တင္ပါးခြက္ကိုက္ Sciatica ေရာဂါခါးနာ၊… ေပါင္တန္းၿပီး အေၾကာညပ္ေနသလား .. ဒီ Post ေလးကို ဖတ္လိုက္ပါ





တင္ ပါး  ခြက္ကိုက္ Sciatica ေရာဂါခါးနာ၊ ေပါင္တန္းၿပီး အေၾကာညပ္ေနသလား .. ဒီ Post ေလးကို ဖတ္လိုက္ပါ
အ ဆိုး ဝါး ဆုံးေရာဂါပါ… အခံရအခက္ဆုံး ေရာဂါပါလို႔က်ေနာ္ေျပာလွ်င္ ယုံႏိုင္မည္မဟုတ္ပါ.. ကိုယ္တိုင္မွ မခံစားဖူးတာကိုး။ သင့္ပတ္ဝန္းက်င္၌ ခါးႀကီးေစါင္းငန္းေစါင္းငန္းနဲ႔ သြားေနသူေတြ။ တင္ပါး ခြက္ကေလးကို ဖိကာပြတ္ကာ သြားလာေနတဲ့သူေတြ။ ေပါင္ကိုက္ဒူးကိုက္ ေျခသလုံးတေလွ်ာက္ ထုံက်င္ေနတဲ့သူေတြ ေတြ႕ရင္ အင္တာဗ်ဴးၾကည့္ပါ။ ေလသံတခုတည္း ထြက္တာ ေတြ႕ရပါလိမ့္မည္ (ေရာဂါ အေတာ္စုံေအာင္ ျဖစ္ဖူးပါတယ္ဗ်ာ… ဒီတခါ အခံရခက္ဆုံးပဲ)လို႔ ေျဖၾကပါလိမ့္မည္။

ဒီေ ရာ ဂါအေၾကာင္းကို က်ေနာ့္ဆရာသမား (Fighter အရာရွိႀကီး) တေယာက္ အိပ္ယာေပါ ္က မထႏိုင္ပဲ ကိုက္ခဲလြန္းလို႔ မ်က္ရည္ေတြေတြက်ၿပီး အံႀကိတ္ခံေနရတာ မၾကည့္ရက္လို႔ က်ေနာ္ထဲထဲဝင္ဝင္ ေလ့လာဖူးသည္။ သူ႔အေျခအေနက မတ္တပ္ပင္မရပ္ႏိုင္ရွာေတာ့။ လူကခါးတေစါင္းႀကီး ျဖစ္ေနၿပီ။ တပ္မေတာ္ကပင္ ထြက္ရေတာ့မည့္ အေနအထားပါ။ က်ေနာ္နဲ႔သိကြၽမ္းေသာ အ႐ိုးအေၾကာပါရဂူေတြ … Rehabilitation ပါရဂူေတြ…… Phisiotheraphist ေတြ…… စုံေနပါဘီ။
M R I ႐ိုက္ဓါတ္မွန္႐ိုက္… ေလ့က်င့္ခန္းလုပ္… အကိုက္အခဲေပ်ာက္ေဆး မ်ိဳးစုံေသာက္… ဓါတ္ကင္Vibratorနဲ႔ႏွိပ္…… မထူးျခားေတာ့ ဗမာဆရာေတြအေၾကာ ပညာရွင္ေတြ…… အႏွိပ္ပညာရွင္ေတြ …… အို- ျမန္မာျပည္တနံတလ်ား စုံသေလာက္နီးပါးဆိုပါေတာ့ ကုန္လိုက္တဲ့ေငြ…… သြားလိုက္ရတဲ့ခရီး…… အခ်ိန္က တျဖည္းျဖည္းနဲ႔ တႏွစ္ျပည့္ေတာ့မည္။ မသက္သာသည့္အျပင္ ပို၍ပို၍ ဆိုးလာပါသည္…… ေျခေထာက္ပါထုံက်င္လာၿပီး ညာေျခေထာက္က အာ႐ုံခံစားမႈမရွိေတာ့။
တင္ ပါးခြက္ထဲကမခ်ိမဆန႔္ ကိုက္ခဲသည့္ဒဏ္ကို အရင္ကလို အံက်ိတ္မခံႏိုင္ေတာ့သျဖင့္ ေအာ္ဟစ္၍ခံစားေနရရွာသည္။
က်ေ နာ္လည္း လက္လွမ္းမွီရာေဆးပညာစာေစာင္ေတြ။ အာယုေဗၺဒေတြ စုံစီနဖာဖတ္သည္။ ခါးခြဲလွ်င္ေပ်ာက္ႏိုင္သည္။ ျပန္ျဖစ္ခ်င္လည္းျဖစ္မည္။ အၾကမ္းဖ်ဥ္းေျပာရလွ်င္ လူ႔ခႏၶာကိုယ္မွာ အႀကီးဆုံးအာ႐ုံေၾကာမႀကီး Sciatic Nerve ဟာ ခါး႐ိုး L4,L5 ေနရာကစထြက္ၿပီး ဘယ္ညာျဖာကာ တင္ပါးခြက္မွတဆင့္ေျခေထာက္တေလွ်ာက္ကို Supply လုပ္ပါတယ္။ ခါး႐ိုးက်ဥ္းသူ, ခါးဆစ္မွာ အတက(္က်ီးေပါင္း)ထြက္သူ။ ခါး႐ိုးတီဘီရွိသူ ။ ခါးဆစ္တခုႏွင့္တခုၾကားက Disc အျပားေလးမ်ား ကြၽံထြက္သူ တို႔မွာ ထိုအာ႐ုံေၾကာကိုဖိမိထိမိသျဖင့္ မခံစားႏိုင္ေလာက္ေအာင္ Lေကြးေနရာျဖစ္ေသာ တင္ပါးခြက္မွာ သြားကိုက္ခဲတာပါ။ ေသေသခ်ာခ်ာသိထားရမွာတခုက ျဖစ္တာကခါးပါေနာ္။ ခံစားရတာကတင္ပါးခြက္ပါေနာ္။
