ႏွလံုးလွ တကၠစီယာဥ္ေမာင္း တဦး (ဒီလုိလူမ်ဳိး အမ်ားႀကီးလိုအပ္ပါတယ္)
ႏွလံုးလွ တကၠစီယာဥ္ေမာင္း တဦး (ဒီလုိလူမ်ဳိး အမ်ားႀကီးလိုအပ္ပါတယ္)
ကားလာငွါးတယ္..ပါရမီေဆး႐ုံကေန အေဝးေျပးဂိတ္သြားခ်င္လို႔တဲ့…သရက္ၿမိဳ႕နယ္က ရြာေလးတစ္ရြာကပါ…ေအာင္မဂၤလာကားဂိတ္ ဘယ္ေလာက္ေဝးမွန္း ဘယ္ေလာက္ေပးရမယ္မွန္း သူတို႔မသိ႐ွာၾကဘူး ေတာင္းသေလာက္ကို မ႐ွိမဲ့ ႐ွိမဲ့ထဲက ထုတ္ေပးမယ့္သေဘာ ေျပာလာတယ္….
သူတို႔ရဲ႕ သမီးေလးကေမြးရာပါ ႏွလုံးမွာ အေပါက္ပါလာလို႔ ရန္ကုန္က ကေလးဆရာဝန္ႀကီးကို လာျပတာ တဲ့..ဆရာဝန္ႀကီးကေျပာသတဲ့ဒီအရြယ္က ခြဲစိတ္လို႔ရေနၿပီ ၂၅ သိန္းေလာက္ကုန္မယ္တဲ့..မိဘေတြခမ်ာ ပိုက္ဆံမတတ္ႏိုင္ေတာ့ ရြာျပန္ၿပီ အမ်ဳိးေတြနဲ႔ တိုင္ပင္ပါရေစဦး ဆိုၿပီး ျပန္လာတာပါ..တဲ့ဗ်ာ..
ကေလးၾကည့္လိုက္္ျပန္ေတာ့ ျဖဴျဖဴ ေဖြးေဖြးေလး ဗ်ာ ႏို႔စို႔ေနတာေတာင္ ပါးစပ္ကေလး ဟၿပီး ေမာေန႐ွာတာ..ကြၽန္ေတာ္မ်က္ရည္လည္ေအာင္ သနားသြားမိတယ္….
သံသရာမဆိုထားဘိ ခဏေလးေတြ႕ရတဲ့ ဘဝခရီးထဲ ဒီလူသားေလးကို ငါေတာ့ က႐ုဏာေပးမယ္ ..ဟဲ့လို႔ တခါထဲ ဆုံးျဖတ္ထားလိုက္တယ္…ကားဂိတ္ေရာက္ေတာ့ သူ႔အေဖက ကားခကို အတင္းထုတ္ေပး႐ွာပါတယ္ မယူပါဘူးဗ်ာ က်ေနာ့မွာလဲ သားသမီးနဲ႔မို႔ ကိုယ္ခ်င္းစာပါတယ္..ေျပာေတာ့ သူလည္း မ်က္ရည္ေလးစို႔လို႔….က်ေနာ္လည္းမ်က္ရည္စို႔ေပါ့… ဘယ္လိုေျပာမလဲ..ေမတၱာေပးတာကို အျပည့္အဝရေတာ့ အငိုမ်က္လုံး အျပဳံးမ်က္ႏွာ ဆိုသလို ေက်းဇူးတင္ေလးစားတဲ့ အသြင္ ျမင္လိုက္ရပါတယ္..
မတတ္သာေသးလို႔သာ အိမ္ျပန္လွည့္ခဲ့ရတာ သူ႔ခမ်ာလည္း အေဖတစ္ေယာက္ဆိုေတာ့ အေတာ့္ကို ခံစားေနရတာ က်ေနာ္က သိတယ္…ဒိလိုခ်ဳိ့တဲ့ ႐ုိးအလႊန္းတဲ့ သူဆီကပိုက္ဆံကို ဘယ္လုိႏွလုံးသားနဲ႔ ကြၽန္ေတာ္ယူရက္မလဲဗ်ာ….
ဘာမွႀကီးႀကီးက်ယ္က်ယ္ႀကီး မဟုတ္ေပမယ့္ ကိုယ္ထားတဲ့ ေစတနာ ကိုယ္တိုင္အသိဆုံးမို႔ ေလးနက္တဲ့ ကုသိုလ္တစ္ခု ကြၽန္ေတာ္ ရလိုက္ပါတယ္…
သတၱေလာကႀကီးထဲက ဘယ္လူသားမွ ဆင္းရဲဒုကၡမေရာက္ၾကပါေစ နဲ႔….ကြၽန္ေတာ္လည္း သံသရာက်င္လည္သ၍ ဆင္း ရဲဒုကၡအေပါင္းမွ လြတ္ေျမာက္ရပါလို၏…
အားလုံးက်န္းမာခ်မ္းသာၾကပါေစ…
ေမတၱာျဖင့္ ကြၽန္ေတာ္ ေက်ာ္သူ…….
