ကော်ပီသီချင်းကို ဘာလို့ အပြစ်တင်နေတာလဲလို့မေးလိုက်တဲ့ အိုင်းရင်းဇင်မာမြင့်
ရင်ထဲထိမိတဲ့ ခံစားချက်သီချင်းများကို ပရိသတ်တွေကြားမှာ ချပြခဲ့ပြီး နာမည်တခုရရှိခဲ့တဲ့ အဆိုတော် အိုင်းရင်းဇင်မာမြင့်ကတော့ သူ့ရဲ့ သီချင်းလေး ဖြစ်တဲ့ အကြောင်းပြန်ပေးပါ ဆိုတဲ့ သီချင်းအပေါ် တုန့်ပြန်မှုလေးတွေကို ဖြေရှင်းသွားခဲ့ပါတယ်။ သူ့ရဲ့ သီချင်းလေးကတော့ ကော်ပီဆိုတာပြောကြားသွားခဲ့ပြီး ကော်ပီသီချင်းတွေနဲ့ ကြီးပြင်းခဲ့ပြီး အခုမှ ကော်ပီက ဘာလို့ အပြစ်ကြီးတခု ဖြစ်နေတာလဲဆိုတာကိုလည်း ပြောကြားသွားခဲ့ပါတယ်။
Sunday နဲ့ အင်တာဗျူးမှာတော့ အိုင်းရင်းဇင်မာမြင့်က တချို့ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ အပေါ် အမြင်နဲ့ ပတ်သက်ပြီး “သီချင်းလေးက အကြောင်းပြန်ပေးပါလို့ အမည်ရပါတယ်။ အရင် City Fm မှာလည်း လွှင့်ဖူးပါတယ်။ အိုင်းရင်းက သီချင်းဆိုတဲ့အချိန်မှာ အခက်ခဲမရှိဘူး။ သီချင်းဆိုပြီးမှသာ ခက်ခဲတာ။ ကော်ပီဆိုတယ်ဆိုပြီးတော့ တချို့ပရိသတ်တွေ ပြောတဲ့အရာလေးတွေတော့ ရှိတယ်ပေါ့နော်။ အိုင်းရင်းတို့ဆိုတာ ကော်ပီနဲ့ မလွတ်ကင်းနိုင်ကြတဲ့ လူတွေပါ။ ငယ်ငယ်လေးကတည်းကလည်း ကော်ပီသီချင်းတွေနဲ့ ကြီးပြင်းလာတယ်။ ပြန်ဆိုရတာ အရမ်းကိုခက်ခဲပါတယ်။ ဘာပဲဖြစ်ဖြစ် Original ကိုလည်း မှီဖို့ ခက်ပါတယ်။ မှီတယ်လို့လည်းတော့မပြောပါဘူး။ ဒါပေမယ့်လည်း ကြိုးစားတော့ ဆိုရတာပါပဲ။ ကော်ပီသီချင်းလေးလည်း ဆိုပေမယ့်လည်း သံစဉ်လေးလည်း ခိုင်မာသလို စာသားတွေကလည်း ထိမိလွန်းတဲ့အတွက်ကြောင့် ကြိုက်ကြမယ်လို့ ထင်ပါတယ်”
“အဓိကကတော့ Copy OwnTune ဆိုတဲ့ အရာက အခုမှနည်းနည်းလေး ပြောင်းလဲလာတယ်လို့ အိုင်းရင်းခံယူတယ်။ ဘာလို့လဲဆိုတော့ ဟိုးအရင်ကတည်းက ကော်ပီသီချင်းတွေနဲ့ ကြီးပြင်းလာခဲ့ပြီး အခုမှ ကော်ပီသီချင်းက ဘာလို့ အပြစ်တခုလို ဖြစ်နေတာလဲပေါ့။ အဲ့တခုပါပဲ။ ကော်ပီကို မှီအောင်ဆိုပါတယ်။ မှီအောင်မဆိုပါဘူးလို့ မပြောလိုပါဘူး။ တခါတလေကျလို့ဆိုရင် ကိုယ့်အကြိုက်နဲ့ ကိုယ်ပါပဲ။ အဲ့လိုမှ မဟုတ်ပဲ တဖက်စောင်းနင်း ကော်ပီသီချင်းဆိုလိုက်လို့ အပြစ်တခုကို ရင်ဆိုင်ရတော့မယ့် ပြန်ပေးဆပ်ရတော့မယ့် ပုံစံမျိုး တချို့ဆို အရမ်းပြောကြတယ်။ အဲ့ဒါလေးတခုကတော့ နည်းနည်း ပြင်စေချင်ပါတယ်။ အဲ့ခံယူချက်ကို ပြင်တာလည်း မပြင်တာလည်း သူတို့နဲ့ပဲ ဆိုင်ပါတယ်”
“အကြောင်းပြန်ပေးပါ သီချင်းကတော့ ဆရာမင်းချစ်သူ ရဲ့ စာသားလေးတွေက ပြေပြေပြစ်ပြစ်ရှိတာကြောင့် ဆိုရတာအဆင်ပြေပါတယ်။ ဆရာနဲ့ ပထမဆုံးတွဲလုပ်တဲ့ သီချင်းမှာပဲ ပရိသတ်တွေကြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတာကိုတော့ ကျေနပ်ပါတယ်။ ဒါက တရုတ်သီချင်းဖြစ်တဲ့အတွက် အိုင်းရင်းအသံဝင်သွားတဲ့အချိန်မှာ တမျိုးလေးတော့ ဖြစ်နေမှာပါ။ သီချင်းခေါင်းစဉ်လေးအတိုင်း ဒီသီချင်းလေးကို ကြိုက်လားမကြိုက်လားဆိုတာကို အကြောင်းပြန်ပေးပါပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။
Credit \ 0riginal



