“ဒီ (၅)ချက်အတိုင်း အချစ်ခံချင်ရင် ကိုယ့်ထက်ငယ်တဲ့က မောင်လေးတွေကို ရွေးလိုက်ပါ မမတို့”
ဒီ (၅)ချက်အတိုင်း အချစ်ခံချင်ရင် ကိုယ့်ထက်ငယ်တဲ့က မောင်လေးတွေကို ရွေးလိုက်ပါ မမတို့
ကြီးရင်မှီ ငယ်ရင်ချီ ဆိုတဲ့စကားဟာ အမြဲတမ်းတော့ မမှန်ကန်နိုင်ပါဘူး။ အကြောင်းကတော့ ရင့်ကျက်တည်ငြိမ်ခြင်း၊ တည်ကြည်ခြင်းတွေဟာ အသက်အရွယ်နဲ့ အမြဲတမ်းမသက်ဆိုင် နေလို့ပါ။ ခုဖော်ပြပေးမှာကတော့ ရူးခါနေအောင် အချစ်ခံချင်တဲ့သူတွေ အနေနဲ့ မောင်လေးတွေကို ရွေးချယ်သင့်တဲ့အကြောင်းရင်းလေးတွေပဲ ဖြစ်ပါတယ်။ ကြည့်လိုက်ရအောင်နော် …။
(၁) အရူးအမူးချစ်တယ် ”
မောင်လေးတွေဟာ ချစ်ပြီဆိုရင် အရူးအမူး ချစ်ကြတဲ့သူတွေပါ။ မိုးလင်းကနေ မိုးချုပ် မမ မှ မမဖြစ်နေတဲ့ သူတွေပါ။ သူတို့စိတ်ထဲမှာ တစ်ယောက်ဆို တစ်ယောက် အရူးအမူး ချစ်ကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့ချစ်တဲ့သူအတွက်ဆိုရင် ဘာမဆိုလုပ်ပေးနိုင်သလို၊ ချစ်သူရဲ့လက်ကိုတွဲပြီး တစ်လောကလုံးကို ရင်ဆိုင်နိုင်လောက်တဲ့အထိ အရူးအမူးချစ်နိုင်သူလေးတွေ ပဲ ဖြစ်ပါ တယ် …။
(၂) သဝန်တိုတယ် ”
မောင်လေးတွေကတော့ တကယ့်ကလေးလေးတွေလိုပါပဲ။ ချစ်သူကို သဝန်တိုတဲ့နေရာမှာ နှစ်ယောက် မရှိပါဘူးနော်။ ချစ်သူအနားမှာ ယောက်ျားလေးတွေ ရှိနေရင်၊ ချစ်သူက တခြားယောက်ျားလေးတွေနဲ့ ရင်းရင်းနှီးနှီးရှိနေရင် မနေတတ်မထိုင်တတ်၊ ထိုင်ရမလို၊ ထရမလိုနဲ့ ရင်ထဲမှာ ကလိကလိဖြစ်နေတတ်တဲ့သူတွေပါ။ ချစ်သူကို ခဏခဏလည်း မရစ်ချင်တာကြောင့် အတင်းမြိုသိပ်ထားပေမယ့် ဟန်မဆောင်တတ်ကြတာကြောင့် စူပုပ်ပုပ်၊ ဂျစ်ကန်ကန်လေး ဖြစ်နေတတ်သူတွေပါ …။
(၃) ဂရုစိုက်တယ် ”
မောင်လေးတွေဟာ အရမ်းဂရုစိုက်တတ် သူတွေပါ။ ချစ်သူရဲ့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ အမြဲတမ်းအကဲခတ်ပြီး ချစ်သူရဲ့လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးတတ်ကြပါတယ်။ ချစ်သူရဲ့မျက်နှာပျက်သွားမှာ အရမ်းစိုးရိမ်တတ်သလို၊ ချစ်သူငြိုငြင်မယ့် အနေအထိုင် အပြုအမူတွေကိုလည်း ရှောင်တတ်ကြပါတယ်။ အရမ်းလည်း အလိုက်သိသလို၊ အရမ်းလည်း ဂရုစိုက်တတ်ကြတာကြောင့် သနားစရာတောင်ကောင်းနေတတ်ပါသေးတယ် …။
(၄) မျက်နှာရိပ်ကဲအရမ်းသိတယ် ”
မောင်လေးတွေက အလိုက်သိတဲ့နေရာမှာ နှစ်ယောက်မရှိပါဘူး။ ချစ်သူရဲ့ မျက်နှာရိပ်ကဲကို အရမ်းသိပြီး ချစ်သူက မျက်လုံးနဲ့ တစ်ချက်ကြည့်လိုက်ရင်၊ ဘာကိုဆိုလိုတာလဲ ဆိုတာက အစ ကောင်းကောင်းသိသူတွေပါ။ သူတို့အမှား လုပ်မိတဲ့အခါတွေမှာလည်း မျက်နှာငယ်လေးနဲ့ ချစ်သူကို မျက်နှာချင်းမဆိုင်ဝံ့သူတွေပါ။ အဲလို မျက်နှာရိပ်ကဲ အရမ်းသိတတ်လို့ သူတို့မျက်နှာလေးကို မြင်လိုက်ရရင် ဒေါသတွေတောင် အလိုလို ပြန်ပြေသွားတတ်ပါတယ် …။
(၅) ချွဲတတ်တယ် ”
မောင်လေးတွေဟာ အရမ်းလည်း ချွဲတတ်သူလေးတွေပါ။ တစ်ခါတလေ စကားလုံးလှလှလေးတွေ၊ ချစ်စရာ အမူအယာလေးတွေနဲ့လည်း အရမ်းချုပ်တတ်သူလေးတွေပါ။ အရမ်းလည်း ရိုးသားသလို၊ ဖြူဖြူစင်စင် အပြစ်ကင်းတဲ့ မျက်နှာလေးတွေကြောင့် ချစ်မဝဖြစ်နေရမယ့်သူလေးတွေပါ။ ဒါ့အပြင် ကလေးအတွေးလေးတွေး၊ ကလေးလေးတစ်ယောက်လို ပြုမူတတ်ပုံလေးတွေနဲ့ ကလေးလေးတစ်ယောက်လို ချစ်တတ်ပုံတွေကြောင့် အသည်းယားစရာတောင်ကောင်းနေမှာပါ နော် …။ ။
Em Em



