‘အေမရိကန္ႏိုင္ငံ’ မွာ ခ်င္းလူငယ္ (၂၀၀) ေက်ာ္ အထက္တန္းေက်ာင္းေအာင္ျမင္’




အေမရိကန္ႏိုင္ငံမွာ ခ်င္းတုိင္းရင္းသားေတြအမ်ားဆံုးေနထိုင္တဲ့ အင္ဒီယာနာပိုလစ္ၿမိဳ႕တစ္ခုထဲမွာ ဒီႏွစ္ခ်င္းလူငယ္ (၂၀၈)ဦးက အထက္တန္းေက်ာင္းေအာင္လက္မွတ္ရရွိတယ္လို႔သတင္းရရွိပါတယ္။

ေမလ(၂၄)ရက္တြင္ Perry Meridian အထက္တန္းေက်ာင္းမွ ခ်င္းေက်ာင္းသူ၊ သား (၁၁၉)ဦး၊ Southport အထက္တန္းေက်ာင္းမွ ခ်င္းေက်ာင္းသူ၊သား (၈၉)ဦးက အထက္တန္းေက်ာင္းဒီပလိုမာရရွိၾကပါတယ္။

Top (40) စာရင္းတြင္လည္း ခ်င္းေက်ာင္းသူ၊သား (၁၀)ဦးပါဝင္ႏိုင္ပါတယ္။ ၂၀၀၄ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္ထိ အဆိုပါအထက္တန္းေက်ာင္းႏွစ္ေက်ာင္းတြင္ ခ်င္းေက်ာင္းသူ၊သား တစ္ေထာင္ေက်ာ္ အထက္တန္းၿပီးဆံုးခဲ့ၾကပါၿပီ။

အေမရိကန္တစ္ႏိုင္ငံလံုးမွာ ခ်င္းတုိင္းရင္းသား ခုနစ္ေသာင္းေက်ာ္ေနထိုင္မယ္လို႔ခန္႔မွန္းရၿပီး အင္ဒီယာနာပိုလစ္ၿမိဳ႕တြင္ (၁၇၀၀၀)ေနထုိင္ၾကပါတယ္။ ဒါဟာ ဖလမ္းၿမိဳ႕မွာေနထိုင္တဲ့ လူဦးေရစာရင္းထက္ပိုမ်ားေနပါတယ္။


အင္ဒီယာနာပိုလစ္ၿမိဳ႕မွာေနထုိင္တဲ့ သိကၡေတာ္ရဆရာ ေဒါက္တာဟရဲမန္က “က်ေနာ္ဆို ငယ္ငယ္တုန္းက အိမ္ေျခ ၁၅ အိမ္ပဲရွိတဲ့ရြာေနတယ္။ ၈ မိုင္ေလာက္ေဝးတဲ့ရြာမွာေက်ာင္းသြားတက္တယ္။ စီးစရာဖိနပ္ေတာင္မရွိတဲ့ခ်ိန္ရွိတယ္။ အဲ့လိုမ်ဳိးအေျခအေနကေန ဆယ္တန္းေအာင္ေတာ့ တကၠသိုလ္တက္ဖို႔ မိဘကမေထာက္ပံ့ႏိုင္ေတာ့ ငိုခဲ့ဖူးတယ္။

ဒါေပမယ့္ဒီက ခ်င္းေက်ာင္းသားေတြအမ်ားစုက မိဘေတြပိုက္ဆံကုန္စရာမလိုပဲ ပညာသင္ေထာက္ပံ့ေၾကးနဲ႔ ေက်ာင္းတက္ၾကတယ္။ က်ေနာ့္သားအၾကီးလည္း အခု ပညာသင္ေထာက္ပံ့ေၾကးနဲ႔ ၿမိဳ႕ျပအင္ဂ်င္နီယာ ဒုတိယႏွစ္တက္ေနတယ္။ သားအငယ္က အခုအထက္တန္းၿပီးတယ္။ မၾကာခင္ ပညာသင္ေထာက္ပံ့ေၾကးနဲ႔ စီးပြားေရးဘာသာတက္ေတာ့မယ္။ ၿမိဳ႕နယ္ပညာေရးမွဴးကလည္းေျပာတယ္။ က်ေနာ္တို႔ ခ်င္းေက်ာင္းသားေတြအမ်ားၾကီးရွိတာ ကံေကာင္းတယ္။ ခ်င္းေက်ာင္းသားေတြက စာၾကိဳးစားတယ္၊ လိမၼာၾကတယ္၊ အက်င့္စာရိတၱလည္းေကာင္းတယ္လို႔ခ်ီးက်ဴးေနတယ္” လို႔ေျပာပါတယ္။

အေမရိကန္ႏိုင္ငံမွာ တစ္ႏွစ္အတြင္း ျပည္ပမွအမ်ားဆံုးေက်ာင္းတက္တဲ့ႏိုင္ငံေတြကေတာ့ တရုတ္ေက်ာင္းသား ၃၆၃,၃၄၁ ဦး၊ အိႏိၵယ ေက်ာင္းသား ၁၈၆,၀၀၀ ဦး၊ ေတာင္ကိုရီးယား ေက်ာင္းသား ၈၀,၀၀၀ ဦးၿပီး လူဦးေရအခ်ဳိးနဲ႔တြက္ၾကည့္ပါက ခ်င္းေက်ာင္းသားေတြအမ်ားဆံုးျဖစ္ႏိုင္ပါတယ္။

