မွန်မြတ်လွန်းတဲ့ အလှူတခုကို ချစ်ဇနီးလေးနဲ့အတူ အကောင်ထည်ဖော်လိုက်တဲ့ လူမင်း




ပြည်သူ့အချစ်တော် မင်းသားကြီး လူမင်းကတော့ ဆယ်စုနှစ်တွေ များစွာကို အောင်မြင်စွာ ဖြတ်သန်းလာပြီး လက်ရှိချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ မင်းသားတယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိချိန်ထိလည်း အရွယ်တင်နုပျိုနေပြီး လူငယ်တွေနဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ မင်းသားတလက်လည်း ဖြစ်ပါတယ်။ ထို့နောက် လူငယ်သရုပ်ဆောင်တွေကိုလည်း အမြဲတမ်းလက်တွဲခေါ်တတ်တဲ့ မင်းသားကြီး တလက်ဖြစ်ပြီး အနုပညာရှင်တွေ စံထားရလောက်တဲ့ မင်းသားတယောက်လည်း ဖြစ်ပါတယ်။

လူမင်းကတော့ အနုပညာဖက်မှာတင် စံထားရလောက်တဲ့ လူမျိုးမဟုတ်ပါဘူး။ ပြင်ပလောကမှာလည်း အလှူအတန်း ရက်ရောတဲ့ မင်းသားတယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ဇနီး ၃၅ နှစ်ပြည့်မွေးနေ့မှာ ဇနီးနဲ့ အတူတူသွေးလှူခဲ့ပြီး ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။ သွေးလှူတဲ့ အလုပ်ကတော့ မွန်မြတ်တယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ဒီလိုမျိုးမွန်မြတ်တဲ့ အလှူတခုကိုတော့ လူမင်းက ဇနီးချောနဲ့ တူတူအကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။


လူမင်းကတော့ သူ့ရဲ့ဇနီးလေးနဲ့ သွေးလှူခဲ့တဲ့ အလှူလေးကိုတော့ “၃၅နှစ်ပြည့်မွေးနေ့မှာ မနက် အမေနဲ့အတူအာရုံ ဆွမ်းလောင်းအမေ့ကိုကန်တော့ သွေးလှူ(ကလေး၂ယောက်ကဖျား) သတိရမွေးနေ့ဆုတောင်းပေးကြသူတွေရော အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီးတော့ ဓါတ်ပုံလေးတွေနဲ့ တကွတင်ထားတာ ဖြစ်ပါတယ်။


ဒီပုံလေးတွေနဲ့ လူမင်းရဲ့ အလှူလေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပြီး ချီးကျုးမှုတွေ အများအပြားခံခဲ့ရတာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း မင်းသားကြီး လူမင်းကို အားပေးတဲ့သူတွေ ရှိကြလား။ လူမင်းကတော့ တကယ့်ကို အားကျစရာကောင်းတဲ့ မိသားစုလေးပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။



Recent Updates

Recent Posts Widget