“ဂရစ်ဇ်မန်း ကို ကမ်းလှမ်းဖို့ ပြင်ဆင်လာတဲ့ ယူနိုက်တက် ၊ ဆာနေး အတွက် ငွေထုပ်ပြင်ထားတဲ့ ဘိုင်ယန် တို့နဲ့ . . . . . ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ”




မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ အသက်လက်တီကိုမက်ဒရစ် ကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှုး အန်တွိုင်ဂရစ်ဇ်မန်းကို ကမ်းလှမ်းဖို့ အတွက် စတင် ပြင်ဆင် နေပြီ လို့ သိရ ပါတယ် ။

ဒါ့အပြင် လိုင်ယွန်အသင်း ရဲ့ တိုက်စစ်သမား မူဆာ ဒမ်ဘီလီ ကိုလည်း ပေါင် ၃၅သန်းနဲ့ ကမ်းလှမ်းဖို့ စတင်လုပ်ဆောင်နေပြီ လို့လည်း သိရပါတယ် ။

ယူနိုက်တက် နဲ့ ဂိုး သမား ဒီဂီယာ တို့ အကြား စာချုပ် သစ် ညှိနှိုင်း မှု ဟာ အခုချိန် အထိ အဆင် မပြေ နိုင်သေးဘဲ ရှိနေ တယ်လို့ သိရ ပါတယ် ။ ဒီဂီယာ ဟာ အသင်း မှာ အလက်ဆစ် ဆန်းချက် ရရှိ နေတဲ့ လစာ အတိုင်း ရရှိ လိုတာ ကြောင့် အခုလို ညှိနှိုင်း လို့ မရ ဖြစ်နေတာ ဖြစ်တယ် လို့ သိရ ပါတယ်၊

ဒီဂီယာ

ယူနိုက်တက် တိုက်စစ်မှုး လူကာကူ ဟာ အင်တာ မီလန် အသင်း ဆီ ပြောင်းရွှေ့ သွားဖို့ အလားအလာ ရှိ နေပြီး ယူနိုက်တက် ပရိသတ် တွေ ကတော့ လူကာကူ ထွက်ခွာ သွားပါက ယူဗင်တပ် တိုက်စစ်မှုး ပေါ်လို ဒိုင်ဘားလား ကို ခေါ်ယူ ဖို့ အတွက် မဲပေးခဲ့ ကြတယ် လို့ သိရ ပါတယ် ။

ရီးရဲ အသင်း ခေါင်းဆောင် ရာမိုစ့် ကတော့ ၂၀၁၄ ခုနှစ် ချန်ပီယံ လိဂ် ဖိုင်နယ် က သူ့ရဲ့ ခြေပဂိုး ဟာ သူ့ရဲ့ ကစား သမားဘ၀ အားရ မှု မရှိ ဆုံး သွင်းဂိုး ဖြစ်တယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

ဘိုင်ယန် မြုးနစ် ဟာ မန်စီးတီး တောင်ပံကစားသမား ဆာနေး အတွက် ယူရိုသန်း ၈၀ ပြင်ဆင် ထားသလို ချဲလ်ဆီး နဲ့ စာချုပ်သက်တမ်း မတိုးရသေးတဲ့ ဟတ်ဆန် အိုဒွိုင်းကိုလည်း အရ ခေါ်ယူနိုင်ဖို့ စိတ်ကူး ထားတယ် လို့ သိရ ပါတယ် ။

စပါး အသင်း ကစား သမား ဟောင်း ဒါရင်း အန်ဒါတန် ကတော့ အိုင်ယက်စ် ကြယ်ပွင့် ဗန်ဒီဘက် ဟာ စပါး နဲ့ ကိုက်ညီ တဲ့ ကစား သမားမျိုး ဖြစ် ပါတယ် လို့ တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

ဘင်ဖီကာ အသင်း ကတော့ သူတို့ ရဲ့ ကြယ်ပွင့် ကစား သမား ဂျာအို ဖိလစ် ကို အလိုရှိပါက ယူရိုသန်း ၁၀၀ ဟာ မလုံ လောက် သေးပါ ဘူးလို့ သတိပေး ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး နောက်ခံလူ မားကိုစ့် အလွန်ဆို ဟာ အသင်း ပြောင်းရွှေ့ မှု အတွက် စဉ်းစား နေတယ် လို့ ကြားသိရ ပါတယ် ။ ချဲလ်ဆီး ဟာ လာမယ့် ဇူလိုင် ၃၁ ရက်နေ့ မှာ ရက်ဘူး ဆဲလ်ဘတ် အသင်း နဲ့ ခြေစမ်းပွဲ ကစား မယ် လို့ လည်း အတည်ပြု လိုက်ပြီ ဖြစ် ပါတယ် ။

လမ်းပတ်

ဒါဘီ ကောင်တီ အသင်း ပိုင်ရှင်ကတော့ နည်းပြ ဖရန့်လမ်းပတ် ကို အသင်းမှာ ဆက်ရှိ နေ စေဖို့ အတွက် အတတ် နိုင်ဆုံး ဆွဲဆောင် သွားမယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

အေစီမီလန် အသင်း ဟာ အာဆင်နယ် နောက်ခံလူ ကိုစီရယ်နီ ကို ခေါ်ယူ ဖို့ အတွက် စိတ်ဝင် စား နေတယ် လို့ ကြားသိရ ပါတယ် ။

ယနေ့ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ထ၀င် တစ်ဦး လည်း ဖြစ် သလို “The King” လို့လည်း အမည်ထူး ရရှိ ထားခဲ့ တဲ့ ပြင်သစ် တိုက်စစ်မှုးကြီး အဲရစ် ကန်တိုနာ ရဲ့ မွေးနေ့ ဖြစ် ပါတယ် ခင်ဗျာ ။

SPORTS MYANMAR

Recent Updates

Recent Posts Widget