ဆရာဝန္ေတြက ဘယ္ဘက္ျဖစ္ရင္ Sciatica Left ညာဖက္ျဖစ္ရင္ Sciatica Right လို႔ေခါ ္ဆိုၾကပါတယ္။ တခ်ိဳ႕သေဘာတရား နားမလည္တဲ့ အႏွိပ္ဆရာေတြက လူနာတင္ပါးခြက္ကိုက္တယ္ေျပာေလ တင္ပါးခြက္ကိုစြတ္ႏွိပ္ေလ…… ကိုက္ေနတဲ့အာ႐ုံေၾကာကိုႏွိပ္ေတာ့ လူနာကလည္းသက္သာသေယာင္ေယာင္ေပါ့။ ခဏေနယင္ေတာ့ အေၾကာေတြကေယာင္ကိုင္းထလာၿပီး ေအာ္ရဘီ ငိုရဘီ ေပါ့ ။ ဒါေၾကာင့္နားမလည္တဲ့လူနဲ႔ မျပမိပါေစနဲ႔။
ဒီေရာဂါ ဘာေၾကာင့္ျဖစ္သလဲေမးရင္ အခန႔္မသင့္လို႔ပဲလို႔ ေျဖရလိမ့္မယ္ထင္ပါရဲ႕ ။ ေယဘူယ်အားျဖင့္အဝလြန္သူ- အထိုင္မ်ားသူ – ဆီးခ်ိဳရွိသူ – ခါးအလုပ္မ်ားသူ လို႔အရင္က ဆို ခဲ့ၾကေပမယ့္သုေတသနစစ္တမ္းအရအေမရိကန္မွာ အသက္၄၀ ေက်ာ္ယင္က်ား ၈၄ /ံ့ မ ၇၄ /ံ့ ျဖစ္ပါသတဲ့။ တနည္းေျပာရယင္လူတိုင္းနီးပါးဟာ တခ်ိန္ခ်ိန္မွ ာျဖစ္လာႏိုင္တယ္လို႔ ဆိုလိုပါတယ္။
Cauda Equina Sydrome လို႔ေခါ ္တဲ့ အာ႐ုံေၾကာမွ်င္ေတြ ဖိႏွိပ္ထိခိုက္ခံရတဲ့အခါနာတာရွည္ျဖစ္သြားၿပီး ဆီးဝမ္းမထိမ္းႏိုင္ ေအာက္ပိုင္းေသ ၾကာလာရင္အေၾကာေသ ေလျဖတ္တဲ့အထိမို႔ ေပါ့လို႔ရတဲ့ေရာဂါမဟုတ္ပါဖူး။ က်ေနာ့္ဆရာသမားျဖစ္သြားတာကေတာ့ ေျပာရယင္ ခါးနာၿပီး Position Disorder ျဖစ္သြားတာပါ။ တေန႔မွာ ျပည္ကေနရန္ကုန္ကို စစ္သုံးမာဇဒါE2000 ပိကပ္ကားေလးနဲ႔ ခရီးသြားပါတယ္။ ျဖစ္ခ်င္ေတာ့ကားထြက္ကာနီးမွ အရာရွိကေတာ္တေယာက္က သူ႔မိခင္အသည္းအသန္ျဖစ္လို႔ဆိုၿပီး အႀကဳံလိုက္ ပါတယ္။ ကားေခါင္းကက်ဥ္းပါတယ္။ သူက အားနာတတ္သူ ညႇာတာတတ္သူမို႔ ေခါင္းခန္းထဲကို ေခါ ္တင္ခဲ့ပါတယ္။
ေျခာက္နာရီေလာက္ ခရီးရွည္ႀကီးမွာ က်ေနာ့္ဆရာက အလယ္ကၾကပ္ၾကပ္သပ္သပ္လိုက္ရင္း ထိုအရာရွိကေတာ္နဲ႔ ထိမိမွာစိုးလို႔ မိန္းမသါးမို႔ အားနာရင္း ကိုယ္ကိုက်ဳံ႔သည္ထက္က်ဳံ႔ကာ ဟန္ခ်က္မညီPosition မမွန္ပဲလိုက္လာခဲ့ပါသတဲ့။ ခရီးဆုံးေတာ့ခါးေတြကပူၿပီးေညာင္းကိုက္ေနပါသတဲ့။ ေနာက္ေန႔က်ေတာ့ခါးနာပါသတဲ့။ ၃ ရက္ေလာက္ေနေတာ့ ဒီေရာဂါရခဲ့တာပါပဲ။ ခါးဆစ္႐ိုးတခုနဲ႔တခုအၾကားက ၾကားခ ံ inter – vertebral Disc. ကြၽံထြက္သြားတာပါ။
ဒီေရာဂါျဖစ္သူဘယ္ေလာက္မ်ားသလဲ ? ျမန္မာ ထိုင္း စကၤာပူ မေလးရွား သြားကုသူေတြရဲ႕အေျခအေန? ေသာက္ရတဲ့ေဆးေတြ?ခံစားရတဲ့ အေျခအေနေတြသိခ်င္သပ ဆိုရင္Face Bookမွာ “ခါးနာျခင္း Back Pain Group “လို႔ရွာၾကည့္ပါ။ က်ေနာ္အပိုမေျပာေၾကာင္း သင္ကိုယ္တိုင္ေတြ႕ျမင္ရပါလိမ့္မယ္ က်ေနာ့္ဆရာသမားဟာ အ႐ိုးအထူးကု ဂု႐ုႀကီးလို႔ေခါ ္ၾကတဲ့ ျပင္သစ္ႏိုင္ငံက Professor Alain Patel နဲ႔ေတာင္ ကုခဲ့ဖူးပါတယ္။ အေျခအေနက မတိုးတက္ပါဖူး။
