“တန္ဖုိးရွိေသာ စာ”ေစတနာနဲ႔မထုိက္တန္ခ့ဲရင္ ဥေပကၡာနဲ႔ ေပးဆပ္လုိက္ပါ စိတ္ေအးခ်မ္းပါတယ္…!
၁။ ဘဝဆုိတာ တုိက္ပြဲတစ္ခုလုိပါပဲ လဲေနရင္ ျပန္ထႏုိင္ေအာင္ ႀကိဳးစားပါ
၂။ လူတုိင္းမွာ ကုိယ္စီကုိယ္စီ ေျဖရွင္းေနၾကရတ့ဲ ဘဝပုစၧာေတြ ရွိပါတယ္ ဘယ္လုိေျဖရွင္းမလဲဆုိတာ အဓိကက်ပါတယ္။
၃။ တခါတေလ မျဖစ္ခ်င္တာေတြ ျဖစ္လာရတ့ဲအခါ အေကာင္းဆုံးရင္ဆုိင္ ေက်ာ္ျဖတ္လုိက္ပါ
၄။ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကုိ ဦးစားေပးလုပ္တာ ပုိေကာင္းပါတယ္။
၅။ အမွားတစ္ခုလုပ္မိတ့ဲအခါ ဝန္ခံတတ္ပါေစ။
၆။ ဘဝသီအုိရီတြက္ခ်က္ရတ့ဲအခါ မွားမွာကုိ မေၾကာက္ပါနဲ႔ အမွားဆုိတာ အေတြ႕အၾကံဳရဲ႕ ဆရာတစ္ဆူလုိပါပဲ။
၇။ ဘယ္အလုပ္ကုိပဲလုပ္ရသည္ျဖစ္ေစ တန္ဖုိးထားတက္ေအာင္ ႀကိဳးစားပါ။
၈။ ပညာရွာတ့ဲအရြယ္ပညာရွာ ၾကင္ရာရွာတ့ဲအရြယ္ ၾကင္ရာရွာပါပညာရွာတုန္း ၾကင္ရာမရွာမိပါေစနဲ႔ ခ်စ္တာတစ္ခုတည္းနဲ႔ ဘဝတစ္ခုတည္ေဆာက္ဖုိ႔ဆုိတာ မလုံေလာက္ေသးဘူး။
၉။ အသိပညာအတြက္ မရွက္ပါနဲ႔ ပညာရွာပမာသူေတာင္းစားတ့ဲ။
၁၀။ သင့္ပတ္ဝန္းက်င္ရွိ လူအခ်ိဳ႕က သင္ေအာင္ျမင္တာကုိ အသိအမွတ္ျပဳဖုိ႔ ေမ့ေနၾကၿပီး သင္က်ရွံုးတ့ဲအခ်ိန္ လက္ညိဳးထုိးဖုိ႔ ေစာင့္ၾကည့္ေနၾကလိမ့္မယ္
၁၁။ လူတုိင္းကုိ မယုံမိပါေစနဲ႔။ သင္နဲ႔ပတ္သက္သူတုိင္း လက္ထဲမွာ မျမင္ႏုိင္တ့ဲ ဓားတစ္လက္ရွိေနတတ္တယ္
၁၂။ ကုိယ့္အေပၚအမွားလုပ္မိတ့ဲအခါ ခြင့္လႊတ္ႏုိင္ဖုိ႔ ႀကိဳးစားလုိက္ပါ။
၁၃။ ေငြေၾကးနဲ႔ပတ္သက္ရင္ လူတုိင္းအေပၚ အယုံမလြယ္ပါနဲ႔။
၁၄။ အားနာရင္ ခါးပါတတ္တယ္။
မျဖစ္ႏုိင္ရင္ လိမ္မားပါးနပ္စြာ ရဲရဲျငင္းဆုိပါ ။
၁၅။ မျဖစ္ႏုိင္တာကုိ မေမၽွာ္လင့္ပါနဲ႔
ေမၽွာ္လင့္ခ်က္က တေန႔ ဒုကၡေပးတတ္တယ္။
၁၆။ ခ်စ္ေတာ့ ခ်စ္ပါ။ ႏွလုံးသားနဲ႔ အရင္ခံစားၿပီးမွ ဦးေႏွာက္က ျပတ္ျပတ္သားသား ဆုံးျဖတ္လုိက္ပါ။
၁၇။ ေပးကမ္းပါ စြန္႔က်ဲပါ တစုံတခုျပန္ရဖုိ႔ မေမၽွာ္လင့္ပါနဲ႔။
၁၈။ လူတုိင္းကုိ မခ်စ္ႏုိင္ရင္ေတာင္ မမုန္းမိေအာင္ ႀကိဳးစားပါ။
၁၉။ ေစတနာနဲ႔မထုိက္တန္ခ့ဲရင္ ဥေပကၡာနဲ႔ ေပးဆပ္လုိက္ပါ စိတ္ေအးခ်မ္းပါတယ္။
၂၀။ မျဖစ္ႏုိင္ဘူးဆုိတာေတြ လက္ခံပါမ်ားလာရင္ ျဖစ္ႏုိင္တာေတြ ကြယ္ေပ်ာက္သြားတတ္တယ္။
၂၁။ အေျပာမေကာင္းရင္ေတာင္ နားေထာင္ေကာင္းသူျဖစ္ေအာင္ ႀကိဳးစားပါ။
၂၂။ နည္းနည္းေျပာၿပီး မ်ားမ်ားနားေထာင္ပါ။
၂၃။ မေပးကမ္းႏုိင္ရင္ေတာင္ တတ္ႏုိင္သေလာက္ ကူညီေပးလုိက္ပါ လက္တစ္စုံဟာ ယူဖုိ႔အတြက္ျဖစ္သလုိ ေပးကမ္းတတ္ဖုိ႔လည္း လုိပါတယ္။
၂၄။ ေခြ်တာသင့္တာ ေခြ်တာၿပီ စုေဆာင္းသင့္တာ စုေဆာင္းပါ ။ ေရတစ္စက္တန္ဖုိး ေရငတ္မွသိသလုိ ေငြတစ္က်ပ္တန္ဖုိး ေငြျပတ္မွ သိလာလိမ့္မယ္။
၂၅။ မသိရင္ သိသလုိမေနပါနဲ႔ ။ မသိရင္ေမးပါ ။ အေမးရွိရင္ အေျဖတစ္ခုေတာ့ ရလာမွာပဲ။
၂၆။ တေန႔ စာဖတ္ခ်ိန္သီးသန္႔ထားပါ။ စာဖတ္ျခင္းျဖင့္ ဦးေႏွာက္ေလ့က်င့္ပ်ိဳးေထာင္ပါ။
၂၇။ သူဘယ္လုိလူလဲဆုိတာထက္ ငါဘယ္လုိလူလဲဆုိတာ သုံးသပ္ပါ။
၂၈။ သူတပါးက လက္ညိဳးမထုိးခင္ ကုိယ္က လက္မေထာင္ႏုိင္ေအာင္ ႀကိဳးစားပါ။
