ကားအေၾကာင္းနားမလည္တဲ့ ကားပိုင္ရွင္ေတြကို ပစ္မွတ္ထား လိမ္ေနတဲ့ လိမ္နည္းတစ္မ်ဳိး…!
အသိတေယာက္က car rental လုပ္တယ္။ လူမသိ သူမသိ တပည့္ေတြေမြးထားတယ္။ ကားပုိင္ရွင္ေတြဆီကကားကုိ အက်ိဳးေဆာင္ပုံစံနဲ႕ သူ႔တပည့္ကုိ ျပန္ဌားတယ္။ ပုိင္ရွင္ကေတာ့ တကယ္ကားဌားသူလုိ႕ထင္ျပီး အဲ႕လူရဲ႕ တပည့္ကုိ အဌားခ်တယ္ ။တပည့္ကမွတ္ပုံတင္အတု လိပ္စာအတု သန္းေခါင္စာရင္း အတု။ လူနာမည္လည္း အတု။
ဌားထားတဲ႕ကားကုိ တျခားျမိဳ႕ေတြနယ္ေတြမွာ တပည့္က သြားေပါင္လုိက္ျပီး ဆရာတပည့္ ခြဲစားႀကတယ္။ တပည့္က တေနရာမွာ ခနေရွာင္လုိက္တယ္။
ဒီလုိနဲ႔ တလႏွစ္လျကာေတာ့ ကားပုိင္ရွင္က လစာလည္းမရ ကားလည္းမေတြ႕ေတာ့ rental ပုိင္ရွင္ကုိ ရစ္တာေပါ့။ ဒီေတာ့ အဲ႕လူကလည္း ကားျပန္ရွာေပးမယ္ဆုိျပီး ျပန္ရွာျပီးေပးလုိက္တယ္။ ကားပုိင္ရွင္ကေတာ့ ကားေလးျပန္ရေတာ့ ကားဌားခမရလည္းေနပါေစဆုိျပီး ကားျပန္သိမ္းသြားတယ္။ ကားကလည္း ခနပဲရွာလုိက္ရတယ္ သူေပါင္တဲ႕ေနရာသူသိတာကုိး ။ ကားအေပါင္ခံတဲ႕သူကုိလည္း တရားစြဲမယ္ဘာမယ္ဆုိေတာ့ ဟုိက ကားအေပါင္ခံထားတဲ႕ေငြအဆုံးခံျပီး ပါးစပ္ပိတ္ေနရတာေပါ့။ ဒီေတာ့ ကားပုိင္ရွင္လည္း ကားျပန္ရ ကားအေပါင္ခံထားသူလည္း အမႈျဖစ္မွာစုိးေတာ့ ေငြအဆုံးခံ။ ဒါနဲ႕ပဲ ဇာတ္လမ္းတခန္းရပ္။
ေနာက္တခါလည္း အဲ႕တပည္နဲ႕အဲ႕လုိထပ္လုပ္စားနဲ႕ လုပ္စားခဲ႕တဲ႕ ကားေတြ အေတာ္မ်ားခဲ႕တယ္။ ကားပုိင္ရွင္နဲ႕ ကားအေပါင္ခံသူကေတာ့ ခံရတာေပါ့။ သူတုိ႕ပစ္မွတ္က ရုိးသားျပီး ကားအေျကာင္းနားမလည္တဲ႕သူေတြကုိပစ္မွတ္ထားတာ။ အုံနာဘုတ္ဆုိတာဘာမွန္းမသိဘဲ ကားရွိရင္ ကားျဖစ္တယ္လုိ႕ ထင္ေနသူေတြကုိ targetထားတာ။ အခုေနာက္ပုိင္း အဲ႕လုိနည္းေတြနဲ႕ လုပ္စားသူေတြ ေတာ္ေတာ္ေတြ႕ေနရတယ္၊။
သတိထားႀကပါဗ်ာ။
Credit – Mt Thuya
Unicodeဖြင့်ဖတ်ရန်
ကားအကြောင်းနားမလည်တဲ့ ကားပိုင်ရှင်တွေကို ပစ်မှတ်ထား လိမ်နေတဲ့ လိမ်နည်းတစ်မျိုး
အသိတယောက်က car rental လုပ်တယ်။ လူမသိ သူမသိ တပည့်တွေမွေးထားတယ်။ ကားပိုင်ရှင်တွေဆီကကားကို အကျိုးဆောင်ပုံစံနဲ့ သူ့တပည့်ကို ပြန်ဌားတယ်။ ပိုင်ရှင်ကတော့ တကယ်ကားဌားသူလို့ထင်ပြီး အဲ့လူရဲ့ တပည့်ကို အဌားချတယ် ။တပည့်ကမှတ်ပုံတင်အတု လိပ်စာအတု သန်းခေါင်စာရင်း အတု။ လူနာမည်လည်း အတု။
ဌားထားတဲ့ကားကို တခြားမြို့တွေနယ်တွေမှာ တပည့်က သွားပေါင်လိုက်ပြီး ဆရာတပည့် ခွဲစားကြတယ်။ တပည့်က တနေရာမှာ ခနရှောင်လိုက်တယ်။
ဒီလိုနဲ့ တလနှစ်လကြာတော့ ကားပိုင်ရှင်က လစာလည်းမရ ကားလည်းမတွေ့တော့ rental ပိုင်ရှင်ကို ရစ်တာပေါ့။ ဒီတော့ အဲ့လူကလည်း ကားပြန်ရှာပေးမယ်ဆိုပြီး ပြန်ရှာပြီးပေးလိုက်တယ်။ ကားပိုင်ရှင်ကတော့ ကားလေးပြန်ရတော့ ကားဌားခမရလည်းနေပါစေဆိုပြီး ကားပြန်သိမ်းသွားတယ်။ ကားကလည်း ခနပဲရှာလိုက်ရတယ် သူပေါင်တဲ့နေရာသူသိတာကိုး ။ ကားအပေါင်ခံတဲ့သူကိုလည်း တရားစွဲမယ်ဘာမယ်ဆိုတော့ ဟိုက ကားအပေါင်ခံထားတဲ့ငွေအဆုံးခံပြီး ပါးစပ်ပိတ်နေရတာပေါ့။ ဒီတော့ ကားပိုင်ရှင်လည်း ကားပြန်ရ ကားအပေါင်ခံထားသူလည်း အမှုဖြစ်မှာစိုးတော့ ငွေအဆုံးခံ။ ဒါနဲ့ပဲ ဇာတ်လမ်းတခန်းရပ်။
နောက်တခါလည်း အဲ့တပည်နဲ့အဲ့လိုထပ်လုပ်စားနဲ့ လုပ်စားခဲ့တဲ့ ကားတွေ အတော်များခဲ့တယ်။ ကားပိုင်ရှင်နဲ့ ကားအပေါင်ခံသူကတော့ ခံရတာပေါ့။ သူတို့ပစ်မှတ်က ရိုးသားပြီး ကားအကြောင်းနားမလည်တဲ့သူတွေကိုပစ်မှတ်ထားတာ။ အုံနာဘုတ်ဆိုတာဘာမှန်းမသိဘဲ ကားရှိရင် ကားဖြစ်တယ်လို့ ထင်နေသူတွေကို targetထားတာ။ အခုနောက်ပိုင်း အဲ့လိုနည်းတွေနဲ့ လုပ်စားသူတွေ တော်တော်တွေ့နေရတယ်၊။
သတိထားကြပါဗျာ။
Credit – Mt Thuya


