ချစ်သူနဲ့ တစ်နှစ်ကျော် အချစ်ရေးအကြောင်းဖွင့်ပြောလာတဲ့ ဇေရဲထက်
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားတယောက်ဖြစ်တဲ့ မင်းသား ဇေရဲထက်ကတော့ လက်ရှိချိန်မှာတော့ အရမ်းချစ်ရတဲ့ ချစ်သူလေး ရှိနေပြီလို့ သိရပါတယ်။ သူ့ချစ်သူကိုတော့ ထုတ်မပြောပေမယ့်လည်း သူ့ရဲ့ အချစ်ရေးအကြောင်းကိုတော့ ပရိသတ်ကြီး သိအောင် ပြောကြားသွားခဲ့ပါတယ်။ ထို့နောက် မင်းသားဇေရဲထက်ကတော့ အိမ်ထောင်ပြုမယ့်အချိန်နဲ့ သူ့ရဲ့ ချစ်သူအပေါ်ထားတဲ့ စိတ်ထားလေးတွေကိုလည်း ပြောကြားသွားခဲ့ပါတယ်။
ဇေရဲထက်ကတော့ ဆန်းဒေးနဲ့ အင်တာဗျူးတွင် “ချစ်သူကတော့ ရှိနေပါပြီ။ ရှိလည်းရှိတယ်။ အရမ်းလည်းချစ်တယ် သူ့ကို အိမ်ထောင်ပြုမလားဆိုတာကတော့ မပြုသေးပါဘူး။ ဘာလို့လဲဆိုတော့ ကျနော့်မိသားစုကို နေနိုင်စားနိုင်အောင် လုပ်ပေးနိုင်တာပဲ ရှိသေးတယ်လေ။ အမေ အဖေက အသက်ကြီးနေပြီ။ မောင်နှမတွေကျတော့လည်း အရမ်းငယ်တယ်။ သူတို့လေးတွေက ဘာမှမလုပ်တတ်ဘူး။ ဒါကြောင့် သူတို့လေးတွေကို စိတ်ချပြီးမှသာလျှင် ကိုယ့်အတွက်စဉ်းစားမှာပါ။ အသက်ကြီးကောင်းကြီးသွားနိုင်ပါတယ်”
“အတူနေလားဆိုတော့ မြန်မာဗုဒ္ဓဘာသာအနေနဲ့ဆိုရင်တော့ မကောင်းဘူးပေါ့။ ဘာလို့လဲဆိုတော့ သူများသားသမီးကို ယူမှန်းမသိ ယူမှန်း မသိ တူတူနေပြီးမှ မိန်းကလေးဖက်က နစ်နာတယ်လေ။ မလုပ်သင့်ဘူးပေါ့။ ဒါပေမယ့် Living Together နှစ်ယောက်အတူတူနေတယ်။ ဒါပေမယ့်လည်း Sex မပါဘူးပေါ့။ အတူတကွနေပြီးတော့ စားမယ် သွားမယ် သူ့စိတ်ကိုသိအောင် ပေါင်းသင်းနေလို့ရတယ်။ ၄ နှစ်၅ နှစ်ပေါ့။ ပြီးရင် ကိုယ့်အတွက် ကောင်းတယ်ဆိုရင် ပေါင်းလိုက်လို့ရတယ်။ Sex တော့မပါစေနဲ့ပေါ့။ ကျနော်ကတော့ အဲ့လိုပဲသွားတယ်”
“နောက်ထပ် ၅ နှစ်လောက်အတွင်းမှာ ဖြစ်မလားဆိုတာကတော့ မပြောတတ်သေးဘူးဗျာ။ ကံကြမ္မာပါပဲ။ ကျနော့်စိတ်အရမ်း မွှမ်းကြပ်လာတဲ့အချိန်တွေဆို ထွက်ပေါက်ရှာတတ်တယ်။ ချစ်သူနဲ့ကတော့ တနှစ်ကျော်လောက်တော့ရှိပါပြီ။ သူလည်းနားလည်ပေးတယ်။ ပိုက်ဆံလည်း စုကြတယ်။ ကျနော်လည်းယောကျာ်းကောင်း တယောက်ဖြစ်ချင်တယ်။ ယောကျာ်းဆိုတာ မိန်းမတယောက်ယူရင် သူ့ရဲ့ဘဝကို ကြည့်ရမယ်လေ။ စိတ်တိုင်းကျလုပ်ပေးချင်တယ်။ သားသမီးတွေဆိုလည်း အဲ့လိုပဲ။ ဒီလိုစိတ်ကြောင့်လည်း အချိန်ကြာနေတာပါ” ဟု ပြောကြားသွားခဲ့ပါတယ်။



