ကျမ ဒီအဖြစ်အပျက်လေးကို အနှစ်နှစ် အလလက မပြောဘဲနေလာခဲ့တာ အခု တိုက်ဆိုင်တဲ့ အဖြစ်အပျက်လေးမို့ နည်းနည်းလေးပြောပါရစေရှင်




ဒီပိုစ် ကို ဖတ်မိတော့ ကာယကံရှင် ကို ကိုယ်ချင်းလဲစာတယ် သနားမိတယ် ဆရာဝန် တစ်ယောက် ရဲ့ ဆုံးဖြတ်ချက် အမှား တစ်ခုဟာ လူနာနဲ့ မိသားစုအတွက် ဘဝသေသွားစေနိင်တယ် ဆိုတာကို ကိုယ်တွေ့ (29.6.2011) ဆိုတဲ့ အတိတ်ကာလ က အိပ်မက်ဆိုး ဟာ ကျွန်မ အတွက် ယနေ့တိုင် ရင်ထဲ ရှိနေဆဲပါ ကျွန်မအဖြစ်အပျက်လေး ကို အနှစ်နှစ် လ လ က မပြောဘဲနေလာခဲ့တာ အခု တိုက်ဆိုင်တဲ့ အဖြစ်အပျက်လေးမို့ နည်းနည်းလေးပြောပါရစေရှင်


ကျွန်မ ရဲ့ အငယ်ဆုံး အမွှားသားလေး ကိုယ်ဝန်ဆောင်ထားချိန်မှာ ၉လ ကျော် ၁၀ လ အဝင်မှာ မမျှော်လင့်ဘဲ ဗိုက်နာလာလို့. OG မမ နဲ့ သွားပြပါတယ် အုန်းနို့ခေါက်ဆွဲးစားမိလို့များ နားလာတာလားဆိုပြီး ပြောပြလိုက်မိတယ် လေဆေး airx လေးပေးပြီး ပြန်ခိုင်းလိုက်တယ်OG မမ ကပြန်နာလာရင် ဘယ်အချိန်ဖြစ်ဖြစ် ဆေးရုံတက်လာပါဆိုပြီးတော့လဲပြောခဲ့ပါတယ် ဖြစ်ချင်တော့ ဗိုက်နာတာ မသက်သာလာဘူးဆိုတော့ကာ ဆရာဝန်ကြီး ပြောထားတဲ့အတိုင်းဘဲ ည ၁၂ နာရီ မှာ ကလေး ကိုခွဲမွေးမှာဘဲ နာတာမသက်သာရင် ဆိုတဲ့အတွေးနဲ့ ကလေး အနှီး လေးပြင်ပြီး ဆေးရုံ သို့ အပြေးအလွှား တက်ခဲ့ပါတယ်


ကျွန်မကိုယ်တိုင်လဲ:-) ကျန်းမာရေး ဝန်ထမ်းမို့ ယုံကြည်ချက်အပြည့်နဲ့ပေါ့ ဒါပေမယ့် မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာပါဘူး AS တစ်ယောက်က လာကြည့်ပြီး OG မမကို သတင်ပို့လိုက်တာ ဒီလူနာက ညနေက မမ ကြည့်ထားပြီးသားပါ ဝမ်းသွားလို့ဆိုပြီး metro lV ရယ် pantocidသွင်းခိုင်းလိုက်တယ် လေဆေးတွေထိုးနဲ့ မိုးလင်းတော့ ကလေး က ငြိမ်ကျသွားတယ် ထုံးစံအတိုင် မနက် ၁၀နာရီလောက်မှာလာကြည့်သွားတယ် ဗိုက်ကိုကိုင်ပြီး ကလေး ကောင်းပါတယ်တဲ့ ကျွန်မ စိတ်ပူမိတယ် ကလေး သိမ့်မလှူပ်လို့ ပြောပြတယ် မောသွားလို့ပါတဲ့ ပြန်ဖြေသိမ့်ပုံက တစ်နေ့ ပြီးသွားတယ် နောက်နေ့. ဆရာမတစ်ယောက် လာစမ်းတယ် ကလေးနှလုံးခုန်နှူန်း သိမ့်မရလို့သိလိုက်တယ် မျက်နှာကိုကြည့်လိုက်တာနဲ့ သိလိုက်တယ် အမ နားထောင်ရတာ တစ်မျိုးကြီးဘဲ စကားကို ပြန်ပြင်လိုက်တယ် ဘာမှမဖြစ်ဘူးဆက်ပြောတယ် အဆူခံထိမှာဆိုးလို့များလား ဆရာဝန်ကြီး ကြည့်သွားတာဘဲ ပြန်ပြောတယ်

