ဂေဟာရှိတာတောင် လမ်းမှာ ကလေးကို စွန့်ပစ်ခဲ့တဲ့ မိခင်တွေကို ဒဲ့ပြောလိုက်တဲ့ ခိုင်နှင်းဝေ
ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း အောင်မြင်နေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူကိုယ်တိုင် ကိုယ့်သားသမီးလေးတွေလို မွေးမြူထားတဲ့ သားသမီး(၂၁)ယောက်နဲ့ အတူချစ်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လို့လည်းဆိုနိုင်ပါတယ်။ကလေးတွေကို စောင့်လျှောက်ပေးနေတဲ့ ဂေဟာတွေရှိတာတောင် လမ်းမှာ ကလေးကို စွန့်ပစ်တဲ့ မိခင်တွေကိုဘယ်လိုပြောရမလဲ ဆိုပြီးတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖွင့်ဟပြောပြခဲ့တာဖြစ်ပါတယ်။
“ဒါမျိုးတွေမဖြစ်စေချင်လို့ ကလေးတွေစောင့်ရှောက်ပေးနေပေမဲ့လဲ ဖြစ်နေကြတဲ့လောကကြီးမှာ ကလေးလေးတွေရဲ့ ဘဝတွေ သိပ်သနားဖို့ကောင်းတယ်။ စောင့်ရှောက်ပေးတဲ့ဂေဟာတွေရှိတော့ ကိုယ့်တာဝန်ကိုယ်မယူ အားတိုင်းယားတိုင်းမွေးတာကိုအားပေးတယ်တဲ့ အပြစ်ပြောကြတယ်။ စောင့်ရှောက်တဲ့ဂေဟာတွေရှိနေတာတောင် လမ်းဘေးပစ်ကြတဲ့ မိဘတွေကိုဘယ်လိုပြောကြမလဲရှင်”ဆိုပြီးတော့ လမ်းဘေးမှာ ကလေးတွေကို မညှာမတာပစ်သွားတဲ့ မိခင်တွေကို ဘယ်လိုပြောသင့်လဲ ဆိုပြီးတော့ ပရိသတ်တွေကို ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ်။
ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ကလေးတွေစောင့်ရှောက်ပေးနေပေမဲ့လဲ ဖြစ်နေကြတဲ့လောကကြီးမှာ ကလေးလေးတွေရဲ့ ဘဝတွေ သိပ်သနားဖို့ကောင်းတယ်လို့ ဆိုလာတဲ့ ဂရုဏာရှင်မေမေ ခိုင်နှင်းဝေ အတွက် မှတ်ချက်လေးပြောပေးခဲ့ပါဦး။
Credit \\ original





