အရင်က အရမ်းအနှိမ်ခံ ခဲ့ရဖူးတယ်လို့ပြောတဲ့ ညိုမီမီထွန်း
အရင်က အရမ်းအနှိမ်ခံ ခဲ့ရဖူးတယ်လို့ပြောတဲ့ ညိုမီမီထွန်း
ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ The Voice Myanmar Season 2 ကတော့ နောက်ဆုံးအချိန် တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဖြစ်သလို
ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ပမာဏကလည်း နည်းသထက်နည်းလာပါပြီ။ ပြီးခဲ့တဲ့ တနင်္ဂနွေညကတော့ The Voice Myanmar ရဲ့
ပထမဆုံး Live Section မှာ Team nini နဲ့ Team Kp တို့က ပြိုင်ပွဲ၈ဦး သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။
အဲ့ဒီလိုသီဆိုယှဉ်ပြိုင်သွားတဲ့အထဲကမှTeam တစ်ခုကို နှစ်ယောက်သာ ဆက်လက်ယှဉ်ပြိုင်ခွင့်ရတော့မှာဖြစ်ပါတယ်။
အခုကျနော် တို့ပြောချင်လွန်းလို့ မိတ်ဆွေတွေကို တင်ဆက်ပေးချင်တာကတော့ Team Kpအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့
ညိုမီမီထွန်းနဲ့ Cele Gabar နဲ့အင်တာဗျူးတစ်ခုမှာပြောဖြစ်ခဲ့တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။
ညိုမီမီထွန်းကတော့The Voice ကသူရဲ့ပထမဆုံးပြိုင်ပွဲဝင်ခဲ့တဲ့အဆိုပြိင်ပွဲ တစ်ခုမဟုတ်ပါဘူး ။
သူကအရင် ကြယ်လေးတွေရဲ့ကမ္ဘာ ၊ဂီတတံခါးလေးဖွင့်ပါဦး စတဲ့အဆိုပြိုင်ပွဲတွေမှာ လည်းဝင်ရောက်
ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ အခုThe Voice မှာဝင်ရောက် ယှဉ်ပြိုင်ချိန်မှာတော့
Blind Audition မှာကတည်းက Coach လေးယောက်လုံးကို လှည့်ကြည့်လာအောင် သီဆိုနိုင်ခဲ့ပါတယ်။
အခုဆိုရင် ပါရမီနဲ့အရည်အချင်းရယ် Coachကျားပေါက်ရဲ့ လမ်းညွှန်ပေးမှုရယ်ကြောင့် အခုဆိုရင်တော့ Live Section ထိအောင်ရောက်ရှိလာခဲ့ပါပြီ
။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက တေးရေး ရယ်ဂျီရေးသားပြီး လေးဖြူသီဆိုထားတဲ့ ငါ့ရဲ့လမင်းသီချင်းကို သီဆိုချိန်မှာ မျက်ရည်ကျမိတဲ့ အကြောင်းကို ညိုမီမီထွန်းက ပြောပြ အခုလိုပြောပြသွားခဲ့ပါတယ်။
ညိုမီမီထွန်းက “ Heart ထိအောင်တမင်လုပ်ယူတာတော့မဟုတ်ပါဘူး ညိုမီ့ရဲ့ခံစားချက်နဲ့ကိုက်ညီတာသွားပါတယ်။ အရင်တုန်းကဆိုရင်
ညိုမီကအမြဲတမ်းအနှိမ်ခံရတယ်။ The Voice မတိုင်ခင်ကဆိုရင် ဘယ်သူမှမသိဘူးပေါ့။ The Voice က ညိုမီအတွက်ကတော့ တကယ့်ငွေလမင်းပါပဲ ။ နောက် Fan တွေကြောင့်ပေါ့ ။
The Voice ကြောင့်အဲ့ဒီFan တွေကိုတွေ့တာ လုံးဝဘယ်သူနဲ့မှ အစားမထိုးနိုင်ဘူး ။ အရမ်းချစ်တယ် သူတို့ကိုတွေ့လိုက်တော့ Group ဆိုကတည်းက
ငိုတောင်ငိုချင်သွားတာ ဒီလောက်အားပေးမယ ထင်မထားဘူးပေါ့။ ယုံကြည်မှုဆိုတာကတော့ ပရိသတ်တွေပေါ်မှာပဲ မူတည်တယ်။ ဘာမှမျှော်လင့်မထားဘူး”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
ခရက်ဒစ် Nanmalကြီး





