မတ်မတ်မြကို သေမထူးနေမထူးတွေနဲ့ တွေ့ပြီး ဗိုက်ထဲ ဓါးမဝင်ပါစေနဲ့သာ ဆုတောင်းပေးလိုက်တဲ့ ပန်ဆယ်လို




လွန်ခဲ့တဲ့ သုံးလလောက်က YBSဒရိုက်ဘာက ကိုယ့်ကို တံခါးဖွင့်ဆဲလို့ ပြသနာ တက်ဖူးတယ်။ ဒေါသတွေထွက်တာ နတ်ပူးသလိုကို တုန်နေတာ။ YRTAကို ကားနံပါတ်၊ ဖြစ်စဉ်နဲ့တကွ အကုန်တိုင်တယ်။ ဝန်ကြီးဖုန်းနံပါတ်ရော၊ ဥက္ကဌဖုန်းနံပါတ်ရော အကုန်ရထားပြီ။ ဒီလူကို မပြုတ်ပြုတ်အောင် လုပ်တော့မဟဲ့ပေါ့။

တိုင်ပြီးနောက်နေ့မှာပဲ ခံဝန်နဲ့ လက်မှတ်ထိုးပြီး ဆဲဆိုတာ မဟုတ်ကြောင်း၊ အထင်လွဲမှားရင် တောင်းပန်ကြောင်း၊နောက်နောင် ဒါမျိုး မပြုမူတော့ကြောင်း YRTAဘက်က စာပို့လာတယ်။ မနေ့က ညမအိပ်နိုင်အောင် ထွက်ခဲ့တဲ့ဒေါသတွေ ပျောက်သွားတယ်။ ငါကန်ထုတ်ဖို့ လုပ်မိနေတာ သူများထမင်းအိုးပါလားဆိုတာ အသိဝင်လာတယ်။ ကျေနပ်လွန်းလို့ မဟုတ်ပေမယ့်၊ ကိုယ်မှန်တာ ရာနှုန်းပြည့် သေချာပေမယ့် ဒီကိစ္စ ဒီမှာတင် ရပ်လိုက်တယ်။

လူကိုယ်တိုင်လာတောင်းပန်မှ ကျေအေးမယ်၊ ကန်တော့ပြီးတောင်းပန်ရမယ်တို့ ဆက်ရစ်စရာအဆင့်တွေ ရှိပေမယ့် ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါတယ်။ သွေးအေးသွားတော့ အလုပ်ပြုတ်အောင် လုပ်မဟဲ့တွေးခဲ့မိတဲ့ ကိုယ့်စိတ်ကိုပါ ကိုယ်ဖန်ကိုယ် ရှက်မိနေတယ်။

ဘဏ်မှာလည်း ပြဿနာတက်ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် ဒီအချိန် မေလ ၂၃ရက်ထင်ရဲ့။ ငွေသွားအပ်တာ ငွေတုဆိုပြီး သိမ်းတဲ့ကိစ္စ။ ဘဏ်ဝန်ထမ်းနဲ့ ပြောတာ အဆင်မပြေတုန်း ဘဏ်မန်နေဂျာ ရောက်လာတယ်။ ဘဏ်မန်နေဂျာက အထက်ကအမိန့်မို့ပါဆိုပြီး တောင်းပန်စကားကို ကျေကျေလည်လည် ပြောတယ်။ ချက်ချင်းပဲ ကိုယ့်လေသံ ပျော့သွားတယ်။ စိတ်မရှိပါနဲ့ ညီမရယ်ဆိုတာ တစ်ခွန်းပဲ။

