လူရွှင်တော်တွေက ငိုစားရယ်စားပါဆိုတဲ့ ဦးဝင်းနိုင်(အနုပညာ)
တစ်ချိန်တုန်းက ပရိသတ်တွေကို ပျော်ရွှင်အောင် ရယ်မော်အောင် ပြုလုပ်ပေးခဲ့တဲ့ ဟာသ လူရွှင်တော်ကြီး ဦးဝင်းနိုင်(အနုပညာ) လူရွှင်တော်တွေက ငိုစားရယ်စားဖြစ်နေတယ်လို့ ဝမ်းနည်းစွာနဲ့ ပန်းပွင့်မီဒီယာရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ဦးဝင်းနိုင် (အနုပညာ)က “ကုန်ကျစရိတ်နဲ့ ရတာနဲ့က တော်တော် ကွာတယ်လေ။ နောက်ပြီး မိသားစုရဲ့ စားဝတ်နေရေး နောက်ပြီး ခရီးသွားတဲ့ အခါဆိုတော့ သူတို့ ခေါ်တဲ့အတိုင်းလိုက်နိုင်ရင်လိုက် မလိုက်နိုင်ရင် ကိုယ့်ပိုက်ဆံထုတ်ရပြီလေ။ အဲ့လိုလေးတွေ ရှိတယ်။ အခုက ဗီဒီယို ပျက်သွားလို့ တို့အလုပ်ပါးတာ နောက်ပြီး နယ်အခြေအနေတွေ မကောင်းတော့ ပွဲကလည်းပဲ ကျဲကုန်တာပေါ့။ နောက်ပြီး တို့အသက်အရွယ်နဲ့ ကျတော့ စင်ပေါ်ကဖို့ကျတော့ အရမ်းပင်ပန်းသွားပြီ အဲ့တော့ အဲ့ဘက်က အလိုလိုနေရင်း တစ်ခုနားထားရတယ်။ တကယ်တော့ အနုပညာသမားလောက် ပင်ပန်းတာ အနုပညာသမားပဲ ရှိတယ်။ ပြောတော့ အနုပညာတဲ့ လုပ်လိုက်ရတာ အတော်ကြမ်းတယ် အတော်ပင်ပန်းပါတယ်။ တို့ဇာတ်တွေ အငြိမ့်တွေ လုပ်တုန်းက ဆိုရင် ခရီးသွားတဲ့ နေရာလည်း ပင်ပန်းတယ် အခုဇာတ်သမားတွေက တော်တော် သက်သာပါတယ်။ သွားရလာရတာ အရမ်းကို အဆင်ပြေတယ်။ စားရေးသောက်ရေးလည်း အဆင်ပြေတယ်။တို့တုန်းကဆိုရင် အစားအသောက်လည်း တော်တော် ဆင်းရဲတယ်။ အနေအထိုင်လည်း ဆင်းရဲတယ်။ အနုပညာသမားကတော့ ဖြစ်ချင်တယ် အထူးသဖြင့် အနုပညာသမားဖြစ်ရင်လည်း အခုလိုပဲ ပရိသတ်ကို ပျော်ရွှင်စေတဲ့ ပုဂ္ဂိုလ် မျိုးနေရာကပဲ နေချင်တယ်။ လူချစ်ခင်တာခြင်းကွာတယ်လေ မင်းသားမင်းသမီးကို ချစ်တာနဲ့ တို့လူရွှင်တော်ကို ချစ်တာ မတူဘူး။ တို့ကျတော့ တို့က တကယ့်မိသားစုလို့ ချစ်တာ။ မင်းသားမင်းသမီးကို ကျတော့ သူတို့က ခေတ်ပေါ် အနေပေါ့လေ ပေါ်ပြူလာအနေနဲ့ ချစ်ကြ ခင်ကြတယ်။
