ညဘက်ချစ်သူနဲ့ရန်ဖြစ်ပြီးအိပ်စက်သွားခြင်းက ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်…!
Credit:trend.com
Unicodeဖြင့်ဖတ်ရန်
ညဘက်ချစ်သူနဲ့ရန်ဖြစ်ပြီးအိပ်စက်သွားခြင်းက ကျန်မာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်…
သင်တို့ဟာ ထစ်ကနဲရှိရန်ဖြစ်တတ်တဲ့ ချစ်သူရည်းစားစုံတွဲတွေ ဆိုရင် ပိုလို့သိထားသင့်ပါတယ်နော်… သိပ်ချစ်ကြတဲ့ ချစ်သူစုံတွဲတိုင်း တစ်ဂျိန်းဂျိန်း ရန်ဖြစ်နေကြပါပဲ။ ရန်မဖြစ်တဲ့အတွဲရယ်လို့ တော့မရှိပင်မဲ့ အခြေနေနဲ့အချိန် ခါကို ကြည့်ပြီးရပ်တန့်သင့်တာကို ရပ်တန့်ပစ်ဖို့လည်းလိုပါတယ်။သဝန်တိုကြတယ် ၊ နားလည်မှုလွဲတယ် အမြင်စောင်းတယ် တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲတယ် ဆိုတာမျိုးက တစ်လတစ်ခါလည်းဖြစ်ချင်ဖြစ်မယ်နေ့တိုင်းလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။ အချစ်စမ်းပြီးရန်ဖြစ်ကြတယ်ဆိုတာ လည်းအချိန်ခါလေးထားသင့်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်ပြဿနာရှင်းမယ် ဆိုတဲ့အချိန်ကို ဘယ်တော့မှ ညဘက်လို့မသတ်မှတ်ပါနဲ့။ ညမှအေးဆေးရှင်းမယ်ဆိုတာ မျိုးကို ငြင်းပါ။ဘယ်လောက်ပဲရန်ဖြစ်ချင်နေပါစေ တစ်ယောက်နဲ့တစ်ယောက်သဘောတူညီချက်ယူပြီး မနက်မှစိတ်အေးအေးနဲ့ ပြောကြဆိုကြပါ။
ညအိပ်ခံနှီးပြဿာရှင်းတာ ရန်ဖြစ်တာမျိး ဟာ နှစ်ဦးနှစ်ယောက်လုံးရဲ့စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါအများကြီးထိခိုက်နိုင်စေတယ်ဆိုတာလုံးဝမမေ့ပါနဲ့။ဒီနေရာမှာ လူနှစ်မျိုးရှိတယ်။ တစ်မျိုးက ပြောချင်တာ ပြောပြီး စိတ်ပေါ့သွားရင် နေသာထိုင်သာရှိသွားတတ်တဲ့သူနဲ့ တစ်မျိုးက တော့ တစ်ခုခုဆိုရင်မေ့ပျောက်ဖို့ခက်ပြီးနာနာကျင်ကျင်ခံစားတတ်သူပါ။ ပထမType မျိုးနဲ့ချစ်သူက တော့သိပ်အ ရေးမကြီးပင်မဲ့ စိတ်ထဲတစ်အားခံစားတတ်တဲ့သူဆိုရင် တော့ အိပ်ခံနီးရန်ဖြစ်တာဟာတကယ်ကို ပူလောင်စရာပါပဲ။
အိပ်ခံနီးဖြစ်တာ ကြောင့် အိပ်ချင်မူးတူးနဲ့မလို့စိတ်မရှည်တာကတစ်ကြောင်း နားချင်စိတ်များနေတာကတစ်ကြောင်းရယ်ကြောင့်ထင်ထားတာထက်ပိုပြီးပြဿနာတွေဖြစ်ပြီးရန်ပိုပွားနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ်ကပြောချင်တာပြောပြီးအိပ်ပျော်သွားတဲ့အခါမျိုးမှာလည်း တစ်ဖက်လူကတစ်ညလုံးနာကျင်ခံစာရစေသလို၊ကိုယ်တိုင်များနာကျင်ခံစားရရင်လည်းတစ်ညလုံးမပြီးနိုင်မစီးနိင် ရင်ထဲ တနုတ်နုတ်နဲ့ နေရခက်နေမှာ အသေချာပါပဲ။
တစ်ခြားသူနဲ့ရန်ဖြစ်တာထက် ကိုယ့်ချစ်သူကြောင့်နာကျင်ရတဲ့အခါ ပိုပြီးရင်ထဲ ပူလောင်နာကျင်ရပါတယ်။ဒီပူလောင်မှုကြောင့်ကောင်းကောင်းလည်းအိပ်မပျော်သလို အိပ်ပျော်ပြန်ရင်လည်း စိတ်အေးလက်သာ အိပ်စက်ခြင်းမျိုးမဟုတ်တာ ကြောင့် စိတ်မသက်မသာနဲ့အိပ်နေရမှာပါ။ စိတ်ပိုင်းဆိုင်ရာနာကျင်ခံစားသွားရပြီးအိပ်စက်ခြင်းဟာ စိတ်ကျန်းမာရေးတင်မကပဲ နှလုံးကျန်းမာရေးနဲ့ဦးနှောက်ကျန်း
မာရေးကိုပါထိခိုက်နိုင်စေပါတယ်။
ဒါကြောင့် ညအိပ်ယာဝင်ခံနီးမှာ ကြည်ကြည်နူးနူးစကားလေးတွေနဲ့သာ တစ်ယောက်ကိုတစ်ယောက်အိပ်ယာဝင်အောင်လုပ်ပေးနိုင်ပါစေ။ တကယ်လို့များစကားများရန်ဖြစ်ခဲ့ရင်လည်းအချင်းချင်းလျော့ပေးရင်းနဲ့ မနက်မှသာအေးအေးဆေးဆေးဖြေရှင်းပါ။ ကိုယ်ကတော့စိတ်သက်သာရာရသွားပြီအိပ်မှာပဲဆိုတာ မျိုး တစ်ကိုယ်ကောင်းမဆန်ပဲ တစ်ဖက်လူကို လည်းစိတ်ရှင်းရှင်းနဲ့ ကောင်းကောင်းအိပ်ပျော်အောင် ချော့မော့ပြောဆိုပါ။
ချစ်သူနဲ့ရန်ဖြစ်စကားများတာဟာစိတ်ညစ်စရာဆိုပင်မဲ့ ညအိပ်ခံနီးရန်ဖြစ်တာက မှပိုပြီးထိခိုက်မှုများစေတာမလို့ ကိုယ့်ချစ်ရသူကို တဒင်္ဂခံစားချက်တွေကြောင့်အိပ်မရပဲ စိတ်ပင်ပန်းနေတာမျိုးအဖြစ်မခံပါနဲ့…ကြာရင် ဦးနှောက်၊ နှလုံးနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်သလို သင်တို့ အချစ်ရေးကြီးလည်းယိုးယွင်းလာနိုင်ပါတယ်။
Credit:trend.com