ဗဟိုဘဏ်က ငွေတုကို အပြင်မှာ ထုတ်နေသူတွေကို မထိန်းချုပ်ဘဲ ဘဏ်လာအပ်တဲ့ပြည်သူဆီက စောင့်ဖမ်းနေတဲ့ကိစ္စကိုပဲ ဝေဖန်ခဲ့တယ်။ ပြသနာဖြစ်တဲ့ဘဏ်ကိုလည်း ပြသနာမရှာခဲ့သလို အခက်တွေ့အောင် မလုပ်ခဲ့ဘူး။ ငွေတုကိုတောင် ဓါတ်ပုံရိုက်ခွင့်တောင်းပြီး ရိုက်လာခဲ့တယ်။ လူတွေကို ခွင့်ပြုချက်မရှိဘဲ မှတ်တမ်းယူဖို့ စိတ်မကူးခဲ့ဘူး။

ကိုယ်ပြောချင်တာက လောကမှာ ကိုယ်မှန်တာတစ်ခုတည်းနဲ့ မရဘူး။ ကိုယ်မှန်နေပါစေ၊ သေအောင် မှန်နေပါစေ၊ Limit ဆိုတာ ရှိတယ်။ အရာရာကို ငုံ့သည်းခံစရာ မလိုသလို ရပ်သင့်တဲ့အချိန် ရပ်ရမယ်ဆိုတာ သိဖို့လိုတယ်။

Service ပေးရတဲ့ နေရာတွေ၊ အများနဲ့ ယဉ်ကျေးစွာ ဆက်ဆံပေးနေရတဲ့ နေရာတွေမှာ Customer Right ဆိုတာကြီးကို အသုံးချပြီး တစ်ဖက်ကို တစ်ဆုံး နင်းချတာဟာ စိတ်ဓါတ်မပြည့်ဝတာပဲ။ ဘာဘွဲ့တွေပဲ ယူထားထား၊ သင်ထားတဲ့ပညာဟာ စိတ်ဓါတ်ကို မထိန်းကြောင်းနိုင်ရင် စာရွက်စုတ်သာသာပဲ။

ကားပါကင်ဝန်ထမ်းလေး ထိုင်ကန်တော့ပြီး အလုပ်ထွက်သွားရတာ၊ ဘဏ်ကလူတွေမှာ စားဝတ်နေရေးအရ မတရားတာမှန်းသိသိ ငုံ့ခံခဲ့ကြရတာ။

တကယ်လုပ်ရဲကိုင်ရဲ လက်ရဲဇက်ရဲ သေမထူး နေမထူးတွေကိုကျ ဘာမှမလုပ်ရဲဘဲ Service ပေးရတဲ့နေရာတွေမှာ၊ ကိုယ့်ကို ပြန်တုံ့ပြန်ခွင့် ပေးမထားတဲ့နေရာတွေမှာ စားဝတ်နေရေးအရ ငုံ့ခံနေရသူတွေကို ပြသနာရှာတာကျ ကြီးနိုင်ငယ်ညှင်းပဲ။

လောကမှာ အမှန်တရားက အရေးကြီးပါတယ်။

အမှန်တရားထက် အရေးကြီးတာက ကိုယ်ချင်းစာတရားပါပဲ။

တစ်နေ့နေ့မှာ သေမထူးနေမထူးတွေနဲ့ တွေ့ပြီး ဗိုက်ထဲ ဓါးမဝင်ပါစေနဲ့သာ ဆုတောင်းပေးပါတယ်။

Video – 1


နောက်တစ်ဘဏ်နဲ့ဖြစ်တဲ့ကိစ္စတော့ ကိုယ်မသိဘူး။

ရှေ့တစ်ဘဏ်မှာ ကားပါကင်လုံခြုံရေးက မချေမငံပြောလို့ ဆိုပြီး ထိုင်ကန်တော့ခိုင်းတဲ့ကိစ္စ။

ဘဏ်မန်နေဂျာက သူကန်တော့ပါ့မယ်ဆိုတာတောင် မရဘူး။ လုံခြုံရေးကို အတင်း ကန်တော့ခိုင်းတယ်။ ဘဏ်ကလည်း အရှည်အရှည်မဖြစ်ချင်၊ လုံခြုံရေးကလည်း သူ့ကြောင့် ဘဏ်သိက္ခာကျမှာစိုးလို့ ထိုင်ကန်တော့လိုက်ရသတဲ့။