ေအာ္ၿမဲေအာ္ ကိုက္ၿမဲကိုက္လ်က္ FBမွာ ပလူပ်ံေအာင္share ေနၾကသည့္ ေရထဲဆင္း ထန္းလ်က္ဘယ္ႏွစ္ခဲစား တို႔။ အာလူးပါးပါးကပ္ တာ တို႔။ ဘဲဥျပဳတ္စားတာ တို႔ ။ သက္ရင္းႀကီးမိႆလင္ စည္းတာ တို႔ စုံစီနဖာလုပ္ေသာ္လည္း ေအာ္ၿမဲေအာ္ ကိုက္ၿမဲကိုက္လွ်က္။ အကိုက္ အခဲေပ်ာက္ေဆးေတြ လူးရတဲ့ေဆးပူ ေဆးေအးေတြလည္း စုံလွဘီ။ ရန္ကုန္ၿမိဳ႕မွာ အသစ္စက္စက္ဖြင့္တဲ့ ေဆး႐ုံႀကီးကပါရဂူ တေယာက္က မခြဲခ်င္ဖူးဆိုေတာ့လည္း Operation ခန္းထဲထည့္။ ေသခ်ာTV Screen နဲ႔ၾကည့္ၿပီးခါးထဲကို Steroid ေဆးထိုးထည့္ေပးပါတယ္။ OK သြားပါတယ္။But သို႔ေသာ္လည္း ၃ ရက္ေျမာက္မွာျပန္ျဖစ္ျပန္ၿပီ။
အခုေရးခ်င္တဲ့ေနရာေရာက္ပါၿပီ။ က်ေနာ္လည္းဆရာသမားအတြက္ စိတ္မေကာင္းပါ။ ေဘးကၾကည့္ၿပီးဘာမွလည္းမကူညီႏိုင္။ သူလည္းေဆးေထာက္ခံစာနဲ႔ ထြက္ခြင့္ တင္လိုက္ပါၿပီ။ တေန႔မွာ ျပည္ၿမိဳ႕ မင္းႀကီးေတာင္ေပါ ္ကဘုန္းႀကီးေက်ာင္းကို က်ေနာ္မုန႔္သြားလႉရင္း စာဖတ္ခန္းထဲက (အထင္မေသးနဲ႔ျမန္မာ့ေဆး) ဆိုတဲ့ဆရာသိန္း ျပဳစုသည္………… တန္ဖိုး ၅ က်ပ္……… စာအုပ္ေလးဖတ္မိပါတယ္။
အဲဒီမွာ………တင္ပါးခြက္ကိုက္ေသာ္ မခက္ေလာ…… အိုးမႈတ္ခြက္နင္းေသာ္မေပ်ာက္ေလာ…… ဆိုတဲ့ေဆာင္းပါးေလး ဖတ္မိပါတယ္။ အားရဝမ္းသာ က်ေနာ္ဖတ္ၾကည့္ၿပီးခ်က္ခ်င္းပဲ Photostat မိတၱဴကူးပါတယ္။ က်ေနာ့္ဆရာသမားကို ေျပးျပပါတယ္။ ဆရာသမားက အနာကိုက္ခဲေနတဲ့ၾကားက မခ်ိၿပဳံးၿပဳံးယင္း (မင္းကြာ… ငါေဆးကုတာ တျပည္လုံးႏွံ႔႐ုံမက ျပင္သစ္ကပါရဂူနဲ႔ေတာင္ မေပ်ာက္ထာ) လို႔ေျပာရွာပါတယ္။ ဒါေပမယ့္က်ေနာ္လက္မေလွ်ာ့ပါ။
သူ႔ရဲ႕ဇနီးနဲ႔အတူတူ စာအုပ္ပါေလ့က်င့္ခန္းေတြလုပ္ျဖစ္ေအာင္ အတင္းတြန္းအားေပးခဲ့ပါတယ္။ ပထမတရက္ မထူးျခား။ ဒုတိယတရက္ ခါတိုင္းထက္နည္းနည္း သက္သာလာသည္။ တတိယရက္ က်ေတာ့ ေကါင္းေကါင္း အိပ္လို႔ရပါၿပီ။ တႏွစ္တိတိခံစားရတဲ့ေရာဂါ ၅ ရက္ေျမာက္ေတာ့ အရွင္းေပ်ာက္။ ဆယ္ရက္ေလါက္ေနေတာ့ ပုံမွန္လုပ္ငန္းခြင္ ျပန္ဝင္ႏိုင္ပါၿပီ။ အခုခ်ိန္ထိလည္း ခါးျပန္မနာေတာ့ပါ။
သူတေယာက္ထဲလားဆိုေတာ့မဟုတ္ပါ။ အလားတူ ေဝဒနာရွင္ ဆယ့္ႏွစ္ေယာက္တိတိကို က်ေနာ္ ဒီနည္းနဲ႔ ကယ္ခဲ့ဖူးပါသည္။ မင္းတို႔တပ္ထဲမွာ ပုံစံတူေဝဒနာသည္ အဲ့သေလာက္မ်ားသလားလို႔မထင္ပါနဲ႔။ တပ္ထဲက ၃ ေယာက္ပါ။ အျပင္ကေဝဒနာသည္ ၉ ေယာက္ပါ။ က်ေနာ္ဒီနည္းသိၿပီးတဲ့ေနာက္မွာ သြားရင္းလာယင္း ခါးေစါင္းေနတဲ့ ေဝဒနာသည္ေတြ။ ေျခေထာ့နဲ႔ေထာ့နဲ႔ ေဝဒနာသည္ေတြ။ တင္ပါးခြက္ေလးပြတ္ပြတ္ေနတဲ့ ေဝဒနာသည္ေတြေတြ႕ယင္က်ေနာ္က သိသိမသိသိ အတင္းလိုက္မိတ္ဖြဲ႕ပါတယ္…
