သင့္ကို အသက္၂ဆပိုရွည္ေစမယ့္ နည္းလမ္းေကာင္းအသြယ္သြယ္…!




(၁) ည၁၀နာရီကေနမနက္၆နာရီအတြင္း အိပ္စက္ပါ

အသက္ရွည္ရွည္ေနလိုပါက ဘာေၾကာင့္ ည၁၀နာရီကေနမနက္၆နာရီအတြင္းအိပ္စက္သင့္တယ္ဆိုတာကို တ႐ုတ္ဆရာဝန္မ်ား ေလ့လာခဲ့ၾကပါတယ္။ကြၽန္မတို႔ရဲ႕ကိုယ္ခံအားစနစ္ဟာ ညကိုးနာရီကေန၁၁နာရီအတြင္းမွာ ကိုယ္ထဲက အဆိပ္မ်ားႏွင့္ ဗိုင္းရပ္စ္မ်ားကို ဖယ္ရွားပါတယ္။အသည္းကေတာ့ ည၁၁နာရီကေနမနက္၁နာရီအတြင္း ေကာင္းစြာအလုပ္လုပ္ၿပီး အဆုတ္ကေတာ့ မနက္၃နာရီကေန၅နာရီအတြင္း ေကာင္းမြန္စြာအလုပ္လုပ္ပါတယ္။ဒါေၾကာင့္ မနက္အေစာပိုင္းေတြမွာ အခ်ိဴ႕လူမ်ားအေနျဖင့္ ေခ်ာင္းဟန႔္ရျခင္းျဖစ္ပါတယ္။ အူေတြကေတာ့ မနက္၅နာရီကေန၇နာရီအတြင္းမွာ သန႔္စင္ျခင္း ျပဳလုပ္ၾကပါတယ္။

(၂)ပတ္ဝန္းက်င္ရဲ႕ အတင္းအဖ်င္းေတြကို လ်စ္လ်ဴရႈပါ

အေမရိကန္သိပၸံပညာရွင္တို႔ရဲ႕ အယူအဆအရ ပတ္ဝန္းက်င္ရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို ေခါင္းထဲမထည့္ျခင္းျဖင့္ အသက္ရွည္ရွည္ေနႏိုင္တယ္လို႔ ဆိုပါတယ္။ကိုယ့္ပတ္ဝန္းက်င္ကလူေတြကို ေခါင္းထဲထည့္လြန္းတဲ့အခါ အေနအထိုင္က်ဳံ႔မယ့္အျပင္ အာ႐ုံေၾကာေတြလည္း အားနည္းတတ္ပါတယ္။ထို႔ျပင္ စိတ္မခ်မ္းမသာျဖစ္ေနရျခင္းေၾကာင့္ အသက္ရွည္ဖို႔ အခြင့္အလမ္းနည္းသြားႏိုင္ပါတယ္။

(၃)ေနပူဆာလႈံပါ

ေနေရာင္ျခည္က ဗီတာမင္ဒီကို ေပးစြမ္းပါတယ္။ထို႔ျပင္ စိတ္က်ေရာဂါႏွင့္ နာမက်န္းျဖစ္မႈမ်ားကိုပါ သက္သာေစႏိုင္ပါတယ္။

(၄)ခရမ္းခ်ဥ္သီးမ်ားမ်ားစားပါ

အေမရိကန္ႏိုင္ငံ ေဘာ္စတြန္ျပည္နယ္ရွိ သိပၸံပညာရွင္မ်ားရဲ႕ ၁၁ၾကာေလ့လာခ်က္အရ ခရမ္းခ်ဥ္သီးကိုေန႔စဥ္စားသုံးသူမ်ားအေနျဖင့္ ႏွလုံးေရာဂါျဖစ္ႏႈန္းကို ၂၆ရာႏႈန္းထိ ေလွ်ာ့ခ်ႏိုင္တယ္လို႔ဆိုပါတယ္။အေၾကာင္းကေတာ့ ခရမ္းခ်ဥ္သီးတြင္ပါေသာ လိုင္ကိုပင္းဆိုတဲ့ antioxidant ေၾကာင့္ ျဖစ္ၿပီး ကင္ဆာေရာဂါကိုပါကာကြယ္ေပးပါတယ္။

