ျမန္မာႏိုင္ငံကို အထင္ေသးသြားေစမယ့္ Comment မ်ိဳးဆိုရင္ Mikis ကို ဘာသာမျပန္ျပေတာ့ဘူးဆိုတဲ့ စုစုေဝ




ျမန္မာႏိုင္ငံကို အထင္ေသးသြားေစမယ့္ Comment မ်ိဳးဆိုရင္ Mikis ကို ဘာသာမျပန္ျပေတာ့ဘူးဆိုတဲ့ စုစုေဝ

ဂ်ာမနီ အဆိုေတာ္ Mikis နဲ႔ ျမန္မာမေလး စုစုေဝတို႔စုံတြဲေလးကေတာ့ နားလည္မႈအျပည့္နဲ႔ ေရွ႕ဆက္လာခဲ့ၾကတာ အခုဆိုရင္

ခ်စ္သူသက္တမ္း (၁) ႏွစ္ေက်ာ္ခန႔္ ရွိေနၿပီ ျဖစ္ပါတယ္။ ဘာသာမတူ လူမ်ိဳးမတူတဲ့ လူႏွစ္ေယာက္ခ်စ္ႀကိဳက္ၾကတာျဖစ္တဲ့အတြက္

သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးမွာေတာ့ ေဝဖန္တိုက္ခိုက္မႈေတြကလည္း ရွိေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း သူတို႔စုံတြဲေလးကအခက္အခဲေတြၾကားက ေပ်ာ္႐ႊင္စရာ ခရီးလမ္းေလးကို လက္ခ်င္းတြဲၿပီး ေလွ်ာက္လွမ္းေနၾကတာ

ျဖစ္ပါတယ္။မၾကာေသးခင္ကလည္း Mikis က သူ႔ခ်စ္သူ ျမန္မာမေလးကို စိန္လက္စြပ္နဲ႔ လက္ထပ္ခြင့္ေတာင္းဆိုခဲ့တာ ေတြ႕ရပါတယ္။

အခုလည္း Mikis ရဲ႕ခ်စ္သူ စုစုေဝက ေဝဖန္တိုက္ခိုက္မႈေတြနဲ႔ ပတ္သက္ၿပီး သူမရဲ႕စိတ္ထဲက ခံယူခ်က္ေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပလာခဲ့ပါတယ္။

” ေဝဖန္တိုက္ခိုက္မႈေတြကို ႀကံ့ႀကံ့ခိုင္ရင္ဆိုင္ၿပီး ေျဖရွင္းခဲ့တာေၾကာင့္ Mikis ရဲ႕အခ်စ္ေတြကို ပိုရလာခဲ့တယ္။ ႏိုင္ငံျခားသားနဲ႔တြဲလို႔ ဂုဏ္ယူေနတယ္

ဆိုတာကလည္း မဟုတ္ပါဘူး လြတ္လပ္စြာ ေဝဖန္ခြင့္ရွိပါတယ္ သူတစ္ပါးကိုထိခိုက္ေစေလာက္မယ့္ အျပဳအမူမ်ိဳးဆိုရင္ေတာ့ စုက မေကာင္းဘူးလို႔ ထင္ပါတယ္” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

“စုကို ေဝဖန္တိုက္ေနတာေတြကိုလည္း Mikis က သိပါတယ္ သူ႔အတြက္ကေတာ့ အရမ္းထူးဆန္းေနေတာ့ အံ့ၾသတာေပါ့ေလ။

စုကို Comment ေတြ ဖတ္ျပခိုင္းတဲ့အခါမွာလည္း စုတို႔ျမန္မာႏိုင္ငံကို အထင္ေသးသြားေစမယ့္ တစ္ခ်ိဳ႕ comment မ်ိဳးဆိုရင္ Mikis Weber ကို

ဘာသာ မျပန္ျပေတာ့ဘူး ဒါေလးေတာ့ ေက်ာ္လိုက္ေတာ့ဆိုၿပီး ထားလိုက္တယ္ေပါ့ေနာ္ ” ဆိုၿပီး ေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။

Credit \ original
Unicode

မြန်မာနိုင်ငံကို အထင်သေးသွားစေမယ့် Comment မျိုးဆိုရင် Mikis ကို ဘာသာမပြန်ပြတော့ဘူးဆိုတဲ့ စုစုဝေ

ဂျာမနီ အဆိုတော် Mikis နဲ့ မြန်မာမလေး စုစုဝေတို့စုံတွဲလေးကတော့ နားလည်မှုအပြည့်နဲ့ ရှေ့ဆက်လာခဲ့ကြတာ အခုဆိုရင်

ချစ်သူသက်တမ်း (၁) နှစ်ကျော်ခန့် ရှိနေပြီ ဖြစ်ပါတယ်။ ဘာသာမတူ လူမျိုးမတူတဲ့ လူနှစ်ယောက်ချစ်ကြိုက်ကြတာဖြစ်တဲ့အတွက်

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာတော့ ဝေဖန်တိုက်ခိုက်မှုတွေကလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့စုံတွဲလေးက

အခက်အခဲတွေကြားက ပျော်ရွှင်စရာ ခရီးလမ်းလေးကို လက်ချင်းတွဲပြီး လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။
မကြာသေးခင်ကလည်း Mikis က သူ့ချစ်သူ မြန်မာမလေးကို စိန်လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းဆိုခဲ့တာ တွေ့ရပါတယ်။

အခုလည်း Mikis ရဲ့ချစ်သူ စုစုဝေက ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သူမရဲ့စိတ်ထဲက ခံယူချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်။

” ဝေဖန်တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး ဖြေရှင်းခဲ့တာကြောင့် Mikis ရဲ့အချစ်တွေကို ပိုရလာခဲ့တယ်။ နိုင်ငံခြားသားနဲ့တွဲလို့ ဂုဏ်ယူနေတယ်

ဆိုတာကလည်း မဟုတ်ပါဘူး လွတ်လပ်စွာ ဝေဖန်ခွင့်ရှိပါတယ် သူတစ်ပါးကိုထိခိုက်စေလောက်မယ့် အပြုအမူမျိုးဆိုရင်တော့ စုက မကောင်းဘူးလို့ ထင်ပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

“စုကို ဝေဖန်တိုက်နေတာတွေကိုလည်း Mikis က သိပါတယ် သူ့အတွက်ကတော့ အရမ်းထူးဆန်းနေတော့ အံ့သြတာပေါ့လေ။

စုကို Comment တွေ ဖတ်ပြခိုင်းတဲ့အခါမှာလည်း စုတို့မြန်မာနိုင်ငံကို အထင်သေးသွားစေမယ့် တစ်ချို့ comment မျိုးဆိုရင် Mikis Weber ကို

ဘာသာ မပြန်ပြတော့ဘူး ဒါလေးတော့ ကျော်လိုက်တော့ဆိုပြီး ထားလိုက်တယ်ပေါ့နော် ” ဆိုပြီး ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

Credit \ original

Recent Updates

Recent Posts Widget