Credit – Kyawthu Kyawthu
Unicode
နှလုံးလှ တက္ကစီယာဉ်မောင်း တဦး (ဒီလိုလူမျိုး အများကြီးလိုအပ်ပါတယ်)
ကားလာငှါးတယ်..ပါရမီဆေးရုံကနေ အဝေးပြေးဂိတ်သွားချင်လို့တဲ့…သရက်မြို့နယ်က ရွာလေးတစ်ရွာကပါ…အောင်မင်္ဂလာကားဂိတ် ဘယ်လောက်ဝေးမှန်း ဘယ်လောက်ပေးရမယ်မှန်း သူတို့မသိရှာကြဘူး တောင်းသလောက်ကို မရှိမဲ့ ရှိမဲ့ထဲက ထုတ်ပေးမယ့်သဘော ပြောလာတယ်….
သူတို့ရဲ့ သမီးလေးကမွေးရာပါ နှလုံးမှာ အပေါက်ပါလာလို့ ရန်ကုန်က ကလေးဆရာဝန်ကြီးကို လာပြတာ တဲ့..ဆရာဝန်ကြီးကပြောသတဲ့ဒီအရွယ်က ခွဲစိတ်လို့ရနေပြီ ၂၅ သိန်းလောက်ကုန်မယ်တဲ့..မိဘတွေခမျာ ပိုက်ဆံမတတ်နိုင်တော့ ရွာပြန်ပြီ အမျိုးတွေနဲ့ တိုင်ပင်ပါရစေဦး ဆိုပြီး ပြန်လာတာပါ..တဲ့ဗျာ..
ကလေးကြည့်လိုက််ပြန်တော့ ဖြူဖြူ ဖွေးဖွေးလေး ဗျာ နို့စို့နေတာတောင် ပါးစပ်ကလေး ဟပြီး မောနေရှာတာ..ကျွန်တော်မျက်ရည်လည်အောင် သနားသွားမိတယ်….
သံသရာမဆိုထားဘိ ခဏလေးတွေ့ရတဲ့ ဘဝခရီးထဲ ဒီလူသားလေးကို ငါတော့ ကရုဏာပေးမယ် ..ဟဲ့လို့ တခါထဲ ဆုံးဖြတ်ထားလိုက်တယ်…ကားဂိတ်ရောက်တော့ သူ့အဖေက ကားခကို အတင်းထုတ်ပေးရှာပါတယ် မယူပါဘူးဗျာ ကျနော့မှာလဲ သားသမီးနဲ့မို့ ကိုယ်ချင်းစာပါတယ်..ပြောတော့ သူလည်း မျက်ရည်လေးစို့လို့….ကျနော်လည်းမျက်ရည်စို့ပေါ့… ဘယ်လိုပြောမလဲ..မေတ္တာပေးတာကို အပြည့်အဝရတော့ အငိုမျက်လုံး အပြုံးမျက်နှာ ဆိုသလို ကျေးဇူးတင်လေးစားတဲ့ အသွင် မြင်လိုက်ရပါတယ်..
မတတ်သာသေးလို့သာ အိမ်ပြန်လှည့်ခဲ့ရတာ သူ့ခမျာလည်း အဖေတစ်ယောက်ဆိုတော့ အတော့်ကို ခံစားနေရတာ ကျနော်က သိတယ်…ဒိလိုချို့တဲ့ ရိုးအလွှန်းတဲ့ သူဆီကပိုက်ဆံကို ဘယ်လိုနှလုံးသားနဲ့ ကျွန်တော်ယူရက်မလဲဗျာ….
ဘာမှကြီးကြီးကျယ်ကျယ်ကြီး မဟုတ်ပေမယ့် ကိုယ်ထားတဲ့ စေတနာ ကိုယ်တိုင်အသိဆုံးမို့ လေးနက်တဲ့ ကုသိုလ်တစ်ခု ကျွန်တော် ရလိုက်ပါတယ်…
သတ္တလောကကြီးထဲက ဘယ်လူသားမှ ဆင်းရဲဒုက္ခမရောက်ကြပါစေ နဲ့….ကျွန်တော်လည်း သံသရာကျင်လည်သ၍ ဆင်း ရဲဒုက္ခအပေါင်းမှ လွတ်မြောက်ရပါလို၏…
အားလုံးကျန်းမာချမ်းသာကြပါစေ…
မေတ္တာဖြင့် ကျွန်တော် ကျော်သူ…….
Credit – Kyawthu Kyawthu


