ကုိယ္ပုိင္႐ုပ္႐ွင္႐ုံမွာ ကုိယ့္ကားတင္မယ္ဆုိတဲ့ အားသစ္




ကေလးသ႐ုပ္ေဆာင္ ဘဝထဲက ပရိသတ္ေတြရဲ႕ အားေပးမႈ ခ်စ္ခင္မႈတုိ႔ကုိ ရယူထားႏုိင္ၿပီး ေနာက္ပုိင္း မင္းသားအျဖစ္ ႐ုပ္႐ွင္ကားေတြကုိ ႐ုိက္တဲ့ အခ်ိန္မွာလည္း ပရိသတ္အားေပးမႈကုိ အခုိင္အမာရ႐ွိထားတဲ့ အားသစ္ကေတာ့ သူ႐ုိက္ထားတဲ့ ႐ုပ္႐ွင္ကားေတြ ႐ုံတင္ဖုိ႔ကုိ ေစာင့္ေနရၿပီး ကုိယ္ပုိင္႐ုပ္႐ွင္ေထာင္ထားပါတယ္။ ကုိင္ပုိင္႐ုပ္႐ွင္႐ုံတည္ေထာင္းရျခင္းက ကုိယ့္ကားေတြကုိလည္း တင္ခ်င္လို႔ ၿပီးေတာ့ ႐ုပ္႐ွင္႐ုံေတြ နည္းလုိ႔လည္း ပါတယ္လုိ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။


အားသစ္က “လတ္တေလာ ကြၽန္ေတာ္ ကား႐ုိက္နားထားတာ ၾကာၿပီ ဒီႏွစ္ကုန္မွာ ျပန္႐ုိက္ဖုိ႔႐ွိတယ္။ အဓိက အေၾကာင္းအရာကေတာ့ ကြၽန္ေတာ္ အေ႐ွ႕မွာ ႐ုိက္ထားတဲ့ ႐ုပ္႐ွင္ကားႀကီးေတြက ႐ုံတင္ဖုိ႔ အခက္အခဲ႐ွိေနေတာ့ ထပ္႐ုိက္ဖုိ႔က အရမ္းပုံေနေတာ့ အရမ္းေနာက္က်သြားမွာ ႐ုံတင္တဲ့ ရက္က်ရင္ အရမ္းေနာက္က်သြားမွာစိုးလုိ႔ ေစာင့္ေနတာ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

သ႐ုပ္ေဆာင္ အႀကီးေတြကုိ မေက်ာ္ႏုိင္လုိ႔ ႐ုံတင္ဖုိ႔ ရက္မရတာလားလုိ႔ ေမးျမန္းရာ “အဓိကေတာ့ ရက္မရတာေပါ့။ အခုေနာက္လထံမွာ တင့္မယ့္ ႏွစ္ကားဆုိရင္ လြန္ခဲ့တဲ့ ၃ႏွစ္ေက်ာ္၄ႏွစ္က ႐ုိက္ထားတာဆုိေတာ့ စီနီယာေတြနဲ႔က ႐ုံတင္ရက္ အေျပာင္းအလဲေတြ အစည္းအေဝးေတြ အဆင္မေျပတာနဲ႔ ၾကန္႔ၾကာေနတာေပါ့။”လုိ႔ ေျဖသြားခဲ့ပါတယ္။

႐ုံတင္ခြင့္မရေသးလုိ႔ စိတ္ဓာတ္က်တာမ်ိဳး႐ွိလားလုိ႔ ေမးျမန္းရာ “အဲ့လုိမ်ိဳးေတာ့ မ႐ွိပါဘူး။ အဓိကေတာ့ ကုိယ္လုပ္ရမယ့္အလုပ္မွာ အားစုိက္ထားဖုိ႔ပဲေလ။ က်န္တဲ့ Feedback ကေတာ့ ကံနဲ႔ ပရိသတ္ေပၚမွာပဲ မူတည္တာေပါ့။”လုိ႔ ေျဖဆုိသြားခဲ့ပါတယ္။
႐ုပ္႐ွင္႐ုံဖြင့္ထားတာ အဆင္ေျပလားလုိ႔ ေမးျမန္းရာ “ေျပပါတယ္။ ဒီ႐ုပ္႐ွင္႐ုံေလးက ေတာ္ေတာ္မ်ားမ်ားလည္း လာၾကည့္ၾကတယ္။ သူ႔႐ုံပရိသတ္နဲ႔ သူေတာင္႐ွိေနပါၿပီ။” လုိ႔ ေျပာခဲ့ၿပီး ရုပ္ရွင္ရုံဖြင့္တာ ကုိယ့္ကားေတြကုိ တင္ခ်င္လုိ႔လားလုိ႔ ေမးျမန္းရာ “အဓိကေတာ့ အဲ့လုိမ်ိဳးလည္း ပါမွာေပါ့ေလ။ ႐ုပ္႐ွင္႐ုံေတြ နည္းေနတာေတြလည္း ႐ွိတယ္ဆုိေတာ့ စိတ္ကူးေလး ရသြားတာေပါ့။ ႐ုပ္႐ွင္နဲ႔ ပတ္သက္တဲ့ စီးပြားေရးတစ္ခုေပါ့ အဆင္ေျပႏုိင္ေလာက္မယ့္ စီးပြားေရးေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။