နောက်ဆက်တွဲရော သိကြလား။

ကန်တော့ပြီး နောက်ရက်မှာ ရှက်တာရော၊ သိက္ခာရောကြောင့် ဘဏ်လုံခြုံရေး အလုပ်က ထွက်သွားသတဲ့လေ။

သင့်ဘက်ကတော့ အတ္တတစ်ခုမျှသာပါပဲ။

တစ်ဖက်ကတော့ အဲ့ဒါ သူ့ထမင်းအိုးနဲ့ သူတစ်သက်လုံး ယူဆောင်သွားရမယ့် နာကျည်းမှုဖြစ်နိုင်ပါတယ်။

လူလူချင်း လူလို မြင်တတ်ကြပါစေ။

စွာတယ်ဆိုတာ ကိုယ့်ဘက်က မှန်နေဦးမှ။

တစ်ခုခုဆို ဖုန်းကြီးတကားကားနဲ့ Live လွှင့်ပစ်မယ်ဆိုတာချည်းပဲ။

Vifeo – 2


ကိုယ့်အတွေ့အကြုံပေါ့။

တစ်ခေါက်က လသာလမ်းမှာ ကိစ္စရှိလို့ အမေ့ကို ကားမောင်းလိုက်ပို့တယ်။ ရပ်စရာ ကားပါကင်မရှိ၊ ရှေ့မှာလည်း ကိုယ့်လို ယာဉ်နှစ်ထပ် ရပ်ထားတာတွေ အများကြီး။ အသာလေး လမ်းဘေးချ၊ ဆစ်ဂနယ်ပြပြီး ကားပေါ်ထိုင်နေလိုက်တယ်။ ယာဉ်ထိန်းကိုကို ရောက်ချလာရော။ ကောရော။ ဒီမှာ မရပ်ရဘူးဆိုတာ မသိဘူးလား… ဘာညာ

ပုံမှန်ချိန် ဒီလေသံသာဆို ဒေါ်ပန်တို့ ထဘီအလံထူနေလောက်ပြီ။ အခုက ကိုယ်မှားတာလေ။ ကိုယ်က မရပ်ရဘူးဆိုတဲ့ နေရာ လာရပ်တာကိုး။ ခဏလေး ရပ်စရာမရှိလို့ပါရှင်။ ရွှေ့ပေးပါ့မယ်၊ ဖြည်းဖြည်းပြောပါဆိုတော့ သူက ပြုံးတောင် ပြသွားသေး။ ကိုယ်မှားရင် ကိုယ့်ဘက်က လက်ခံယူရဲရမယ်။

မရပ်ရဆိုတဲ့ နေရာမှာရပ်တယ်။ လာပြောတော့ ကက်ကက်လန်ရန်တွေ့တယ်။ Liveတွေလွှင့်၊ သူ့ကို ဘယ်လို မတရားပြောပါတယ်ပေါ့။ Video ထဲမှာ ကိုယ်ကြားတာတော့ သူ့အသံချည်းပဲ ပွက်လောရိုက်နေတာ။

မရပ်ရတဲ့ နေရာမှန်း မသိလို့ ရပ်တယ်။ လာပြောရင် ရွှေ့ပေးလိုက်လေ။ သူ့လေသံကို မကြိုက်ရင် ပြန်ပြောပေးလိုက်။ ပြီးရင် တော်လောက်ပြီလေ။ ဘယ့်နှယ် ဌာနရှေ့ ဗြောင်းဗြောင်းသတ် Liveတွေ လွှင့်ရတုန်း။ ဆိုက်ကိုပဲ။ တစ်ခုခုဆို ဖဘမှာ Live လွှင့်ပေးလိုက်တာကို အဖြေလို့ ထင်နေပုံရတယ်။