အဲဒီနေ့မှာOG က ဆင်းလို့ရပြီးတဲ့ပြောလာတဲ့အချိန်မှာ မမ ကျွန်မ ကလေး သိမ့်မလှူပ်ဘူး ပြန်ပြောတော့ ဘာမှမဖြစ်ဘူး နှလုံးခုန်သံ ကောင်းတယ်တဲ့ စိတ်ပူရင် ultrasound ရိုက်ပြီးမှပြန်တဲ့ ကျွန်မ မိသားစုကမျှော်လေ့် နေကြတယ် ကလေးက သားယောက်ကျာ်းလေးအမွှာ တကယ်စိတ်ပူတယ်ဆိုတော့ သွားရိုက်ပါလေရော ultrasound မမ ကလန့်ပြီး ဟယ် လွန်ခဲ့တဲ့ အပတ်က လာရိုက်တာ အကောင်း အခု နင့် ကလေး တစ်ယောက်က လုံးဝသေသွားပြီး တစ်ယောက်gasping ရနေပြီးတဲ့ နောက် မိနစ် ၂၀ လောက်ဆို ဒီတစ်ယောက်လဲ သေမယ် ခေါင်းကို မိုးကြိုးပစ်လိုက်သလိုဘဲ ward ကို ပြန်လာလဲရောက်ရော AS က OG မမ ကို ချက်ချင်း inform လုပ် အဲဒီအချိန်မှာ ချက်ချင်း ခွဲးခန်းဝင် ကျွန်မ ကိုယ်တိုင်က ဂယောင်ဂတန်းတွေဖြစ်နေပြီး ခွဲးခန်းထဲ တာဝန်ကျနေတဲ့ ကျွန်မ ရဲ့ students တွေ က အရေးပေါ်ခွဲးစိတ်ခန်း ဝင်လာတဲ့ လူနာက သူတို့ ရဲ့ ဆရာ ဖြစ်နေတော့ လက်ကလေးကို ကိုင် မျက်လုံးမှာ မျက်ရည်စတွေနဲ့ သူတို့ ကို စာသင်ပေးနေတဲ့ ဆရာမ တစ်ယောက်က သူတို့ရှေ့မှာ အသဲအသန် ဖြစ်နေတာ ဘယ်သူကကြည့်ရက်မှာလဲ ဆေးရုံပေါ်မှာ နေပြီးတော့ မှ ကလေးကသေတယ်

ထွက်လာတဲ့တစ်ယောက်ကလဲ gaspingနဲ့ အသက် ရှင်နိင်ဖို့ ကျွန်မ မိသားစုရဲ့ မျှော်လင့်ချက်အမျိုးသားက ရန်ကုန် ကလေးဆေးရုံကို ကလေး ကို စိတ်မချလို့ ကိုယ်တိုင်မောင်းပို့ အမေ နဲ့ ညီမလေးရယ် ကျောင်းက ဆရာမ နှစ်ယောက်ရယ် အသဲအသန် နဲ့ အောက်ဆီဂျင်တန်းလန်းနဲ့ ကျွန်မ က ဗိုက်ခွဲးထားတော့ ထမရ သေသွားတဲ့ သား ရဲ့ မျက်နှာလဲ မမြင်ရ အခု ကျန်နေတဲ့ သား လဲ ပိုက်တွေအမျိုးစုံနဲ့. ရန်ကုန် အမြန်ပို့တော့ မမြင်ရ အဲဒီအချိန်မှာ ဖုန်းတစ်လုံးနဲ့ ပက်လက် ငိုလိုက် စိတ်တင်းလိုက်နဲ့ မီးတွင်းထဲ စိတ်ထဲ အကယ်၍များ ဒီတစ်ယောက်သာ တခုခုဖြစ်ရင် ငါလဲ သေမလား ဆိုပြီးတွေးမိတယ် ကျောင်းက ဆရာမတွေရော တပည့်တွေရော အားလုံးက ကျွန်မကိုကြည့်ပြီး ဖြေသိမ့်မတတ်တော့ဘူး ငွေအများကြီး အကုန်အကျခံ ကုသခဲ့ ပေမယ့် နောက်ဆုံးရလဒ်က သားငယ်လေး က ဦးနှောက်တစ်ခြမ်းက သေ သွားတယ်

