ကိုရီးယားက မြန်မာတစ်ယောက်ရဲ့ ဒေါ်လာ တစ်သောင်းနဲ့ CB BANK အငြင်းပွားမှု




CB Bank ကြီးက အာ့လို.. တစ်ဦးတည်း ကွက် မတောင်းပန်နဲ့လေ..နော့…..

ကိုရီးယားက သူငယ်ချင်းများနဲ့မြန်မာနိုင်ငံသားများသိစေရန် မြန်မာနိုင်ငံCBဘဏ်ရဲ့ကောက်ကျစ်တဲ့သတင်းကိုမျှဝေပေးလိုက်ပါတယ်

ကိုရီးယားက သူငယ်ချင်းများနဲ့ မြန်မာအလုပ်သမားများသိစေရန် ကိုယ်တိုင်ကြုံတွေ့ရတဲ့အခက်အခဲတစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကျနော်မပြန်ခင် ၁၀-၅-၂၀၁၉နေ့ ညက KEB Hanaဘဏ်ကနေ မြန်မာနိုင်ငံCBဘဏ်သို့ အွန်လှိုင်းဘဏ်ကင်းဖြင့် ပထမတစ်ကြိမ် ဒေါ်လာ တစ်သောင်းလွှဲလိုက်ပါတယ်။ နောက်ဒုတိယအကြိမ် ဒေါ်လာ ၉၅၀ထပ်ပြီးလွှဲထားခဲ့ပါတယ်။ တစ်ညတည်းမှာ စုစုပေါင်း ဒေါ်လာ၁၀၉၆၀လွှဲထားခဲ့ပါတယ်။

အဲလိုလွှဲပြီးတော့ ၁၁-၅-၂၀၁၉နေ့ည လေယာဉ်နဲ့ မြန်မာပြည်ကို အပြီးပြန်သွားခဲ့ပါတယ်။ မြန်မာပြည်ရောက်တော့ လွှဲထားတဲ့ဒေါ်လာတွေအဝင်ကိုစောင့်နေခဲ့ပါတယ်။

လေးငါးရက်လောက်ကြာတော့ မသင်္ကာလို့ ကျိုက်ထိုCBဘဏ်ကို ၁၅-၅-၂၀၁၉ရက်နေ့က သွားစစ်ဆေးပြီး ငွေထုတ်တဲ့အခါမှာ CBဘဏ်အကောင့်ထဲမှာ ဒေါ်လာ၉၅၀အတွက်ပဲ မြန်မာငွေကိုရှင်းပေးထားပါတယ်။

အဲဒီမှာ ဇာတ်လမ်းစလာပါတော့တယ်။ ကျိုက်ထိုCBဘဏ်ဝန်ထမ်းများနဲ့စကားတိုက်ပွဲဝင်ရပါတော့တယ်။ အဲဒီမှာ ကျိုက်ထိုCBဘဏ်က အလုပ်သမားတစ်ယောက်ရဲ့ လစာဝင်ငွေဟာ ဒီလောက်မရဘူးဆိုပြီးပြောလာပါတယ်။ နောက်တစ်ခု
ထပ်ပြောတာက လွှဲတဲ့ဒေါ်ပမာဏများလို့ အပြီးပြန်တဲ့သူလဲဖြစ်လို့ ကိုရီးယားဘက်ကနေ ဖြတ်ထားတယ်ဆိုပြီးပြောလာပါတယ်။

ဒေါ်လာတစ်သောင်းကလုံးဝအပျောက်လုပ်ထားပါတယ်။အဲဒါနဲ့ ကျနော် ချက်ချင်းပဲ ကိုရီးယားက KEBဘဏ်ကိုချက်ချင်းချိတ်ဆက်ပြီး ကျနော်လွှဲထားတဲ့ ဘဏ်အထောက်အထားတွေကိုပေးပို့ပြီးတော့ ကိုရီးယားKEBဘဏ်ကို အထောက်အထားတွေတောင်းယူခဲ့ရပါတယ်။