ဘယ္လိုျဖစ္ထာလဲ? ေပါင္တန္းေနတယ္ မဟုတ္လား? ေျခေထာက္ေျခဖ်ားေတြ ထုံက်င္ေနတယ္ မဟုတ္လား? တင္ပါးခြက္ကမခံစားႏိုင္ေအာင္ ကိုက္ခဲေနတယ္ မဟုတ္လား? ခါးနာတာကစ တာမဟုတ္လား? ဗုဒၶဘာသာျမန္မာလူမ်ိဳးပီပီ ကူညီခ်င္တယ္- ကယ္တင္ခ်င္တယ္ေလ။ ဇီဝိတဒါနပါ…………
ကဲ ေဆးနည္းေလး – စလိုက္ၾကရေအာင္……
အခ်ိန္ဆယ္မိနစ္ဆိုရပါၿပီ။ အိပ္ကာနီး အိပ္ရာမဝင္ခင္အခ်ိန္ ဆိုပါေတာ့…… မိမိေရွ႕မွာ … ခါးေလာက္ရွိတဲ့ တန္း(သို႔)ခုံ (သို႔) ျပဴတင္းေပါက္ေဘာင္ တခုခုရွိပါေစ။ လူက ႏွစ္ေတာင္ေလာက္ခြာၿပီး ေျခစုံရပ္ပါ။ဘယ္ (သို႔) ညာ ေျခတဖက္ကို ထိုတန္းေပါ ္သို႔ လွမ္းတင္လိုက္ပါ။ က်န္တဖက္ကရပ္လ်က္ေပါ့။ ထိုသို႔တင္လိုက္ပါက ထိုေျခေထာက္၏ ေပါင္ေၾကာမ်ား ေတာင့္တင္းေနပါလိမ့္မည္။ ၎ေပါင္ေျခသလုံးေအာက္ဖက္ရွိ ႂကြက္သားမ်ားကို မိမိလက္၂ဖက္ႏွင့္ ႏွိပ္နယ္ေခ်ေပးပါ။ ငါးမိနစ္ခန႔္။ ၿပီးလွ်င္ေနာက္တဖက္ေျပာင္း အလားတူ။
အရမ္းမခြၽံထက္ေသာအုန္းမႈတ္ခြက္(တျခမ္းစီ) အေနေတာ္ကို ၾကမ္းျပင္မွာခ်ထားပါ။ ဘယ္ညာ၂ဖက္စလုံးတက္ရပ္ပါ။ ၿပီးလွ်င္ ဘယ္ညာဘယ္ညာစည္းခ်က္က်က် အခ်က္၁ဝဝခန႔္နင္းပါ ။ နင္းသည့္အခါ ေျခဖဝါးအလယ္ခြက္မနင္းရပါ။ ေျခဖဝါးေစါင္းပတ္လည္ ဘယ္ေစါင္းညာေစါင္း ဖေနာင့္ေျခဖ်ားေလးမ်ားစုံေအာင္ႏွံ႔ေအာင္ပူထူလာေအာင္ နင္းရမည္။ ျပဳတ္မက်ေအာင္တန္းတခုခုကို ကိုင္ထားပါ။
ၿပီးပါၿပီ။ ဒါပါပဲ။ ထိုအခ်ိန္မွစ၍တညလုံးေျခဖဝါး ေရမထိပါေစႏွင့္။တညလုံးေျခဖဝါးကအပူေတြ တရွိတ္ရွိတ္ထြက္သလိုခံစားရပါလိမ့္မည္။ အလြန္လြယ္ကူပါသည္။ တခုပဲ သတိျပဳရမည္ေရာဂါႀကီးလွ်င္ ပထမဆုံးခါးအျမင့္ေလာက္ ေျခေထာက္ ကို ေျမႇာက္ႏိုင္မည္မဟုတ္ပါ။ ႏိုင္သေလာက္အျမင့္ပဲလုပ္ခိုင္းၿပီး တျဖည္းျဖည္းခ်င္း တိုးျမႇင့္သြားပါေလ။ အလြန္လြယ္ကူေသာနည္းမို႔ အထင္မေသးပါႏွင့္။ က်ေနာ္နည္းေပး၍ ေပ်ာက္ကင္းသြားသူ ၁၂ ဦးထဲတြင္ ဂ်ာမန္မွ Odee Harlan ဆိုေသာ ဆရာဝန္တေယာက္ ပါဝင္ပါသည္။
အုန္းမႈတ္ခြက္နင္း႐ုံနဲ႔ ဘာေၾကာင့္ ေပ်ာက္သလဲ? က်ေနာ့္ကို လာမေမးပါႏွင့္။ ပထဝီ ေတေဇာအာေပါဝါေယာ က်ေနာ္မသိပါ။ က်ေနာ္ ဗိေႏၷာဆရာမဟုတ္ပါ ။ အ႐ိုးအေၾကာပညာရွင္ Ortho/ physiotheraphy / Rehabilitation က်ေနာ္ဘာမွမသိပါ။ က်ေနာ္ဆရာဝန္လည္း
မဟုတ္ပါ။ ေဆးပညာလည္း နားမလည္ပါ။ သာမန္တပ္မေတာ္သား စစ္သားတဦးသာျဖစ္ပါသည္။ေပ်ာက္ခဲ့ဖူးလို႔ ေပ်ာက္ေစခ်င္လို႔ အေတြ႕အႀကဳံမွ်ေဝျခင္းသာျဖစ္ပါသည္။ ယုံၾကည္လွ်င္ လုပ္ၾကည့္ပါ။
မေန႔က ေဝဒနာရွင္တဦးႏွင့္ေတြ႕၍… အႀကံေပးစကားေျပာၾကားရင္း ဒီအေၾကာင္းေရးဖို႔ စိတ္ကူး ရလာတာပါ။ ေစတနာေရွ႕ထား သနားစာနာစိတ္ျဖင့္ အပင္ပန္းခံစာအရွည္ႀကီး ေရးျခင္းျဖစ္ပါသည္။
credit original write
  • Unicode Version