႐ုပ္႐ွင္႐ုံကုိ ဦးစီးဦးေဆာင္ လုပ္ျဖစ္မလားဆုိတာနဲ႔ ပတ္သက္ၿပီး “ေလာေလာဆယ္ေတာ့ ပထမဆုံး႐ုံဆုိေတာ့ လုိက္ေလ့လာ႐ုံပဲ႐ွိေသးတယ္။ ဦးစီးဖုိ႔ေတာ့မ႐ွိေသးဘူး ေနာက္႐ုံေတြက်မွပဲ။”လုိ႔ ေျပာခဲ့ၿပီး ေနာက္ထပ္႐ုံေတြ ထပ္ဖြင့္႐ွိေသးလားလုိ႔ ေမးျမန္းလုိက္ရာ “အဲ့လုိေတာ့ မ႐ွိေသးဘူးဗ် ဒါကေတာ့ အေျခအေနအရပဲေလ ေနာက္ျဖစ္လာမွာပါ။ ေနာက္ထပ္ သုံးလေလာက္ေနရင္ ေနာက္၂႐ုံထပ္ေဆာက္ဖုိ႔ေတာ့ ႐ွိတယ္။ ေလာေလာဆယ္ plan ကေတာ့ အဲ့တာပဲေပါ့ က်န္တာေတာ့ မသိေသးဘူး။ ဒီရန္ကုန္ထဲမွာပဲ ဆုိေတာ့ လူေနမ်ားတဲ့ ရပ္ကြက္ေတြနဲ႔ နီးတဲ့ေနရာေပါ့။ အခုကြၽန္ေတာ္တုိ႔ ၾကည့္ျမင္တုိင္ဆုိလုိ႐ွိရင္ ၾကည့္ျမင္တုိင္ညေစ်းေပၚမွာဆုိေတာ့ သြားရလာရတာ နီးတယ္ေပါ့ အဲ့လုိမ်ိဴး လူလာႏုိင္ေလာက္တဲ့ ေနရာမ်ိဳးေတြေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။

