပြားေရး အေနနဲ႔ Frenzo Production မွာလည္းဦးေဆာင္ သူတစ္ဦးလည္းျဖစ္သလုိ SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္းျဖစ္ပါတယ္။
Credit: Duwun
Unicode Version
စိုင်းစိုင်းတစ်ယောက် တောင်ကိုရီးယားလူငယ်အဆိုတော်အဖွဲ့ဖြစ်တဲ့ Black Pink အဖွဲ့ကို အားပေးတဲ့ စပိန်လူငယ် ပရိသတ်တွေကြောင့် အံ့သြမိခဲ့ပါတယ်တဲ့။
စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် စပိန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် K-Pop လောကမှာ အောင်မြင်တဲ့ အဆိုတော်အဖွဲ့ဖြစ်တဲ့ Black Pink အဖွဲ့ရဲ့ ပရိသတ်တွေကြောင့် အံ့သြခဲ့ရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။
‘’ဘုရားရေ !! စပိန်လူငယ်တွေဒီလောက်အများကြီး တန်းစီနေတာ တန်းက အရှည်ကြီးပဲ နေ့လယ်ကတည်းကတဲ့ ဘာအတွက်လဲလည်းလို့ စပ်စုကြည့်တာ Black Pink Concert တဲ့ဗျား။ #SaiAroundtheWorld’’ ဆိုပြီးတော့ မေလ ၂၈ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
အဲဒီနောက် စိုင်းစိုင်းခမ်းလှိုင်ဟာ ဘာစီလိုနာကိုလည်း အလည်အပတ်ရောက်ရှိခဲ့တာ တွေ့ရပါတယ်။ သူဟာ မေလ ၂၅ ရက်နေ့က မန္တလေးမြို့မှာရှိတဲ့ မန္တလာသီရိ ကွင်းကြီးထဲမှာ Sai Sai Mandalay Show ပွဲကို အောင်အောင်မြင်မြင်ကျင်းပပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြည်ပ ခရီးစဉ်ကိုတော့ မေလ ၂၇ ရက်နေ့က ထွက်ရှိခဲ့တာပါ။ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက် ၄၀ပြည့် မွေးနေ့ အမှတ်တရ ဖျော်ဖြေပွဲကိုလည်း ခမ်းခမ်းနားနားပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။
Credit: Duwun