တင်ပါးခွက်ကိုက် Sciatica ရောဂါခါးနာ၊ ပေါင်တန်းပြီး အကြောညပ်နေသလား .. ဒီ Post လေးကို ဖတ်လိုက်ပါ
June 29, 2019 ThutaSone ဗဟုသုတအစုံ 0
တင်ပါးခွက်ကိုက် Sciatica ရောဂါခါးနာ၊ ပေါင်တန်းပြီး အကြောညပ်နေသလား .. ဒီ Post လေးကို ဖတ်လိုက်ပါ
အဆိုးဝါးဆုံးရောဂါပါ… အခံရအခက်ဆုံး ရောဂါပါလို့ကျနော်ပြောလျှင် ယုံနိုင်မည်မဟုတ်ပါ.. ကိုယ်တိုင်မှ မခံစားဖူးတာကိုး။ သင့်ပတ်ဝန်းကျင်၌ ခါးကြီးစေါင်းငန်းစေါင်းငန်းနဲ့ သွားနေသူတွေ။ တင်ပါးခွက်ကလေးကို ဖိကာပွတ်ကာ သွားလာနေတဲ့သူတွေ။ ပေါင်ကိုက်ဒူးကိုက် ခြေသလုံးတလျှောက် ထုံကျင်နေတဲ့သူတွေ တွေ့ရင် အင်တာဗျူးကြည့်ပါ။ လေသံတခုတည်း ထွက်တာ တွေ့ရပါလိမ့်မည် (ရောဂါ အတော်စုံအောင် ဖြစ်ဖူးပါတယ်ဗျာ… ဒီတခါ အခံရခက်ဆုံးပဲ)လို့ ဖြေကြပါလိမ့်မည်။
ဒီရောဂါအကြောင်းကို ကျနော့်ဆရာသမား (Fighter အရာရှိကြီး) တယောက် အိပ်ယာပေါ ်က မထနိုင်ပဲ ကိုက်ခဲလွန်းလို့ မျက်ရည်တွေတွေကျပြီး အံကြိတ်ခံနေရတာ မကြည့်ရက်လို့ ကျနော်ထဲထဲဝင်ဝင် လေ့လာဖူးသည်။ သူ့အခြေအနေက မတ်တပ်ပင်မရပ်နိုင်ရှာတော့။ လူကခါးတစေါင်းကြီး ဖြစ်နေပြီ။ တပ်မတော်ကပင် ထွက်ရတော့မည့် အနေအထားပါ။ ကျနော်နဲ့သိကျွမ်းသော အရိုးအကြောပါရဂူတွေ … Rehabilitation ပါရဂူတွေ…… Phisiotheraphist တွေ…… စုံနေပါဘီ။
MRI ရိုက်ဓါတ်မှန်ရိုက်… လေ့ကျင့်ခန်းလုပ်… အကိုက်အခဲပျောက်ဆေး မျိုးစုံသောက်… ဓါတ်ကင်Vibratorနဲ့နှိပ်…… မထူးခြားတော့ ဗမာဆရာတွေအကြော ပညာရှင်တွေ…… အနှိပ်ပညာရှင်တွေ …… အို- မြန်မာပြည်တနံတလျား စုံသလောက်နီးပါးဆိုပါတော့ ကုန်လိုက်တဲ့ငွေ…… သွားလိုက်ရတဲ့ခရီး…… အချိန်က တဖြည်းဖြည်းနဲ့ တနှစ်ပြည့်တော့မည်။ မသက်သာသည့်အပြင် ပို၍ပို၍ ဆိုးလာပါသည်…… ခြေထောက်ပါထုံကျင်လာပြီး ညာခြေထောက်က အာရုံခံစားမှုမရှိတော့။
တင်ပါးခွက်ထဲကမချိမဆန့် ကိုက်ခဲသည့်ဒဏ်ကို အရင်ကလို အံကျိတ်မခံနိုင်တော့သဖြင့် အော်ဟစ်၍ခံစားနေရရှာသည်။
ကျနော်လည်း လက်လှမ်းမှီရာဆေးပညာစာစောင်တွေ။ အာယုဗ္ဗေဒတွေ စုံစီနဖာဖတ်သည်။ ခါးခွဲလျှင်ပျောက်နိုင်သည်။ ပြန်ဖြစ်ချင်လည်းဖြစ်မည်။ အကြမ်းဖျဉ်းပြောရလျှင် လူ့ခန္ဓာကိုယ်မှာ အကြီးဆုံးအာရုံကြောမကြီး Sciatic Nerve ဟာ ခါးရိုး L4,L5 နေရာကစထွက်ပြီး ဘယ်ညာဖြာကာ တင်ပါးခွက်မှတဆင့်ခြေထောက်တလျှောက်ကို Supply လုပ်ပါတယ်။ ခါးရိုးကျဉ်းသူ, ခါးဆစ်မှာ အတက(်ကျီးပေါင်း)ထွက်သူ။ ခါးရိုးတီဘီရှိသူ ။ ခါးဆစ်တခုနှင့်တခုကြားက Disc အပြားလေးများ ကျွံထွက်သူ တို့မှာ ထိုအာရုံကြောကိုဖိမိထိမိသဖြင့် မခံစားနိုင်လောက်အောင် Lကွေးနေရာဖြစ်သော တင်ပါးခွက်မှာ သွားကိုက်ခဲတာပါ။ သေသေချာချာသိထားရမှာတခုက ဖြစ်တာကခါးပါနော်။ ခံစားရတာကတင်ပါးခွက်ပါနော်။