ခ်င္း လူငယ္မ်ားကို ဂုဏ္ျပဳေသာအားျဖင့္ #Zalen Page မွ သတင္းကို ျပန္လည္ေဖာ္ျပပါသည္။

Unicode

အမေရိကန်နိုင်ငံမှာ ချင်းတိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့ အင်ဒီယာနာပိုလစ်မြို့တစ်ခုထဲမှာ ဒီနှစ်ချင်းလူငယ် (၂၀၈)ဦးက အထက်တန်းကျောင်းအောင်လက်မှတ်ရရှိတယ်လို့သတင်းရရှိပါတယ်။

မေလ(၂၄)ရက်တွင် Perry Meridian အထက်တန်းကျောင်းမှ ချင်းကျောင်းသူ၊ သား (၁၁၉)ဦး၊ Southport အထက်တန်းကျောင်းမှ ချင်းကျောင်းသူ၊သား (၈၉)ဦးက အထက်တန်းကျောင်းဒီပလိုမာရရှိကြပါတယ်။

Top (40) စာရင်းတွင်လည်း ချင်းကျောင်းသူ၊သား (၁၀)ဦးပါဝင်နိုင်ပါတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ထိ အဆိုပါအထက်တန်းကျောင်းနှစ်ကျောင်းတွင် ချင်းကျောင်းသူ၊သား တစ်ထောင်ကျော် အထက်တန်းပြီးဆုံးခဲ့ကြပါပြီ။

အမေရိကန်တစ်နိုင်ငံလုံးမှာ ချင်းတိုင်းရင်းသား ခုနစ်သောင်းကျော်နေထိုင်မယ်လို့ခန့်မှန်းရပြီး အင်ဒီယာနာပိုလစ်မြို့တွင် (၁၇၀၀၀)နေထိုင်ကြပါတယ်။ ဒါဟာ ဖလမ်းမြို့မှာနေထိုင်တဲ့ လူဦးရေစာရင်းထက်ပိုများနေပါတယ်။

အင်ဒီယာနာပိုလစ်မြို့မှာနေထိုင်တဲ့ သိက္ခတော်ရဆရာ ဒေါက်တာဟရဲမန်က “ကျနော်ဆို ငယ်ငယ်တုန်းက အိမ်ခြေ ၁၅ အိမ်ပဲရှိတဲ့ရွာနေတယ်။ ၈ မိုင်လောက်ဝေးတဲ့ရွာမှာကျောင်းသွားတက်တယ်။ စီးစရာဖိနပ်တောင်မရှိတဲ့ချိန်ရှိတယ်။ အဲ့လိုမျိုးအခြေအနေကနေ ဆယ်တန်းအောင်တော့ တက္ကသိုလ်တက်ဖို့ မိဘကမထောက်ပံ့နိုင်တော့ ငိုခဲ့ဖူးတယ်။

ဒါပေမယ့်ဒီက ချင်းကျောင်းသားတွေအများစုက မိဘတွေပိုက်ဆံကုန်စရာမလိုပဲ ပညာသင်ထောက်ပံ့ကြေးနဲ့ ကျောင်းတက်ကြတယ်။ ကျနော့်သားအကြီးလည်း အခု ပညာသင်ထောက်ပံ့ကြေးနဲ့ မြို့ပြအင်ဂျင်နီယာ ဒုတိယနှစ်တက်နေတယ်။ သားအငယ်က အခုအထက်တန်းပြီးတယ်။ မကြာခင် ပညာသင်ထောက်ပံ့ကြေးနဲ့ စီးပွားရေးဘာသာတက်တော့မယ်။ မြို့နယ်ပညာရေးမှူးကလည်းပြောတယ်။ ကျနော်တို့ ချင်းကျောင်းသားတွေအများကြီးရှိတာ ကံကောင်းတယ်။ ချင်းကျောင်းသားတွေက စာကြိုးစားတယ်၊ လိမ္မာကြတယ်၊ အကျင့်စာရိတ္တလည်းကောင်းတယ်လို့ချီးကျူးနေတယ်” လို့ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ တစ်နှစ်အတွင်း ပြည်ပမှအများဆုံးကျောင်းတက်တဲ့နိုင်ငံတွေကတော့ တရုတ်ကျောင်းသား ၃၆၃,၃၄၁ ဦး၊ အိန္ဒိယ ကျောင်းသား ၁၈၆,၀၀၀ ဦး၊ တောင်ကိုရီးယား ကျောင်းသား ၈၀,၀၀၀ ဦးပြီး လူဦးရေအချိုးနဲ့တွက်ကြည့်ပါက ချင်းကျောင်းသားတွေအများဆုံးဖြစ်နိုင်ပါတယ်။

Recent Updates

Recent Posts Widget