ကိုယ်လုပ်နေကျ အလုပ်လေးတွေ ပြန်လုပ်ချင်တာပေါ့ ဒီကနေ သက်ကြီး ပူဇော်ပွဲသွားလိုက်တော့ စိတ်ချမ်းသာတဲ့ ဥစ္စာလေးတွေ ကျွန်တော် ထုတ်ခဲ့တဲ့ စာအုပ်လေးကို ဘုန်းကြီးတစ်ပါးက အမေရီကန်ကနေပြီးတော့ ဝယ်လာတယ်။ ဒုတိယအကြိမ် ပြန်ထုတ်ဖို့ လာပြောတယ်။ အဲ့တာလေး ကြားရတော့ ပီတိဖြစ်တာပေါ့။ စာတွေ ပြန်ရေးထို့ ရည်ရွယ်နေပါတယ်။ ဒီအလုပ်တွေတော့ ပြန်လုပ်မှာပါ။
အားရပါးရကို လုပ်မှာပါ။ ဒီနှစ်ဆိုရင် ကျွန်တော် ကျန်းမာရေး မကောင်းတော့ ဒီနှစ်တစ်နှစ်လုံး ဟောပြောပွဲတွေ ရပ်ထားရတယ်။ ခါတိုင်းဆိုရင် ၄ ၅ ပွဲ ကျွန်တော်က လိုက်လိုက်ပြီး ဟောရတာပေါ့။ ဒီနှစ်ကတော့ လုံးဝ မလှုပ်ရှားနိုင်ဘူး။ အဲ့တာလေးတွေက အစ အကုန်ပြန်လုပ်မှာပါ။ စုဆောင်းထားတာတွေလည်း ရှိပါတယ်။လူရွှင်တော်တွေက နေကောင်းနေတော့လည်း ပရိသတ်ကို ရယ်အောင် လုပ်ရင်း ပိုက်ဆံတောင်းကြတယ်။ နေမကောင်းတဲ့ အခါကျတော့လည်းပဲ ငိုပြီးတော့ပြောရတယ်။ တော်ကြာ ပရိသတ်က တို့ကိုပြောအုန်းမယ် ငိုစားရယ်စားတွေလို့။ အဲ့လိုဖြစ်နေအုန်းမယ်လို့ တို့တွေက ပရိသတ်ချစ်လို့ ရယ်ပြီးတော့ တောင်းခဲ့ရပြီးပြီ အခုအချိန်မှာလည်း သူတို့ချစ်တဲ့အတွက် ငိုတာကို မကြည့်ရက်လို့ တို့ကိုလာပြီးတော့ ကူညီကြတယ်။ အဲ့သဘောလေးတွေ သက်ရောက်နေတယ်။ တို့တွေက ဘာလုပ်ပေးရမလဲဆိုရင် ဗုဒ္ဓဘာသာ လူမျိုးတွေအတိုင်း ဒါန သီလ ဘာဝနာဆိုတာလေးတွေ ပြည့်စုံအောင် ကြိုးစားပြီးတော့ အလှူရှင်တွေ အတွက် ပြန်ပြီး ကုသိုလ်လုပ်ပေးကြပါလို့။ကျွန်တော် ဆရာအောင်သင်း ပြောတဲ့ စကားလေး
တစ်ခုပေါ့မင်းတို့တွေက ရယ်စရာမောစရာပြောတဲ့ကောင်တွေ ရယ်စရာအနောက်က မောစရာအမြဲပါတယ်တဲ့။ မင်းတို့တွေက အဲ့သဘောပဲ ကျွန်တော် အရှေ့က ရယ်စရာတွေ အများကြီး လုပ်ခဲ့ပြီးတဲ့ နောက်မှာ ကြုံတွေ့ရတာတွေကတော့ မောစရာတွေ များလာတယ်။လူရွှင်တော်အဖွဲ့ကတော့ အများကြီး ကူညီပေးတယ်။ နောက်ပြီးတော့ ဇာတ်သဘင် ရုပ်ရှင်ကလည်း လာပါတယ် ကူညီကြပါတယ်။ တစ်ချို့မင်းသားတွေလည်း လာကြပါတယ်။ စည်ဖြိုးတို့ လာတယ်။အခုသားနဲ့သမီးက ပံ့ပိုးနေတယ်။ သားအကြီးနဲ့ သမီးအငယ်ဆုံးက ဆေးဖိုးနဲ့ ပတ်သက်ပြီး သူတို့က တာဝန်ယူတယ်။ အခုဆေးဖိုးက တစ်ပတ်ကို ငါးသိန်းလောက် ကုန်တယ်။ တစ်ပတ်မှာ လေးရက် ဆေးခန်းသွားရတယ်။”လို့ ပြောသွားခဲ့ပါတယ်။