OG မမ က ကျွန်မ ကို နှစ်သိမ့်တယ် နောက်ကလေး ထပ်ယူလိုက်ပါတဲ့ ကျွန်မ က မိခင် တစ်ယောက် နောက်ထပ် ကလေးပြန်ယူရင် ဒီ သားငယ်လေး ကို ကျွန်မ မပြုစုနိင်တော့ဘူး ဆုံးဖြတ်လိုက်တယ် ဘယ်အခြေအနေဖြစ်ဖြစ် ကံတရားဘဲ သားငယ်လေး ကို ဂရုစိုက်ပြုစုမယ် ကျွန်မ အတွက် Lucky. လေးဘဲလို့ တွေးလိုက်တယ် အခုဆို သားငယ်လေးက ၈နှစ်- မထိုင်တတ်ဘူး -အမေအဖေ မခေါ်တတ်ဘူး -စကားမပြောတတ်ဘူး -ဗိုက်ဆာလာရင် ငိုပြတယ်- ခြင်ကိုက်လဲ မရိုက်တတ်ဘူး -မျက်စိနှစ်ဘက်စလုံးကလဲ မြင်လာမမြင်လားမသိဘူး-ကလေးတစ်ယောက်လိုဘဲ ဘဝက ဆက်ရှင်သန်နေဆဲ မျက်စိ -နား- အာရုံကြော- နလုံး -အကြော ပိုင်းဆိုင်ရာ- ပြန်လည်ထူထောင်းရေး ဆရာဝန်ကြီး ၇ ယောက် နဲ့ ပြလာခဲ့တာ ကောင်းလာ မလားဆိုပြီး သားငယ်လေးအတွက် မျှော်လင့်ချက်များစွာနဲ့ အချိန်ကုန်ခဲ့ပေမယ့် ရလာဒ်က ဘာမှ မထူးလာတော့ပါဘူး သနားစရာကလေးလေး သားငယ်လေး ကို ကြည့်ပြီး တရားနဲ့သာဖြေနေခဲ့ရတယ်ဆိုပေမယ် လူသား ဘဲ မဖြေသိမ့်နိင် ခဲ့ဘူး သားငယ်လေး ကို သနားလွန်းလို့ ရာထူးတိုး ကိုတောင်မယူဖို့ ဆုံးဖြတ်ခဲ့ဖူးတယ်

ကျွန်မပြောချင်တာက ကျွန်မ လဲ တစ်ချိန်က အသက်သာရှင်နေတာ ဘဝက သေနေသလိုဘဲ ခံစားခဲ့ရဖူးတယ် ဒီ မြန်မာပြည်မှာ ဆရာဝန်တွေ မှားရင်လဲ လူနာဘဲ ခံရတယ် ဘာအရေးမှ ယူလို့မရတဲ့ နေရာ မှာ ကျွန်မ တို့ရောက်နေတာကို အဲဒါကြောင့် လက်ရှိဘဝမှာ ကိုယ့်ရဲ့ ကလေးကို အကောင်းဆုံးပြုစုပျိုးထောင်ပြီး ဖြည့်ဆည်းပေးနိင်ဖို့လုပ်ပါ တာဝန်ယူမှူတာဝန်ခံမှူမရှိ တဲ့ နေရာကို ရောက်နေချိန်မှာ ဖြေရှင်းဖို့ ဒီနည်းလမ်းဘဲရှိပါတယ်
အခုဆို ကျွန်မ သားသမီး တွေ အတွက် အမြဲတမ်း ဘဝ ကို လှပအောင် ဆက်လက်ကြိုးစားနေပါတယ် အနေဝေးနေပေမယ့် သားငယ်လေး နဲ့ အချိန်ရ ရင် ရသလို ဖုန်းလှမ်းဆက်ပြီး စကားပြောတယ် ဘဝကို ဆက်ရှင်သန်နိင်ဖို့ ကို လဲ အမြဲ အားတင်းထားတယ် သားသမီးတွေကို ဂရုတစိုက်နဲ့ ပြုစုမှူပေးနေတဲ့ အဖေအမေ အမျိုးသား ကိုလဲ အမြဲတမ်းကျေးဇူးတင်နေမိတယ် 웃유

ကျွန်မတို့တတွေသည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အတွက် ဘဝရဲ့ ဝဠ်ကြွေးတစ်ခုအနေနဲ့ အကြွေးဟောင်းကိုပြန်လည်ဆပ်နေခြင်းဘဲလားလို့( ပြင်ပ အတွေးနဲ့ဆို ဆေးရုံတက်တဲ့ ညမှာ ဆရာဝန်ကြီး ကိုယ်တိုင်သာ လာကြည့်ပေးခဲ့မယ် ဆိုရင် ချက်ချင်းခွဲးခန်းဝင် မွေးပေးခဲ့ရင်ဖြစ် အခုချိန်မှာ ကျွန်မ ရဲ့ သားငယ်လေး အမွှာနှစ်ယောက်လုံး စာသင်ကျောင်းမှာ အခြားကလေးတွေလို ၃တန်း တက်နေရော့ပေါ့)

တွေးရင်းနဲ့လက်ရှိအချိန်အထိ သားသမီးတွေအတွက် သာမက လူထုအကျိုး အတွက် ဆက်လက်ကြိုးစားသွားနေမယ့်

Credit-မာမီစော (26-5-2019)

Recent Updates

Recent Posts Widget