အင်္ဂလန်မှာရှိတဲ့ Oxford တက္ကသိုလ်ကို သွားလည်ခဲ့တဲ့ မြတ်ကေသီအောင်




ချိုသာတဲ့ အပြုံးလေးတွေနဲ့ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့နှလုံးသားကို ပျော်ရွှင်စေခဲ့သူလေး မြတ်ကေသီအောင်ကတော့ အခုဆိုရင် ကျက်သရေရှိရှိနဲ့ လှနေဆဲဖြစ်တာမို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပါ။ ခရီးသွားရတာကို ဝါသနာပါတဲ့ မြတ်ကေသီအောင်ကတော့ လတ်တလောမှာ အင်္ဂလန်သို့ အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး တကယ့်နာမည်ကြီး Oxford တက္ကသိုလ်သို့ သွားရောက်ခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်လေးတစ်ယောက်လို လန်းနေတဲ့ မြတ်ကေသီအောင်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို လန်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အင်္ဂလန်က Oxford တက္ကသိုလ်ကို အလည်အပတ်ရောက်ရှိနေတဲ့ မြတ်ကေသီအောင်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြတ်ကေသီအောင်ကတေှာု့က”ပန်းချီကားလေးတွေနဲ့နောက်ခံရိုက်ရသလိုပဲ” ဆိုပြီး အရမ်းကို ခမ်းနားတဲ့ တက္ကသိုလ်ကြီးကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။



Wow! အရမ်းတွေ ဂေါ်နေပါပြီ မမရယ်…

Recent Updates

Recent Posts Widget