ကျနော်လွှဲထားတဲ့ဒေါ်လာတွေ KEBဘဏ်ဘက်ကနေ မြန်မာပြည်ကို လွှဲပေးလိုက်ကြောင်း အထောက်အထားစာရွက်တွေကို ကျနော့်ထံချက်ချင်းပြန်ပို့ပေးခဲ့ပါတယ်။ နောက်ဆုံးတော့ ဒေါ်လာတစ်သောင်းကို အပျောက်ရိုက်ဖို့ကြံရွယ်တာက မြန်မာပြည်က CBဘဏ်ဖြစ်နေပါတယ်။

ကျိုက်ထိုCBဘဏ်ကလဲ အထက်ရုံးချုပ်က ဒီလိုပြောလို့သူတို့ကလည်းအခုလိုပြောတာပါဖြစ်လာပါတယ်။ ကျနော် CBဘဏ်ကနေ ဒေါ်လာရှစ်ထောင် တစ်သောင်း အမြဲလွှဲခဲ့ဖူးပါတယ်။ အခုပြန်ခါနီးမှာ ပိုက်ဆံအားလုံးစုထားပြီး တစ်ခါတည်းလွှဲထားခဲ့ပါတယ်။

အပြီးပြန်တဲ့သူလဲဖြစ်တယ် ကိုရီးယားကို ပြန်သွားပြီးမရှင်းနိုင်တော့ဘူးဆိုတဲ့ပုံစံနဲ့ ဒေါ်လာတစ်သောင်းကို အပျောက်ရိုက်ဖို့လုပ်ကြံခဲ့တာပါပဲ။videoရိုက် liveလွှင့်ပြီးပြောမယ်ဆိုတော့မှလက်လျော့လာပါတယ်။ နောက်ဆုံးမှာတော့ သူတို့ပြောလာတဲ့စကားက ရယ်စရာတစ်ခုဖြစ်လာပါတယ်။

ပြောလိုက်တဲ့စကား ဒီတစ်ကြိမ်တော့ လုပ်ပေးလိုက်မယ်။ နောက်တစ်ကြိမ်ဆိုမရဘူးတဲ့။ စဉ်းစားကြည့်ပေါ့ဗျာ ကျနော် လွှဲထားတဲ့ဒေါ်လာမဝင်ဘူး ကိုရီးယားဘက်ကဖြတ်ရိုးမှန်ကန်ရင် သူတို့CBဘဏ်က ဒေါ်လာတစ်သောင်းကို ကျနော့်ကို အလကားထုတ်ပေးပါ့မလား။

တော်တော်ကိုရယ်စရာကောင်းသလို အောက်တန်းလဲကျလွန်းလှပါတယ်။ ဒီတစ်ကြိမ်တော့ လုပ်ပေးလိုက်မယ် နောက်တစ်ကြိမ်ဆိုမရဘူးလို့ပြောပြီးတော့ ဒေါ်လာတစ်သောင်းနဲ့ညီမျှတဲ့မြန်မာငွေကိုထုတ်ပေးလိုက်ပါတယ်။ ကျနော်လိုမဖြစ်ရအောင် ကိုရီးယားက သူငယ်ချင်းများနဲ့မြန်မာနိုင်ငံသားများသိစေရန်အသိပေးကြေညာအပ်ပါတယ်။

ငွေတွေအားလုံးရရှိအောင်စကားအခြေအတင်ပြောဆိုပြီး ထုတ်ပေးတဲ့ ကျနော့်ရဲ့ချစ်သူလေးနဲ့ ကိုရီးယားဘက်မှ ဝိုင်းဝန်းကူညီပေးတဲ့အစ်မ ယဉ်မိုးမောင်တို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ အားလုံးကိုသတိပေးလိုက်ပါတယ်။ အားလုံးသိစေရန် လက်ဆင့်ကမ်း ရှယ်ပေးကြပါဗျ။

Crd . . Nat Tar Chaw post

Recent Updates

Recent Posts Widget