ရရွားမွာ ပညာေတာ္သင္ဖို႔ ေရြးခ်ယ္ခံထားရတဲ့ ဗိုလ္ၾကီး တိုက္ပြဲတြင္ က်ဆံုး
ရခုိင္ မွာ တုိင္းျပည္တာဝန္ထမ္းေဆာင္ရင္း ငယ္ငယ္ရြယ္ရြယ္ေလးနဲ႔ အသက္ေပးလႉသြားၿပီဗ်ာ မိသားစုနဲ႔ထပ္တူေၾကကြဲရပါတယ္။စစ္ကိုင္းတိုင္းေဒသႀကီး ကေလးခ႐ိုင္ မင္းကင္းၿမိဳ႕နယ္ ေတာင္တြင္းေဒသ ၾကာပင္ရြာမွ ဦးတိုးေက်ာ္-ေဒၚသန္းလွတို႔ရဲ႕သားေထြးေလး ဗိုလ္ႀကီးခ်မ္းသာဝင္း မေန႔ညက တိုက္ပြဲက်သြားခဲ့ပါတယ္၊႐ွ႐ွားကို ပညာေတာ္သင္ေရြးခ်ယ္ထားျခင္းခံထားရတဲ့သူပါ၊ဒီတစ္ပတ္ေ႐ွ႕တန္းကျပန္ခဲ့ရင္ ႐ွ႐ွားကိုသြားရမွာပါ
လြန္ ခဲ့ တဲ့ တစ္ပတ္ေက်ာ္ေလာက္ကပ ဲသူ႔အိမ္နဲ႔ph ဆက္ေတာ့ က်မအေမကို အေမႀကီးေနေကာင္းရဲ႕လား အေမႀကီးကို ဂ႐ုစိုက္ဖို႔ က်မတို႔ကိုသူကမွာတဲ့အေၾကာင္း သူ႔အစ္မကေျပာျပတယ္၊မၾကာေသးခင္ကလည္းသူ႔ရဲ႕လစာထဲက သူ႔အိမ္ကိုေငြ ၅ သိန္းလဲႊေပးၿပီးရြာထဲကသက္ႀကီးရြယ္အိုေတြကို ကန္ေတာ့ခိုင္းၿပီးက်န္တဲ့ေငြကို ေကာင္းမႈကုသိုလ္ လုပ္ခိုင္းပါတယ္၊
က် မ တို႔ရြာက ေတာသူေတာင္သားေတြရဲ႕အသိ စိတ္ဓာတ္က ၁၀ တန္းေအာင္ၿပီးရင္ မိဘကိုေငြကုန္မွာ အရမ္းစိုးရိမ္ၾကတယ္၊ ခ်မ္းသာဝင္းေလး ၁၀ တန္းေအာင္ေတာ့ မိဘေငြကုန္မွာစိုးေတာ ့DSA ကိုရေအာင္ ေျဖမယ္၊ဝါသနာလည္းပါတယ္ဆိုၿပီးေျဖခဲ့တာ DSAလည္းရခဲ့တယ္၊ဒီေန႔မွာေတာ့တစ္ရြာလံုးဆူဆူညံညံ ငိုသံေတြနဲ႔ ခ်မ္းသာဝင္းေလးကိုႏွေျမာတမ္းတ လြမ္းဆြတ္စြာနဲေပါ့ ရြာကသင္တန္းလာတက္တဲ့ ဆရာမေတြကလည္း ေစာေစာစီးစီးပဲ ဘာမွမစားႏိုင္ပဲငိုေနၾကတာေတြ႕ရသလို က်မကိုယ္၌ ကလည္းကိုယ့္မ်က္စိေအာက္တင္ႀကီးခဲ့တဲ့ကေလးမို႔ ဒီေန႔အဖို႔ကေတာ့သင္တန္းတက္ရတာစိတ္မပါသလို ေတြးလိုက္တိုင္းမ်က္ရည္က်ေနမိတယ္၊ သားေလးခ်မ္းသာဝင္းေရ တိုင္းျပည္အတြက္ အသက္ေပးသြားခဲ့တယ္ဆိုေပမယ့္ အရြယ္မတိုင္ခင္ အေႂကြေစာလို႔ ေလးသီတာ ႏွေျမာမိတယ္ကြယ္၊ သားေလးခ်မ္းသာဝင္းေကာင္းရာ ဘဝေရာက္ပါေစ
Credit-Special News
Unicode ျဖင့္ဖတ္ရန္