မီးဆိုတာ လောင်ချင်တဲ့ အချိန်လောင်မှာ။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းမှာ မီးသတ်ဌာနရဲ့ ၇မီတာ(၂၃ပေ) အကွာမှာ မရပ်ရဘူးဆိုတာ ပါပြီးသား။ မသိဘူးထား… ကိုယ်မသိတာနဲ့ အဲ့ဒါအမှန်တရား ဖြစ်မသွားဘူး။ အခုမှမလောင်သေးတာလို့ လာမပြောနဲ့… လောင်လို့ ထွက်လာလို့ ပစ်တိုက်မိရင် ဒီအယ်မအချိုးနဲ့ တဌာနလုံး ထဘီကွင်းစွပ်ခံနေရလောက်ပြီ။ လောင်တာမလောင်တာ… ကားထွက်တာ မထွက်တာထား၊ မရပ်ရလို့ မရပ်ရဘူးပြောတာ ဘာအမှားမှ မပါဘူး။

Video – 3


၂၄နာရီတာဝန်ထမ်းဆောင်နေရတဲ့ တရားဝင် ဌာနတစ်ခုကို ခွင့်ပြုချက်မရှိဘဲ Videoရိုက်တာ Live လွှင့်တာသည် ဝတ္တရားနှောက်ယှက်မှုနဲ့ ငြိတယ်။ အသစ်ပြဌာန်းထားတဲ့ နိုင်ငံသားကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ ငြိတယ်။ လူမှုကွန်ယက်ကို လွှင့်တင်တာဖြစ်တဲ့အတွက် ၆၆ဃနဲ့ ငြိတယ်။ အားနေရင် တိုင်မယ်တောမယ်ချည်းလုပ်နေလို့ ပြောပြတာ။

ကာအိနြေ္ဒပျက်မှုလို့ တိုင်ရင်လည်း ဗီဒီယိုမှာ အကုန်ပါပြီးသား။ အဖြေကရှင်းနေပြီ။

ကိုယ်လည်း မိန်းမဝါဒီဘက် အတော်ယိမ်းတဲ့လူပါ။ ဒါပေမယ့် တစ်ခုခုဆိုရင် မိန်းမတစ်ယောက်ကို၊ မိန်းမတစ်ယောက်ကိုနဲ့ ထထအော်တာ အလာ့ဂျစ်ပဲ။ မိန်းမတစ်ယောက်မို့ ဟိုက အဲ့လောက်လွန်နေတာကို ကြည့်နေတာ။ ယောက်ျားချင်းတွေသာဆို တစ်ခါတည်း အထဲရောက်မလား၊ ဆေးရုံရောက်မလားပဲ။

မိန်းမတစ်ယောက်ကို… ဟုတ်တယ်လေ… မိန်းမဖြစ်နေတော့ရော ဘာဖြစ်လို့လဲ။ ဘာကို အခွင့်အရေး ပိုယူချင်တာလဲ။ ဘာလို့ မိန်းမတစ်ယောက်ဆိုတာကြီးနဲ့ ကိုင်ပေါက်နေတာလဲ။ ထက်မြက်ချင်ယောင် ဆောင်နေတဲ့ မိန်းမမျိုးတွေပဲ အရေးဟယ်အကြောင်းဟယ်ဆို မိန်းမတစ်ယောက်ကို ဆိုတာကြီး ပွင့်ပွင့်ကျလာတာ။

သူ့ဟာသူ ခြံစည်းရိုးပြင်မလို့ ပလယ်ရာတွေ သွပ်ကြိုးတွေ ကိုင်ထားတဲ့ ဦးလေးကြီးကို သူ့ကို ရန်ပြုမလို့ပဲ ကိုင်ထားသလို စွပ်စွဲတာမျိုးကျ ကလိန်ကျတယ်လို့ခေါ်တယ်။ မိန်းမတွေရဲ့ အခွင့်အရေးကို မလျော်ကန်တဲ့နေရာမှာ လီဆယ်ပြီးသုံးတာ မိန်းမတစ်ယောက်အနေနဲ့ လက်မခံနိုင်ဘူး။

