မီးျဖတ္ခ်ိန္မဟုတ္ဘဲ ျပတ္ေတာက္၍ လႊတ္ေတာ္အမတ္က လွ်ပ္စစ္ဒုဝန္ႀကီးထံ တိုက္႐ိုက္တိုင္ၾကား…!
ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအးႏိုင္က လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိ ယဝန္ႀကီး ေဒါက္တာထြန္းႏိုင္ထံ တိုက္႐ိုက္ တုိင္ၾကားစာေပးပို႔ခဲ့ သည္။ဒဂံုၿမိဳ႕သစ္ ( ေတာင္ပိုင္း) ၿမိဳ႕နယ္သည္ ရန္ကုန္ၿမိိဳ႕၏ အျခားၿမိဳ႕နယ္မ်ားနည္းတူ လွ်ပ္စစ္မီး ျဖတ္ခ်ိန္၊ လာခ်ိန္ ဇယားေပးထား ေသာ္လည္း မီးျဖတ္ခ်ိန္တြင္ အ ျပည့္အဝျဖတ္ၿပီး မီးလာခ်ိန္၌ မၾကာခဏ
ျပတ္ေတာက္သျဖင့္ ယင္းသည္ ျပည္သူက အစိုးရအေပၚယံုၾကည္မႈ ပ်က္ေစႏုိင္ေၾကာင္းဦးေအးႏိုင္၏ တုိင္ၾကားစာတြင္ ေဖာ္ျပသည္။‘မီးျဖတ္ျဖတ္ခ်တဲ့ ကိစၥေတြ ကို စိစစ္ေပးဖို႔ ဒုဝန္ႀကီးကို ေျပာ ခဲ့တယ္။ နည္းဥပေဒမွန္တယ္ဆုိ ရင္ေတာ့ ရွိပါေစ။ သီးျခားျဖတ္ခ် တဲ့ပံုစံမ်ိဳးဆိုရင္ အေရးယူေပးပါဆုိၿပီး တုိင္ၾကားစာေပးလိုက္တယ္။ နည္းဥပေဒ လုပ္ထံုးလုပ္နည္းနဲ႔ညီရင္ လက္ခံပါတယ္။မညီရင္ အေရးယူေပးဖို႔ေပါ့’’ဟု ဦးေအးႏိုင္က ဆုိသည္။
ဦးေအးႏုိင္က ေမလ ၂၀ ရက္တြင္ က်င္းပေသာ ျပည္ ေထာင္စုလႊတ္ေတာ္အစည္းအ ေဝး ေခတၱရပ္နားခ်ိန္၌ ျပည္ ေထာင္စုအဆင့္ အဖြဲ႕အစည္းဝင္ မ်ား၏ သတ္မွတ္ေနရာသို႔ သြားေရာက္၍ ေဒါက္တာထြန္းႏိုင္ထံ တုိင္ၾကားျခင္းျဖစ္သည္။ေမလကစတင္ကာ ရန္ကုန္ ၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အား မလံု ေလာက္၍ ၿမိဳ႕နယ္အားလံုးသို႔အလွည့္က်စနစ္ျဖင့္ မီးေပးေဝေန ကာမီးလာသည့္အခ်ိန္၊ မီးျပတ္ေတာက္မည့္အခ်ိန္မ်ားကို ထုတ္ျပန္ထားသည္။ သို႔ေသာ္ လွ်ပ္စစ္မီးလာခ်ိန္ မမွန္၍ ျပည္သူမ်ားက ေဝဖန္မႈမ်ား ရွိေနသည္။
Credit 7DaysDaily
Unicode
ပည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဒေါက်တာထွန်းနိုင်ထံ တိုက်ရိုက် တိုင်ကြားစာပေးပို့ခဲ့ သည်။ဒဂုံမြို့သစ် ( တောင်ပိုင်း) မြို့နယ်သည် ရန်ကုန်မြိို့၏ အခြားမြို့နယ်များနည်းတူ လျှပ်စစ်မီး ဖြတ်ချိန်၊ လာချိန် ဇယားပေးထား သော်လည်း မီးဖြတ်ချိန်တွင် အ ပြည့်အဝဖြတ်ပြီး မီးလာချိန်၌ မကြာခဏ
ပြတ်တောက်သဖြင့် ယင်းသည် ပြည်သူက အစိုးရအပေါ်ယုံကြည်မှု ပျက်စေနိုင်ကြောင်းဦးအေးနိုင်၏ တိုင်ကြားစာတွင် ဖော်ပြသည်။‘မီးဖြတ်ဖြတ်ချတဲ့ ကိစ္စတွေ ကို စိစစ်ပေးဖို့
ဒုဝန်ကြီးကို ပြော ခဲ့တယ်။ နည်းဥပဒေမှန်တယ်ဆို ရင်တော့ ရှိပါစေ။ သီးခြားဖြတ်ချ တဲ့ပုံစံမျိုးဆိုရင် အရေးယူပေးပါဆိုပြီး တိုင်ကြားစာပေးလိုက်တယ်။ နည်းဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ညီရင် လက်ခံပါတယ်။မညီရင် အရေးယူပေးဖို့ပေါ့’’ဟု ဦးအေးနိုင်က ဆိုသည်။
ဦးအေးနိုင်က မေလ ၂၀ ရက်တွင် ကျင်းပသော ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေး ခေတ္တရပ်နားချိန်၌ ပြည် ထောင်စုအဆင့် အဖွဲ့အစည်းဝင် များ၏ သတ်မှတ်နေရာသို့ သွား ရောက်၍ ဒေါက်တာထွန်းနိုင်ထံ တိုင်ကြားခြင်းဖြစ်သည်။မေလကစတင်ကာ ရန်ကုန် မြို့တွင် လျှပ်စစ်ဓာတ်အား မလုံ လောက်၍ မြို့နယ်အားလုံးသို့အလှည့်ကျစနစ်ဖြင့် မီးပေးဝေနေ ကာ မီးလာသည့်အချိန်၊ မီးပြတ်တောက်မည့်အချိန်များကို ထုတ်ပြန်ထားသည်။ သို့သော် လျှပ်စစ်မီးလာချိန် မမှန်၍ ပြည်သူများက ဝေဖန်မှုများ ရှိနေသည်။
Credit 7DaysDaily


