“မသိသူကျော်သွား သိသူဖော်စား ၁ ဂရန်ကို ဒေါ်လာ ၁၀၀ တန်တဲ့ ဗန်ဒါရွက်ရဲ့ သဘာဝကပေးတဲ့ ဆေး..”
မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့ စကားဟာ စကားပုံမဟုတ်ပါဘူး ဒီနေ့မိသားစုတို့ကို ပြောပြချင်တဲ့ဆေးနည်းက ဗန်ဒါရွက် အစွမ်းထက်ပုံအကြောင်းပါ ဗန်ဒါ(ဗာဒံ)ရွက် ဗာဒံသီး ဟာ မြေပြန့်ဒေသ ပူအိုက်တဲ့ရာသီဥတုအတွက်တော့ မြန်မြန်နဲ့ လွယ်လွယ်အရိပ်ရလို့ တချို့ ကမိမိအိမ်ခြံဝင်းမှာ အရိပ်ရအောင် စိုက်ကြတယ် နေရာတိုင်းမှာလည်း အလေ့ကျ ပေါက်ပါတယ် သို့သော် ဗန်ဒါပင်ရဲ့အစွမ်းကိုတော့ သိသူနည်းပါးပါတယ်
ဗန်ဒါ ရွက်(ယခုပုံ)မှာပြထားတဲ့အတိုင်း ဗန်ဒါရွက်အရင့့်ကို ၃ခွက်၁ခွက်တင်ကျို ပီးသောက်ပေးခြင်းဖြင့် အစာအိမ်လေနာ၊အစာအိမ်အောင့်၊အစာအဆိပ်သင့်၊ဝမ်းဖောဝမ်းရောင်၊ကိုက်ခဲနာကျင်တာတွေလက်တွေ့ပျောက်တဲ့ဆေးပါ
ဆန်ပြုတ်ကျို သောက်နေရသူ အစာအိမ်သမားတွေအတွက် သဘာဝကပေးတဲ့ဆေးဖြစ်တယ် ဆီးဝမ်းသွေးလေ မကွဲအထက်လေဆန်ဖြစ်နေရင် ကျို သောက် ပျောက်တဲ့ဆေးလည်း ဖြစ်တယ်တချို့ က ဗန်ဒါ ရွက်ကို နေရိပ်မှာ လှန်းပီးအမှုန့်လုပ်ပီး လျက်ဆားလျက်သလို စားကြပါတယ်
အမှုန့်လုပ်သောက်နိုင်ရင်ပိုကောင်းတယ် ကျ နော် အရင်က အစာအိမ်ရောဂါဝေဒနာကို အလူးအလိမ့် ခံစားခဲ့ရတယ် ဆန်ပြုတ်ကို လချီသောက်ရတယ် ဆန်ပြုတ်သောက်တိုင်း မျက်ရည်ကျခဲ့ရတယ် ဆေးရုံမှာ၁လကျော်၂လနီးပါး တက်ရောက်ကုသဖူးတယ် စိတ်ဓာတ်တွေလည်း ကျခဲ့တယ် ငါ ဒီရောဂါနဲ့သေရတော့မယ်ဆိုတဲ့အသိနဲ့ပါ
သေမယ့်သေရင်တောင် ကိုယ်စားချင်တာစားပီး သေချင်တယ် ကျနော်စိတ်ညစ်ညစ်နဲ့ ဖုန်းကြည့်တယ် အစာအိမ်နဲ့ ပတ်သက်ပီး ဆေးတော့ရှိရမယ်ပေါ့ဗျာ လိုင်းပေါ်ရှာတယ် ကံကောင်းလို့ထောက်မ စွာနဲ့ ဗန်ဒါရွက်ရဲ့အစွမ်းသတ္တိကိုမြည်းစမ်းခွင့်ရခဲ့တယ် ချက်ချင်း ပဲလိုက်ရှာခူးတယ် အပင်ကမဝေးပါဘူး ကိုယ့်အနီးအးနာမှာပဲ အဆင်သင့်ရှိနေခဲ့တယ်
၁၀ရွက်လောက် ကျို သောက်လိုက်တယ်ဆိုရင်ပဲ နာကျင်ကိုက်ခဲနေတာတွေတဖြည်းဖြည်းသက်သာလာတယ်အချိန် ၁၀မိနစ်ပါပဲ သောက်ပီးမကြာဘူးဗိုကိဆာလာတယ် ကြာဇံဟင်းခါး ၂ပွဲဆက်တိုက်သောက်လိုက်တယ် ဗန်ဒါ၇ွက်ပြုတ်ထပ်သောက်တယ်
ထမင်းစားတယ် ယူပစ်လိုက်သလိုပဲ လုံးဝကောင်းသွားတယ် ဘာမှစားလို့ မရတဲ့လူက စားချင်တာစားလို့ရသွားပီ အခုလည်းအိမ်ကသမီး ကျောက်ကပ်ရောင်လို့ဗိုက်ကြီးဖောင်းကားနေတာ ဗန်ဒါ ရွက်၂ရက် တနေ့၂ခွက်ပဲတိုက်လိုက်တယ်
ဒီနေ့၃ရက်မြှောက်နေ့မှာပဲ ဗိုက်ကြီးဖောင်းကားနေတာ လုံးဝလျော့သွားလို့ သမီးလည်းသက်တောင့်သက်သာဖြစ်ပီး အရမ်းပျော်နေပါတယ် ဒူးနာခါးနာတွေအတွက် အရွက်မနုမရင့်ကို မီးနဲနဲပြပီး စည်းထားကြပ်ထုတ်ထိုးထားပေး၇င်လည်း သက်သာပျောက်ကင်းပါတယ်
ဗန်ဒါစေ့ကတော့ နှလုံး ဆီးချို သွေးချို ရောဂါသည်တွေအတွက် အထူးကောင်းလို့ စားပေးသင့်ပါတယ် ဗန်ဒါစေ့ကို အနောက်နိုင်ငံတွေမှာ ဧည့်ခံပွဲတွေမှာ အထူးဟင်းလျာအဖြစ် တည်ခင်းပါတယ် ချော့ကလက် ထဲမှာ ထည့်သွင်းရောင်းချတယ် ၁ဂရန်ကို ၁၀၀ဒေါ်လာနဲ့ရောင်းချနေကြတယ်
သိတဲ့သူက ဗန်ဒါစေ့ကို ထုခွဲစားရင်လည်း အမေးအမြန်းမရှိတန်းပီးကဲ့ရဲ့အပြစ်တင်တာတွေရှိတယ် ကျနော်တို့မြန်မာပြည်မှာတော့ပေါပေါရလို့ရောင်းချသူမပြောနဲ့စားသုံးသူတောင်မရှိဘူးး ဟုတ်ကဲ့ ပါ စာလည်းရှည်သွားပီ အပိုတွေလည်းပြောမိသွားပီ စာကိုဆုံးအောင်ဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ
Credit-Phyo Wai Thant