ရခိုင် မှာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အသက်ပေးလှူသွားပြီဗျာ မိသားစုနဲ့ထပ်တူကြေကွဲရပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် တောင်တွင်းေဒသ ကြာပင်ရွာမှ ဦးတိုးကျော်-ဒေါ်သန်းလှတို့ရဲ့သားထွေးလေး ဗိုလ်ကြီးချမ်းသာဝင်း မနေ့ညက တိုက်ပွဲကျသွားခဲ့ပါတယ်၊ရှရှားကို ပညာတော်သင်ရွေးချယ်ထားခြင်းခံထားရတဲ့သူပါ၊ဒီတစ်ပတ်ရှေ့တန်းကပြန်ခဲ့ရင် ရှရှားကိုသွားရမှာပါ
ငယ်ငယ်လေးထဲကစ လိမ္မာပြီးစာတော်တယ်၊ မူလတန်းကျောင်းသားလေးဘဝထဲကစ နွားနှစ်ကောင်ကိုရှေ့တစ်ကောင်နောက်တစ်ကောင်နဲ့ကျမတို့အိမ်ရှေ့လမ်းက နွားမောင်းပြီး လယ်တောကိုနွားကျောင်းသွားတိုင်း ကျမ သူ့ကိုအမြဲစလေ့ရှိပါတယ်
လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်ကပ ဲသူ့အိမ်နဲ့ph ဆက်တော့ ကျမအမေကို အမေကြီးနေကောင်းရဲ့လား အမေကြီးကို ဂရုစိုက်ဖို့ ကျမတို့ကိုသူကမှာတဲ့အကြောင်း သူ့အစ်မကပြောပြတယ်၊မကြာသေးခင်ကလည်းသူ့ရဲ့လစာထဲက သူ့အိမ်ကိုငွေ ၅ သိန်းလွဲှပေးပြီးရွာထဲကသက်ကြီးရွယ်အိုတွေကို ကန်တော့ခိုင်းပြီးကျန်တဲ့ငွေကို ကောင်းမှုကုသိုလ် လုပ်ခိုင်းပါတယ်၊
ကျမတို့ရွာက တောသူတောင်သားတွေရဲ့အသိ စိတ်ဓာတ်က ၁၀ တန်းအောင်ပြီးရင် မိဘကိုငွေကုန်မှာ အရမ်းစိုးရိမ်ကြတယ်၊ ချမ်းသာဝင်းလေး ၁၀ တန်းအောင်တော့ မိဘငွေကုန်မှာစိုးတော ့DSA ကိုရအောင် ဖြေမယ်၊ဝါသနာလည်းပါတယ်ဆိုပြီးဖြေခဲ့တာ DSAလည်းရခဲ့တယ်၊ဒီနေ့မှာတော့တစ်ရွာလုံးဆူဆူညံညံ ငိုသံတွေနဲ့ ချမ်းသာဝင်းလေးကိုနှမြောတမ်းတ လွမ်းဆွတ်စွာနဲပေါ့ ရွာကသင်တန်းလာတက်တဲ့ ဆရာမတွေကလည်း စောစောစီးစီးပဲ ဘာမှမစားနိုင်ပဲငိုနေကြတာတွေ့ရသလို ကျမကိုယ်၌ ကလည်းကိုယ့်မျက်စိအောက်တင်ကြီးခဲ့တဲ့ကလေးမို့ ဒီနေ့အဖို့ကတော့သင်တန်းတက်ရတာစိတ်မပါသလို တွေးလိုက်တိုင်းမျက်ရည်ကျနေမိတယ်၊ သားလေးချမ်းသာဝင်းရေ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့တယ်ဆိုပေမယ့် အရွယ်မတိုင်ခင် အကြွေစောလို့ လေးသီတာ နှမြောမိတယ်ကွယ်၊ သားလေးချမ်းသာဝင်းကောင်းရာ ဘဝရောက်ပါစေ
Credit-Special News