တစ္ခ်ိဳ႕ပရိသတ္ေတြက အားသစ္ကုိ ကေလးသ႐ုပ္ေဆာင္လုိ႔ပဲ ျမင္ေနက်တာနဲ႔ ပတ္သက္ၿပီး “ဒါကေတာ့ ေတြ႔ပါမ်ားလာရင္ေတာ့ ေျပာင္းလဲသြားမွာပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit: NanMalGyi
Unicode
ကလေးသရုပ်ဆောင် ဘဝထဲက ပရိသတ်တွေရဲ့ အားပေးမှု ချစ်ခင်မှုတို့ကို ရယူထားနိုင်ပြီး နောက်ပိုင်း မင်းသားအဖြစ် ရုပ်ရှင်ကားတွေကို ရိုက်တဲ့ အချိန်မှာလည်း ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အားသစ်ကတော့ သူရိုက်ထားတဲ့ ရုပ်ရှင်ကားတွေ ရုံတင်ဖို့ကို စောင့်နေရပြီး ကိုယ်ပိုင်ရုပ်ရှင်ထောင်ထားပါတယ်။ ကိုင်ပိုင်ရုပ်ရှင်ရုံတည်ထောင်းရခြင်းက ကိုယ့်ကားတွေကိုလည်း တင်ချင်လို့ ပြီးတော့ ရုပ်ရှင်ရုံတွေ နည်းလို့လည်း ပါတယ်လို့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
အားသစ်က “လတ်တလော ကျွန်တော် ကားရိုက်နားထားတာ ကြာပြီ ဒီနှစ်ကုန်မှာ ပြန်ရိုက်ဖို့ရှိတယ်။ အဓိက အကြောင်းအရာကတော့ ကျွန်တော် အရှေ့မှာ ရိုက်ထားတဲ့ ရုပ်ရှင်ကားကြီးတွေက ရုံတင်ဖို့ အခက်အခဲရှိနေတော့ ထပ်ရိုက်ဖို့က အရမ်းပုံနေတော့ အရမ်းနောက်ကျသွားမှာ ရုံတင်တဲ့ ရက်ကျရင် အရမ်းနောက်ကျသွားမှာစိုးလို့ စောင့်နေတာ။”လို့ ပြောသွားခဲ့ပါတယ်။
သရုပ်ဆောင် အကြီးတွေကို မကျော်နိုင်လို့ ရုံတင်ဖို့ ရက်မရတာလားလို့ မေးမြန်းရာ “အဓိကတော့ ရက်မရတာပေါ့။ အခုနောက်လထံမှာ တင့်မယ့် နှစ်ကားဆိုရင် လွန်ခဲ့တဲ့ ၃နှစ်ကျော်၄နှစ်က ရိုက်ထားတာဆိုတော့ စီနီယာတွေနဲ့က ရုံတင်ရက် အပြောင်းအလဲတွေ အစည်းအဝေးတွေ အဆင်မပြေတာနဲ့ ကြန့်ကြာနေတာပေါ့။”လို့ ဖြေသွားခဲ့ပါတယ်။
ရုံတင်ခွင့်မရသေးလို့ စိတ်ဓာတ်ကျတာမျိုးရှိလားလို့ မေးမြန်းရာ “အဲ့လိုမျိုးတော့ မရှိပါဘူး။ အဓိကတော့ ကိုယ်လုပ်ရမယ့်အလုပ်မှာ အားစိုက်ထားဖို့ပဲလေ။ ကျန်တဲ့ Feedback ကတော့ ကံနဲ့ ပရိသတ်ပေါ်မှာပဲ မူတည်တာပေါ့။”လို့ ဖြေဆိုသွားခဲ့ပါတယ်။
ရုပ်ရှင်ရုံဖွင့်ထားတာ အဆင်ပြေလားလို့ မေးမြန်းရာ “ပြေပါတယ်။ ဒီရုပ်ရှင်ရုံလေးက တော်တော်များများလည်း လာကြည့်ကြတယ်။ သူ့ရုံပရိသတ်နဲ့ သူတောင်ရှိနေပါပြီ။” လို့ ပြောခဲ့ပြီး ရုပ်ရှင်ရုံဖွင့်တာ ကိုယ့်ကားတွေကို တင်ချင်လို့လားလို့ မေးမြန်းရာ “အဓိကတော့ အဲ့လိုမျိုးလည်း ပါမှာပေါ့လေ။ ရုပ်ရှင်ရုံတွေ နည်းနေတာတွေလည်း ရှိတယ်ဆိုတော့ စိတ်ကူးလေး ရသွားတာပေါ့။ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ စီးပွားရေးတစ်ခုပေါ့ အဆင်ပြေနိုင်လောက်မယ့် စီးပွားရေးပေါ့။”လို့ ပြောသွားခဲ့ပါတယ်။
ရုပ်ရှင်ရုံကို ဦးစီးဦးဆောင် လုပ်ဖြစ်မလားဆိုတာနဲ့ ပတ်သက်ပြီး “လောလောဆယ်တော့ ပထမဆုံးရုံဆိုတော့ လိုက်လေ့လာရုံပဲရှိသေးတယ်။ ဦးစီးဖို့တော့မရှိသေးဘူး နောက်ရုံတွေကျမှပဲ။”လို့ ပြောခဲ့ပြီး နောက်ထပ်ရုံတွေ ထပ်ဖွင့်ရှိသေးလားလို့ မေးမြန်းလိုက်ရာ “အဲ့လိုတော့ မရှိသေးဘူးဗျ ဒါကတော့ အခြေအနေအရပဲလေ နောက်ဖြစ်လာမှာပါ။ နောက်ထပ် သုံးလလောက်နေရင် နောက်၂ရုံထပ်ဆောက်ဖို့တော့ ရှိတယ်။ လောလောဆယ် plan ကတော့ အဲ့တာပဲပေါ့ ကျန်တာတော့ မသိသေးဘူး။ ဒီရန်ကုန်ထဲမှာပဲ ဆိုတော့ လူနေများတဲ့ ရပ်ကွက်တွေနဲ့ နီးတဲ့နေရာပေါ့။ အခုကျွန်တော်တို့ ကြည့်မြင်တိုင်ဆိုလိုရှိရင် ကြည့်မြင်တိုင်ညဈေးပေါ်မှာဆိုတော့ သွားရလာရတာ နီးတယ်ပေါ့ အဲ့လိုမျိူး လူလာနိုင်လောက်တဲ့ နေရာမျိုးတွေပေါ့။”လို့ ပြောသွားခဲ့ပါတယ်။
တစ်ချို့ပရိသတ်တွေက အားသစ်ကို ကလေးသရုပ်ဆောင်လို့ပဲ မြင်နေကျတာနဲ့ ပတ်သက်ပြီး “ဒါကတော့ တွေ့ပါများလာရင်တော့ ပြောင်းလဲသွားမှာပါ။”လို့ ပြောသွားခဲ့ပါတယ်။

Recent Updates

Recent Posts Widget