၂၉။ အခ်ိန္မီေက်းဇူးတင္စကားေျပာဖုိ႔ မေမ့သင့္သလုိ ေတာင္းပန္စကားေျပာဖုိ႔လည္း ဝန္မေလးမိပါေစနဲ႔။
၃၀။ လူအခ်ိဳ႕က ေဝဖန္လာရင္ လက္ခံႏုိင္ဖုိ႔ ႀကိဳးစားပါ။
ေအာင္ျမင္တ့ဲလူတစ္ေယာက္က ပတ္ဝန္းက်င္ရဲ႕ ေဝဖန္ျခင္းဒဏ္ ခံႏုိင္ရည္ရွိၾကရတယ္ ။ ရဲရဲရင္ဆုိင္ျဖတ္ေက်ာ္ပါ။
Ctedit to fb
https://www.facebook.com/%E1%80%85%E1%80%AC%E1%80%B1%E1%80%95-%E1%80%97%E1%80%9F%E1%80%AF%E1%80%9E%E1%80%AF%E1%80%90-200801013982308/
Unicode
၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ
၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။
၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ
၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။
၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။
၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။
၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။
၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့ ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။
၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။
၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်
၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်
၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။
၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။
၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။
၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။
၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။
၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။
၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။
၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။
၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။
၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။
၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။
၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။
၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။
၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။
၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။
၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။
၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။
၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။
၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။
Ctedit to fb
https://www.facebook.com/%E1%80%85%E1%80%AC%E1%80%B1%E1%80%95-%E1%80%97%E1%80%9F%E1%80%AF%E1%80%9E%E1%80%AF%E1%80%90-200801013982308/


