ေသဆံုးသူနဲ႔ အတူထည့္ျပီး မီးသၿဂိဳလ္ခဲ႔ေပမယ့္ မီးမေလာင္ခဲ႔တဲ႔ မိုင္းဖုန္းဆရာေတာ္ၾကီး၏ ပုတီး
မိုင္းဖုန္းဆရာေတာ္ဘုရား၏ ပုတီးကုန္းေလး ထူးျခားစြာမီးေလာင္ကၽြမ္းျခင္းမရွိ
၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝလ(၃)ရက္ ၊ မနက္ (၀၇:၀၀ ) အခ်ိန္တြင္ကြယ္လြန္သူ ဦးအားဖာ၏ မီးသျဂဳႋဟ္ၿပီးက်န္ရစ္ေသာအ႐ုိးျပာမ်ားအား မိသားစုႏွင့္မိတ္ေဆြမ်ား၊ တာခ်ီလိတ္နာေရးကူညီမႈအသင္းသားမ်ားမွႏြားႏုိ႔မ်ားသြန္းေလာင္း ၍ ေကာက္ယူခဲ့ၾကပါသည္။
ထူးထူးျခားျခား ဦးအားဖာ၏လည္ပင္း၌ ဆြဲထားသည့္ မုိင္းဖုန္းဆရာေတာ္ဘုရားႀကီး ေပးထားေသာသစ္သားပုတီးေလးမွာ မီးေလာင္ကြၽမ္းျခင္းမ႐ွိဘဲ လည္ပင္းအ႐ုိး ျပာၾကသည့္ေနရာ၌ေတြ႔ျမင္ခဲ့ရပါသည္။
ထူးျခားမႈေလးကို မွတ္တမ္းဓာတ္ပုံေလး႐ုိက္ၿပီးတင္ေပးလုိက္ပါသည္။ ပုတီးေလးအား ဦးအားဖာ၏ဇနီးေဒၚနန္းခမ္းလီမွအမွတ္တရသိမ္းဆည္းထားပါသည္။
Photo Credit ကိုဖိုးစံ ( ဒူးယား )
Unicode ျဖင့္ဖတ္ရန္
မိုင်းဖုန်းဆရာတော်ဘုရား၏ ပုတီးကုန်းလေး ထူးခြားစွာမီးလောင်ကျွမ်းခြင်းမရှိ
၂၀၁၉ ခုနှစ် ဖေဖော်ဝလ(၃)ရက် ၊ မနက် (၀၇:၀၀ ) အချိန်တွင်ကွယ်လွန်သူ ဦးအားဖာ၏ မီးသဂြုႋဟ်ပြီးကျန်ရစ်သောအရိုးပြာများအား မိသားစုနှင့်မိတ်ဆွေများ၊ တာချီလိတ်နာရေးကူညီမှုအသင်းသားများမှနွားနို့များသွန်းလောင်း ၍ ကောက်ယူခဲ့ကြပါသည်။
ထူးထူးခြားခြား ဦးအားဖာ၏လည်ပင်း၌ ဆွဲထားသည့် မိုင်းဖုန်းဆရာတော်ဘုရားကြီး ပေးထားသောသစ်သားပုတီးလေးမှာ မီးလောင်ကျွမ်းခြင်းမရှိဘဲ လည်ပင်းအရိုး ပြာကြသည့်နေရာ၌တွေ့မြင်ခဲ့ရပါသည်။
ထူးခြားမှုလေးကို မှတ်တမ်းဓာတ်ပုံလေးရိုက်ပြီးတင်ပေးလိုက်ပါသည်။ ပုတီးလေးအား ဦးအားဖာ၏ဇနီးဒေါ်နန်းခမ်းလီမှအမှတ်တရသိမ်းဆည်းထားပါသည်။
Photo Credit ကိုဖိုးစံ ( ဒူးယား )