(၅)ႏႈိးစက္နာရီမ်ားကို ဖယ္ရွားပါ

ႏႈိးစက္အျပင္ အျခားေသာ ဆူညံသံေပးသည့္အရာမ်ားကို ဖယ္ရွားဖို႔ လိုပါတယ္။ဂ်ပန္ႏိုင္ငံက သုေတသီမ်ားရဲ႕အဆိုအရ ႏႈိးစက္သံျဖင့္ ေန႔စဥ္ႏိုးထရသူမ်ားအေနျဖင့္ ႏွလုံးေရာဂါရႏိုင္ေခ်မ်ားျပားေစတယ္လို႔ ဆိုပါတယ္။

(၆)စီကရက္ေရွာင္ပါ

စီးကရက္ေသာက္ျခင္းဟာ က်န္းမာေရးကိုထိခိုက္ေစမွန္း လူတိုင္းသိၾကပါတယ္။ စီးကရက္ကို ေသာက္သူေကာ ေဘးကအေငြ႕ရွဴသူမ်ားပါ က်န္းမာေရးထိခိုက္ေစႏိုင္သလို စီးကရက္ကို လက္ျဖင့္ထိျခင္းျဖင့္လည္း စီးကရက္မွာပါေသာ ေရဒီယိုသတိႂကြအမႈန္ေတြဟာ ကိုယ္ထဲဝင္ေရာက္ႏိုင္ပါတယ္။

(၇)ကခုန္ပါ

ျပင္သစ္သိပၸံပညာရွင္တို႔ရဲ႕ အဆိုအရ ေန႔စဥ္ကခုန္ျခငိးျဖင့္ အသက္ရွည္က်န္းမာေစပါတယ္။ အေကာင္းဆုံးအက ကေတာ့ Salsa dance ပဲ ျဖစ္ပါတယ္။သင့္အ႐ိုးေတြကိုသန္မာေစတဲ့အျပင္ အဆုတ္ကိုအားျဖည့္ေပးပါတယ္။ေသြးလွည့္ပတ္မႈကိုလည္းေကာင္းမြန္ေစပါတယ္။

Credit: Writer-Dr Poe Thar Khin ( Daily Hot News )

Unicodeဖြင့်ဖတ်ရန်

သင့်ကို အသက်၂ဆပိုရှည်စေမယ့် နည်းလမ်းကောင်းအသွယ်သွယ်

(၁) ည၁၀နာရီကနေမနက်၆နာရီအတွင်း အိပ်စက်ပါ

အသက်ရှည်ရှည်နေလိုပါက ဘာကြောင့် ည၁၀နာရီကနေမနက်၆နာရီအတွင်းအိပ်စက်သင့်တယ်ဆိုတာကို တရုတ်ဆရာဝန်များ လေ့လာခဲ့ကြပါတယ်။ကျွန်မတို့ရဲ့ကိုယ်ခံအားစနစ်ဟာ ညကိုးနာရီကနေ၁၁နာရီအတွင်းမှာ ကိုယ်ထဲက အဆိပ်များနှင့် ဗိုင်းရပ်စ်များကို ဖယ်ရှားပါတယ်။အသည်းကတော့ ည၁၁နာရီကနေမနက်၁နာရီအတွင်း ကောင်းစွာအလုပ်လုပ်ပြီး အဆုတ်ကတော့ မနက်၃နာရီကနေ၅နာရီအတွင်း ကောင်းမွန်စွာအလုပ်လုပ်ပါတယ်။ဒါကြောင့် မနက်အစောပိုင်းတွေမှာ အချိူ့လူများအနေဖြင့် ချောင်းဟန့်ရခြင်းဖြစ်ပါတယ်။ အူတွေကတော့ မနက်၅နာရီကနေ၇နာရီအတွင်းမှာ သန့်စင်ခြင်း ပြုလုပ်ကြပါတယ်။

