“(၂၀၁၉) ခုနှစ်အတွက် ကမ္ဘာ့အလှဆုံးအမျိုးသမီး (၅)ဦး။”
ဘယ်သူတွေက ၂၀၁၉ ခုနှစ်ရဲ့အလှဆုံးအမျိုးတွေက ဘယ်သူတွေလို့သတ်မှတ်ခံထားရလဲဆိုတာ
သင်သိရဲ့လား ။ လာပါပြီဗျာ ၊ သူတို့တွေကတော့ နယ်ပယ်အသီးသီးက
ထင်ရှားကျော်ကြားနေတဲ့အမျိုးသမီးပေါင်းများစွာထဲကမှ ထက်မြက်မှု ၊ စွဲဆောင်မှု ၊
လူသိများကျော်ကြားမှု ၊ အောင်မြင်မှုတို့ကိုအခြေခံပြီး စိစစ်ရွေးချယ်ထားတာပဲဖြစ်ပါတယ်။
သူတို့ကဘယ်သူတွေလဲဆိုတာကို သိချင်နေကြပြီထင်ပါတယ်။ သူတို့တွေကတော့…
5.Deepika Padukone
နံပါတ်(၅)နေရာကို ပိုင်ဆိုင်ထားသူကတော့ XXX ဇာတ်လမ်းရဲ့နောက်ဆုံးထွက်ရှိထားတဲ့ Xander
Cage(2017)မှာပါဝင်သရုပ်ဆောင်ထားပြီး Bollywood
ရဲ့သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီးDeepika Padukone ပဲဖြစ်ပါတယ်။ သူဟာဆိုရင်
အိန္ဒိယနိုင်ငံရဲ့စစ်တမ်းအမျိုးမျိုးမှာ လိင်ဆွဲဆောင်မှုနဲ့ ဘဝနေထိုင်မှု အမြင့်ဆုံးအမှတ်ကိုရရှိထားတာပါ
။သူဟာဘယ်အချိန်ကြည့်ကြည်အမြဲလှပနေရုံသာမကပဲ သူ့ရဲ့ အရပ်အမောင်း ၊ ရုပ်သွင်ပြင်လက္ခဏာ
၊မျက်လုံး၊ အပြုံးတွေကြောင့်ပဲ Bollywood ရဲ့အလှဘုရင်မအဖြစ်ရပ်တည်နေနိုင်တာဖြစ်ပါတယ်။
4. Ana de Armas
ကျူးဘားလူမျိုးသရုပ်ဆောင်မင်းသမီး Ana de Armas ကိုတော့
၂၀၁၉ခုနှစ်ရဲ့အလှဆုံးအမျိုးသမီးတွေထဲမှာ (၄)ယောက်မြောက်အဖြစ် သတ်မှတ်ပါ့မယ်။ သူက
Hollywoodရဲ့ဟော့အဖြစ်ဆုံးအမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့မိခင်ဟာ
စပိန်လူမျိုးဖြစ်ပေမယ့်လို သူ့ကို ကျူးဘား(Cuba)မှာမွေးဖွားခဲ့ပေမယ့် သူရဲ့အဘိုးကြောင့်
စပိန်နိုင်ငံသားခံယူခွင့်ကိုရခဲ့တာလို့ပြောလို့ရပါတယ်။
3.Selena Gomez
Disney ကနေ အနုပညာခြေလှမ်းတွေစတင်ခဲ့သူ Selena Gomez ကတော့
အခုစာရင်းရဲ့နံပါတ်(၃)နေရာကိုရရှိထားပါတယ်။ သူရဲ့ချစ်စရာကောင်းတဲ့အသွင်ပြင်နဲ့
အပြစ်ကင်းတဲ့ပုံစံလေးကပဲ လူတွေရဲ့စိတ်ကိုဆွဲဆောင်နေတာဖြစ်ပြီး သူကိုယ်တိုင်ကလည်း
အလှဆုံးအဆိုတော်တွေထဲကတစ်ယောက်ပါ။ သူဟာ ALMA Award, an American Music Award,
an MTV Video Music Award, a People’s Choice Award တွေကိုရရှိထားရုံသာမက Billboard
Women in Music Awards, and sixteen Teen Choice Awards နှစ်ဆုကိုလည်းပိုင်ဆိုင်ထားသူပါ ။
2. Liza Soberano
ဖိလစ်ပိုင်-အမေရိကန် လူမျိုး Liza Soberano ကတော့
အခုစာရင်းရဲ့နံပါတ်(၂)နေရာကိုပိုင်ဆိုင်ထားတာပါ ။သူက Wansapanataym, Kung Ako’y Iiwan
Mo, She’s the One, Must Be… Love, Got to Believe, Forevermore, Just The Way You Are
and Everyday I Love You စတဲ့ TV စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အချစ်ဟာသရုပ်ရှင်ဖြစ်တဲ့
My Ex and Whys မှာလည်းပါဝင်သရုပ်ဆောင်ထားသူပါ။ သူရဲ့ လှပတဲ့ ဖိလစ်ပိုင်ဆန်ဆန်
လှပတဲ့မျက်နှာလေးကပဲသူ့ကိုကမ္ဘာရဲ့အလှဆုံးအမျိုးသမီးစာရင်းထဲကိုပါဝင်စေခဲ့တယ်လို့ထင်ပါတယ်.။
1. Hande Erçel
၂၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ တူရကီလူမျိုးသရုပ်ဆောင် Hande Erçel ကတော့
ကမ္ဘာ့အလှဆုံးအမျိုးသမီးများစာရင်းထဲမှာ ထိပ်ဆုံးကနေပါဝင်နေပါတယ်။ ၂၀၁၃ ခုနှစ်ကစတင်ခဲ့တဲ့TC
handlerရဲ့ ၂၀၁၈ ခုနှစ်ရဲ့အလှဆုံးမျက်နှာပိုင်ရှင်အမျိုးသမီးစာရင်းမှာလည်း သူပါခဲ့ပါသေးတယ် ။
Credit \original