Image may contain: 2 people, text

ထက်မြက်တာနဲ့ ရန်လိုတာနဲ့ အဝေးကြီး။ အဲ့အမျိုးသမီး ကြည့်ရတာ တစ်ခုခုတော့ မှားနေသလိုပဲ။ ဘာပဲဖြစ်ဖြစ် ဖေ့စ်ဘုတ်ပေါ် Liveတွေလွှင့်၊ ဖြဲတာ ဖြဲတာဆိုတာ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်း မဟုတ်။ အမြဲ သူချည်းပဲ။ အစက လူတူတယ် မှတ်နေတာ။ မဟုတ်ဘူး… သူချည်းပဲ။ ဖဘဆိုတာ ခုံရုံးမဟုတ်သလို တရားစီရင်တဲ့ နေရာလည်း မဟုတ်ဘူး။ ယူထားတဲ့ဘွဲ့ကြီးမှ အားမနာ ဂလုန်ဆန်နေတာ မြင်မကောင်းဘူး။

မိန်းမဆိုတာနဲ့ မှားတာကြီးက အမှန်ဖြစ်မသွားဘူး။ မိန်းမဆိုတာနဲ့ ပြသနာ ရှာခွင့် မရှိဘူး။ မိန်းမဆိုတာနဲ့ ကိုယ့်ဘက်က ဟိုကောင်က ဒီကောင်ကဆိုတဲ့ အဆင့်ထိပြောပြီး တစ်ဖက်က ပြောတာကို မိန်းမတစ်ယောက်ကို အုပ်စုဖွဲ့အနိုင်ကျင့်ပါတယ် ပြောခွင့်မရှိဘူး။

လူတွေက ပန်ကန်ပြားကြီးနဲ့ ထမင်းစားနေတာ။ အမှန်တရား ဘာဆိုတာ သိတယ်။ ဘာရန်ငြိုး ရန်စမှ မရှိဘူး၊ ဒီနေ့မှ သူ့မျက်နှာ သေချာမြင်ဖူးတာ။ တစ်ဖက်သက်ကြီး ရန်လိုလွန်းနေလို့ မမျှတလွန်းလို့ ဝင်ပြောတာ။

သူ့ပိုစ့်မှာ ဝင်ရေးတဲ့လူတွေကို မီးသတ်တွေရဲ့ အကောင့်တုတွေဆိုပဲ။ အဝိဇ္ဇာတွေ ဖုံးလွှမ်းနေတာ သင်ထားတဲ့ ပညာတွေလည်း မကယ်နိုင်ဘူး။

မပူပါနဲ့ အယ်မရေ… အဲ့မီးသတ်တွေဆိုတာက အယ်မအိမ် မီးထလောင်လည်း လာငြှိမ်းပေးကြမှာပါ။ အယ်မ မိန်းမတစ်ယောက်ဖြစ်နေလို့လည်း လာငြှိမ်းတာ မဟုတ်ဘူး။ နိုင်ငံသားတစ်ယောက်ကို ကာကွယ်ပေးဖို့ သူတို့အလုပ် သူတို့လုပ်ကြမှာ။ အယ်မလည်း အဲ့ကျ Liveလွှင့်ပါဦးနော်။

တစ်ခုခုဆို သူ့ဘက်ကိုယ့်ဘက် မျှမတွေးဘဲ၊ ငါတကောကော၊ ငါချည်းမှန်တယ်ထင်၊ တစ်ဖက်ကို နင်းပြော၊ တစ်ဖက်က မခံနိုင်လို့ ပြန်ပြောတော့ မိန်းမတစ်ယောက်ကို… မိန်းမတစ်ယောက်ကိုနဲ့…

နောက်ဆို အဲ့မိန်းမတစ်ယောက်ကိုမှန်းသိအောင် ရွှေကွပ်ပြီး လည်ပင်းဆွဲထားသင့်ပါတယ်လို့ အကြံပေးပါရစေ ချိမရေ…

ချစ်လို့ ချိမခေါ်တာ မဟုတ်

ချိသေသွားလည်း အေးတာမို့ ချိမ ခေါ်တာ

အိပန်ဆယ်လို

Recent Updates

Recent Posts Widget