ဆရာဝန်တွေက ဘယ်ဘက်ဖြစ်ရင် Sciatica Left ညာဖက်ဖြစ်ရင် Sciatica Right လို့ခေါ ်ဆိုကြပါတယ်။ တချို့သဘောတရား နားမလည်တဲ့ အနှိပ်ဆရာတွေက လူနာတင်ပါးခွက်ကိုက်တယ်ပြောလေ တင်ပါးခွက်ကိုစွတ်နှိပ်လေ…… ကိုက်နေတဲ့အာရုံကြောကိုနှိပ်တော့ လူနာကလည်းသက်သာသယောင်ယောင်ပေါ့။ ခဏနေယင်တော့ အကြောတွေကယောင်ကိုင်းထလာပြီး အော်ရဘီ ငိုရဘီ ပေါ့ ။ ဒါကြောင့်နားမလည်တဲ့လူနဲ့ မပြမိပါစေနဲ့။
ဒီရောဂါ ဘာကြောင့်ဖြစ်သလဲမေးရင် အခန့်မသင့်လို့ပဲလို့ ဖြေရလိမ့်မယ်ထင်ပါရဲ့ ။ ယေဘူယျအားဖြင့်အဝလွန်သူ- အထိုင်များသူ – ဆီးချိုရှိသူ – ခါးအလုပ်များသူ လို့အရင်က ဆို ခဲ့ကြပေမယ့်သုတေသနစစ်တမ်းအရအမေရိကန်မှာ အသက်၄၀ ကျော်ယင်ကျား ၈၄ /ံ့ မ ၇၄ /ံ့ ဖြစ်ပါသတဲ့။ တနည်းပြောရယင်လူတိုင်းနီးပါးဟာ တချိန်ချိန်မှ ာဖြစ်လာနိုင်တယ်လို့ ဆိုလိုပါတယ်။
Cauda Equina Sydrome လို့ခေါ ်တဲ့ အာရုံကြောမျှင်တွေ ဖိနှိပ်ထိခိုက်ခံရတဲ့အခါနာတာရှည်ဖြစ်သွားပြီး ဆီးဝမ်းမထိမ်းနိုင် အောက်ပိုင်းသေ ကြာလာရင်အကြောသေ လေဖြတ်တဲ့အထိမို့ ပေါ့လို့ရတဲ့ရောဂါမဟုတ်ပါဖူး။ ကျနော့်ဆရာသမားဖြစ်သွားတာကတော့ ပြောရယင် ခါးနာပြီး Position Disorder ဖြစ်သွားတာပါ။ တနေ့မှာ ပြည်ကနေရန်ကုန်ကို စစ်သုံးမာဇဒါE2000 ပိကပ်ကားလေးနဲ့ ခရီးသွားပါတယ်။ ဖြစ်ချင်တော့ကားထွက်ကာနီးမှ အရာရှိကတော်တယောက်က သူ့မိခင်အသည်းအသန်ဖြစ်လို့ဆိုပြီး အကြုံလိုက် ပါတယ်။ ကားခေါင်းကကျဉ်းပါတယ်။ သူက အားနာတတ်သူ ညှာတာတတ်သူမို့ ခေါင်းခန်းထဲကို ခေါ ်တင်ခဲ့ပါတယ်။
ခြောက်နာရီလောက် ခရီးရှည်ကြီးမှာ ကျနော့်ဆရာက အလယ်ကကြပ်ကြပ်သပ်သပ်လိုက်ရင်း ထိုအရာရှိကတော်နဲ့ ထိမိမှာစိုးလို့ မိန်းမသါးမို့ အားနာရင်း ကိုယ်ကိုကျုံ့သည်ထက်ကျုံ့ကာ ဟန်ချက်မညီPosition မမှန်ပဲလိုက်လာခဲ့ပါသတဲ့။ ခရီးဆုံးတော့ခါးတွေကပူပြီးညောင်းကိုက်နေပါသတဲ့။ နောက်နေ့ကျတော့ခါးနာပါသတဲ့။ ၃ ရက်လောက်နေတော့ ဒီရောဂါရခဲ့တာပါပဲ။ ခါးဆစ်ရိုးတခုနဲ့တခုအကြားက ကြားခ ံ inter – vertebral Disc. ကျွံထွက်သွားတာပါ။
ဒီရောဂါဖြစ်သူဘယ်လောက်များသလဲ ? မြန်မာ ထိုင်း စင်္ကာပူ မလေးရှား သွားကုသူတွေရဲ့အခြေအနေ? သောက်ရတဲ့ဆေးတွေ?ခံစားရတဲ့ အခြေအနေတွေသိချင်သပ ဆိုရင်Face Bookမှာ “ခါးနာခြင်း Back Pain Group “လို့ရှာကြည့်ပါ။ ကျနော်အပိုမပြောကြောင်း သင်ကိုယ်တိုင်တွေ့မြင်ရပါလိမ့်မယ် ကျနော့်ဆရာသမားဟာ အရိုးအထူးကု ဂုရုကြီးလို့ခေါ ်ကြတဲ့ ပြင်သစ်နိုင်ငံက Professor Alain Patel နဲ့တောင် ကုခဲ့ဖူးပါတယ်။ အခြေအနေက မတိုးတက်ပါဖူး။
