“အောင်မြင်နေတိုင်းလည်း အမြဲပျော်ရွှင်နေရတယ် မထင်ပါနဲ့” စွန့်လွှတ်လိုက်ရသောအရာတွေအများကြီးရှိတယ်” ဆိုတဲ့ မနော…




နယ်ရော မြို့မှာပါ အောင်မြင်နေတဲ့ တေးသံရှင် မနောကတော့ “အောင်မြင်နေတိုင်းလည်း အမြဲပျော်ရွှင်နေရတယ် မထင်ပါနဲ့” ” စွန့်လွှတ်လိုက်ရသောအရာတွေအများကြီးရှိတယ်” လို့ ဆိုလာပါတယ်

သူက ခုလိုပြောထားပါတယ်

မင်္ဂလာပါကျနော့်ငယ်စဉ်ခါက ပုံလေးတွေကိုကြည့်ပြီး အဲဒီချိန်တုန်းက အေးချမ်းမှုပျော်ရွှင်မှုတွေကိုပြန်လည်တမ်းတနေမိတယ် အားလုံးသော တေးချစ်သူတို့ရေ မိမိဘဝကို အေးချမ်းသာယာအောင်နေပါဗျားလောဘ ဒေါသ မောဟတွေ ရှောင်သင့်တယ်

(ကျနော့်အသက် ၁၅ နှစ်တုန်းက စွယ်တော်ဘုရားမှာရိုက်ခဲ့သောပုံလေးပါ)

အောင်မြင်နေတိုင်းလည်းအမြဲပျော်ရွှင်နေရတယ် မထင်ပါနဲ့ အောင်မြင်နေသူရောက်နေတဲ့နေရာဟာ စွန့်လွှတ်လိုက်ရသောအရာတွေအများကြီးရှိတယ်ဆိုတာ ကိုယ်တွေ့မှသိနိုင်မယ် ဒါကြောင့် သင့်တင့်မျှတသော ဘဝလေးမှာသာ ပျော်မွေ့ပါ

(ကျနော်အသက် ၁၇ နှစ်တုန်းက အိမ်ရှေ့မှာရိုက်ခဲ့သောပုံလေးပါ)

ဘဝကို ရိုးသားစွာ ဖြတ်သန်းပါ ရှိပူရ မရှိပူရ လူ့ဘဝကြီးမှာ ဉာဏ်ပညာသုံးပြီး နေထိုင်သင့်တယ်ဗျို့ နေ့ညအလုပ်ပြီးအလုပ် ငွေပြီးငွေ ချမ်းသာပြီးရင်းချမ်းသာချင်နေမယ်ဆိုလျင် မိသားစုအရေး လူမှုရေး ဘာသာရေးတွေလွတ်ကုန်ဦးမယ်ဗျို့




အားလုံးသာယာချမ်းမြေ့ပါစေ

Recent Updates

Recent Posts Widget