(၂)ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်းတွေကို လျစ်လျူရှုပါ

အမေရိကန်သိပ္ပံပညာရှင်တို့ရဲ့ အယူအဆအရ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေကို ခေါင်းထဲမထည့်ခြင်းဖြင့် အသက်ရှည်ရှည်နေနိုင်တယ်လို့ ဆိုပါတယ်။ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ခေါင်းထဲထည့်လွန်းတဲ့အခါ အနေအထိုင်ကျုံ့မယ့်အပြင် အာရုံကြောတွေလည်း အားနည်းတတ်ပါတယ်။ထို့ပြင် စိတ်မချမ်းမသာဖြစ်နေရခြင်းကြောင့် အသက်ရှည်ဖို့ အခွင့်အလမ်းနည်းသွားနိုင်ပါတယ်။

(၃)နေပူဆာလှုံပါ

နေရောင်ခြည်က ဗီတာမင်ဒီကို ပေးစွမ်းပါတယ်။ထို့ပြင် စိတ်ကျရောဂါနှင့် နာမကျန်းဖြစ်မှုများကိုပါ သက်သာစေနိုင်ပါတယ်။

(၄)ခရမ်းချဉ်သီးများများစားပါ

အမေရိကန်နိုင်ငံ ဘော်စတွန်ပြည်နယ်ရှိ သိပ္ပံပညာရှင်များရဲ့ ၁၁ကြာလေ့လာချက်အရ ခရမ်းချဉ်သီးကိုနေ့စဉ်စားသုံးသူများအနေဖြင့် နှလုံးရောဂါဖြစ်နှုန်းကို ၂၆ရာနှုန်းထိ လျှော့ချနိုင်တယ်လို့ဆိုပါတယ်။အကြောင်းကတော့ ခရမ်းချဉ်သီးတွင်ပါသော လိုင်ကိုပင်းဆိုတဲ့ antioxidant ကြောင့် ဖြစ်ပြီး ကင်ဆာရောဂါကိုပါကာကွယ်ပေးပါတယ်။

(၅)နှိုးစက်နာရီများကို ဖယ်ရှားပါ

နှိုးစက်အပြင် အခြားသော ဆူညံသံပေးသည့်အရာများကို ဖယ်ရှားဖို့ လိုပါတယ်။ဂျပန်နိုင်ငံက သုတေသီများရဲ့အဆိုအရ နှိုးစက်သံဖြင့် နေ့စဉ်နိုးထရသူများအနေဖြင့် နှလုံးရောဂါရနိုင်ချေများပြားစေတယ်လို့ ဆိုပါတယ်။

(၆)စီကရက်ရှောင်ပါ

စီးကရက်သောက်ခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေမှန်း လူတိုင်းသိကြပါတယ်။ စီးကရက်ကို သောက်သူကော ဘေးကအငွေ့ရှူသူများပါ ကျန်းမာရေးထိခိုက်စေနိုင်သလို စီးကရက်ကို လက်ဖြင့်ထိခြင်းဖြင့်လည်း စီးကရက်မှာပါသော ရေဒီယိုသတိကြွအမှုန်တွေဟာ ကိုယ်ထဲဝင်ရောက်နိုင်ပါတယ်။

(၇)ကခုန်ပါ

ပြင်သစ်သိပ္ပံပညာရှင်တို့ရဲ့ အဆိုအရ နေ့စဉ်ကခုန်ခြငိးဖြင့် အသက်ရှည်ကျန်းမာစေပါတယ်။ အကောင်းဆုံးအက ကတော့ Salsa dance ပဲ ဖြစ်ပါတယ်။သင့်အရိုးတွေကိုသန်မာစေတဲ့အပြင် အဆုတ်ကိုအားဖြည့်ပေးပါတယ်။သွေးလှည့်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။

Credit: Writer-Dr Poe Thar Khin ( Daily Hot News )



Recent Updates

Recent Posts Widget