အော်မြဲအော် ကိုက်မြဲကိုက်လျက် FBမှာ ပလူပျံအောင်share နေကြသည့် ရေထဲဆင်း ထန်းလျက်ဘယ်နှစ်ခဲစား တို့။ အာလူးပါးပါးကပ် တာ တို့။ ဘဲဥပြုတ်စားတာ တို့ ။ သက်ရင်းကြီးမိဿလင် စည်းတာ တို့ စုံစီနဖာလုပ်သော်လည်း အော်မြဲအော် ကိုက်မြဲကိုက်လျှက်။ အကိုက် အခဲပျောက်ဆေးတွေ လူးရတဲ့ဆေးပူ ဆေးအေးတွေလည်း စုံလှဘီ။ ရန်ကုန်မြို့မှာ အသစ်စက်စက်ဖွင့်တဲ့ ဆေးရုံကြီးကပါရဂူ တယောက်က မခွဲချင်ဖူးဆိုတော့လည်း Operation ခန်းထဲထည့်။ သေချာTV Screen နဲ့ကြည့်ပြီးခါးထဲကို Steroid ဆေးထိုးထည့်ပေးပါတယ်။ OK သွားပါတယ်။But သို့သော်လည်း ၃ ရက်မြောက်မှာပြန်ဖြစ်ပြန်ပြီ။
အခုရေးချင်တဲ့နေရာရောက်ပါပြီ။ ကျနော်လည်းဆရာသမားအတွက် စိတ်မကောင်းပါ။ ဘေးကကြည့်ပြီးဘာမှလည်းမကူညီနိုင်။ သူလည်းဆေးထောက်ခံစာနဲ့ ထွက်ခွင့် တင်လိုက်ပါပြီ။ တနေ့မှာ ပြည်မြို့ မင်းကြီးတောင်ပေါ ်ကဘုန်းကြီးကျောင်းကို ကျနော်မုန့်သွားလှူရင်း စာဖတ်ခန်းထဲက (အထင်မသေးနဲ့မြန်မာ့ဆေး) ဆိုတဲ့ဆရာသိန်း ပြုစုသည်………… တန်ဖိုး ၅ ကျပ်……… စာအုပ်လေးဖတ်မိပါတယ်။
အဲဒီမှာ………တင်ပါးခွက်ကိုက်သော် မခက်လော…… အိုးမှုတ်ခွက်နင်းသော်မပျောက်လော…… ဆိုတဲ့ဆောင်းပါးလေး ဖတ်မိပါတယ်။ အားရဝမ်းသာ ကျနော်ဖတ်ကြည့်ပြီးချက်ချင်းပဲ Photostat မိတ္တူကူးပါတယ်။ ကျနော့်ဆရာသမားကို ပြေးပြပါတယ်။ ဆရာသမားက အနာကိုက်ခဲနေတဲ့ကြားက မချိပြုံးပြုံးယင်း (မင်းကွာ… ငါဆေးကုတာ တပြည်လုံးနှံ့ရုံမက ပြင်သစ်ကပါရဂူနဲ့တောင် မပျောက်ထာ) လို့ပြောရှာပါတယ်။ ဒါပေမယ့်ကျနော်လက်မလျှော့ပါ။
သူ့ရဲ့ဇနီးနဲ့အတူတူ စာအုပ်ပါလေ့ကျင့်ခန်းတွေလုပ်ဖြစ်အောင် အတင်းတွန်းအားပေးခဲ့ပါတယ်။ ပထမတရက် မထူးခြား။ ဒုတိယတရက် ခါတိုင်းထက်နည်းနည်း သက်သာလာသည်။ တတိယရက် ကျတော့ ကေါင်းကေါင်း အိပ်လို့ရပါပြီ။ တနှစ်တိတိခံစားရတဲ့ရောဂါ ၅ ရက်မြောက်တော့ အရှင်းပျောက်။ ဆယ်ရက်လေါက်နေတော့ ပုံမှန်လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါပြီ။ အခုချိန်ထိလည်း ခါးပြန်မနာတော့ပါ။
သူတယောက်ထဲလားဆိုတော့မဟုတ်ပါ။ အလားတူ ဝေဒနာရှင် ဆယ့်နှစ်ယောက်တိတိကို ကျနော် ဒီနည်းနဲ့ ကယ်ခဲ့ဖူးပါသည်။ မင်းတို့တပ်ထဲမှာ ပုံစံတူဝေဒနာသည် အဲ့သလောက်များသလားလို့မထင်ပါနဲ့။ တပ်ထဲက ၃ ယောက်ပါ။ အပြင်ကဝေဒနာသည် ၉ ယောက်ပါ။ ကျနော်ဒီနည်းသိပြီးတဲ့နောက်မှာ သွားရင်းလာယင်း ခါးစေါင်းနေတဲ့ ဝေဒနာသည်တွေ။ ခြေထော့နဲ့ထော့နဲ့ ဝေဒနာသည်တွေ။ တင်ပါးခွက်လေးပွတ်ပွတ်နေတဲ့ ဝေဒနာသည်တွေတွေ့ယင်ကျနော်က သိသိမသိသိ အတင်းလိုက်မိတ်ဖွဲ့ပါတယ်…
ဘယ်လိုဖြစ်ထာလဲ? ပေါင်တန်းနေတယ် မဟုတ်လား? ခြေထောက်ခြေဖျားတွေ ထုံကျင်နေတယ် မဟုတ်လား? တင်ပါးခွက်ကမခံစားနိုင်အောင် ကိုက်ခဲနေတယ် မဟုတ်လား? ခါးနာတာကစ တာမဟုတ်လား? ဗုဒ္ဓဘာသာမြန်မာလူမျိုးပီပီ ကူညီချင်တယ်- ကယ်တင်ချင်တယ်လေ။ ဇီဝိတဒါနပါ…………
ကဲ ဆေးနည်းလေး – စလိုက်ကြရအောင်……
အချိန်ဆယ်မိနစ်ဆိုရပါပြီ။ အိပ်ကာနီး အိပ်ရာမဝင်ခင်အချိန် ဆိုပါတော့…… မိမိရှေ့မှာ … ခါးလောက်ရှိတဲ့ တန်း(သို့)ခုံ (သို့) ပြူတင်းပေါက်ဘောင် တခုခုရှိပါစေ။ လူက နှစ်တောင်လောက်ခွာပြီး ခြေစုံရပ်ပါ။ဘယ် (သို့) ညာ ခြေတဖက်ကို ထိုတန်းပေါ ်သို့ လှမ်းတင်လိုက်ပါ။ ကျန်တဖက်ကရပ်လျက်ပေါ့။ ထိုသို့တင်လိုက်ပါက ထိုခြေထောက်၏ ပေါင်ကြောများ တောင့်တင်းနေပါလိမ့်မည်။ ၎င်းပေါင်ခြေသလုံးအောက်ဖက်ရှိ ကြွက်သားများကို မိမိလက်၂ဖက်နှင့် နှိပ်နယ်ချေပေးပါ။ ငါးမိနစ်ခန့်။ ပြီးလျှင်နောက်တဖက်ပြောင်း အလားတူ။
အရမ်းမချွံထက်သောအုန်းမှုတ်ခွက်(တခြမ်းစီ) အနေတော်ကို ကြမ်းပြင်မှာချထားပါ။ ဘယ်ညာ၂ဖက်စလုံးတက်ရပ်ပါ။ ပြီးလျှင် ဘယ်ညာဘယ်ညာစည်းချက်ကျကျ အချက်၁ဝဝခန့်နင်းပါ ။ နင်းသည့်အခါ ခြေဖဝါးအလယ်ခွက်မနင်းရပါ။ ခြေဖဝါးစေါင်းပတ်လည် ဘယ်စေါင်းညာစေါင်း ဖနောင့်ခြေဖျားလေးများစုံအောင်နှံ့အောင်ပူထူလာအောင် နင်းရမည်။ ပြုတ်မကျအောင်တန်းတခုခုကို ကိုင်ထားပါ။
ပြီးပါပြီ။ ဒါပါပဲ။ ထိုအချိန်မှစ၍တညလုံးခြေဖဝါး ရေမထိပါစေနှင့်။တညလုံးခြေဖဝါးကအပူတွေ တရှိတ်ရှိတ်ထွက်သလိုခံစားရပါလိမ့်မည်။ အလွန်လွယ်ကူပါသည်။ တခုပဲ သတိပြုရမည်ရောဂါကြီးလျှင် ပထမဆုံးခါးအမြင့်လောက် ခြေထောက် ကို မြှောက်နိုင်မည်မဟုတ်ပါ။ နိုင်သလောက်အမြင့်ပဲလုပ်ခိုင်းပြီး တဖြည်းဖြည်းချင်း တိုးမြှင့်သွားပါလေ။ အလွန်လွယ်ကူသောနည်းမို့ အထင်မသေးပါနှင့်။ ကျနော်နည်းပေး၍ ပျောက်ကင်းသွားသူ ၁၂ ဦးထဲတွင် ဂျာမန်မှ Odee Harlan ဆိုသော ဆရာဝန်တယောက် ပါဝင်ပါသည်။
အုန်းမှုတ်ခွက်နင်းရုံနဲ့ ဘာကြောင့် ပျောက်သလဲ? ကျနော့်ကို လာမမေးပါနှင့်။ ပထဝီ တေဇောအာပေါဝါယော ကျနော်မသိပါ။ ကျနော် ဗိန္နောဆရာမဟုတ်ပါ ။ အရိုးအကြောပညာရှင် Ortho/ physiotheraphy / Rehabilitation ကျနော်ဘာမှမသိပါ။ ကျနော်ဆရာဝန်လည်း
မဟုတ်ပါ။ ဆေးပညာလည်း နားမလည်ပါ။ သာမန်တပ်မတော်သား စစ်သားတဦးသာဖြစ်ပါသည်။ပျောက်ခဲ့ဖူးလို့ ပျောက်စေချင်လို့ အတွေ့အကြုံမျှဝေခြင်းသာဖြစ်ပါသည်။ ယုံကြည်လျှင် လုပ်ကြည့်ပါ။
မနေ့က ဝေဒနာရှင်တဦးနှင့်တွေ့၍… အကြံပေးစကားပြောကြားရင်း ဒီအကြောင်းရေးဖို့ စိတ်ကူး ရလာတာပါ။ စေတနာရှေ့ထား သနားစာနာစိတ်ဖြင့် အပင်ပန်းခံစာအရှည်ကြီး ရေးခြင်းဖြစ်ပါသည်။
credit original write

Recent Updates

Recent Posts Widget